ၾကားသိရသမွ်

တကယ်ကိုကျွန်တော်တို့ ပြည်သူတွေညီပါပေ့ဗျာ… မနက်က အိမ်ကယောင်းမနဲ့ အမရေ CRPH အလှူငွေတွေတရိပ်ရိပ် တတ်လာတာကျွတ်ဆင်ကြီးလို့ ပြောနေတုံး ရပ်ကွက်ထဲက မသီတာဆိုတဲ့အမက အိမ်ထဲဝင်လာပြီး

တကယ်ကိုကျွန်တော်တို့ ပြည်သူတွေညီပါပေ့ဗျာ…😓

မနက်က အိမ်ကယောင်းမနဲ့ အမရေ CRPH အလှူငွေတွေတရိပ်ရိပ်

တတ်လာတာကျွတ်ဆင်ကြီးလို့ ပြောနေတုံး ရပ်ကွက်ထဲက မသီတာဆိုတဲ့အမက အိမ်ထဲဝင်လာပြီး

ဘာတွေတတ်နေတာတုံးတဲ့ အဲ့ဒါနဲ့ ကိုယ်သိသလောက်ပြောပြပြီး

$နဲ့လှူရတာလို့ $မရှိတဲ့ သူတွေ Visa card မရှိတဲ့သူတွေကျ ယုံကြည်ရတဲ့သူတွေကို wave တို့ K pay တို့ကနေတဆင့်

ကိုယ်နိုင်သလောက်လှူလို့ရတယ်ပေါ့ ပြောပြဖစ်ရင်း မသီတာ ဘာကိစ္စ ရှိလို့လဲမေးတော့ယောင်းမကို

ဆီလေးငါးကျပ်သားလောက် ပေးပါလားတဲ့ ဘာလုပ်ဖို့လဲ မေးတော့

ကလေးတွေဆီနဲ့ဆားနဲ့ကျွေးမလို့တဲ့ အဲ့ဒါနဲ့ထမင်းကရောချက်ပြီးပလား

မေးတော့ ဆီတော့ရပီ ဆန်ကတော့ရှာလိုက်အုံးမယ်တဲ့ ယောင်းမကရှာမနေနဲ့တော့ ဒီကပဲယူသွားဆိုပီးထဲ့ပေးလိုက်ရော….

ခုညနေငါးနာရီလောက်ကျတော့ တခေါက်အိမ်ထပ်လာတယ်

ရင်ဘတ်ကြားထဲက 1000 တန်လေးတစ်ရွက်ရယ် 500တန်လေးတစ်ရွက်ရယ် 200တန်လေး နှစ်ရွက် 50 တန်လေးတစ်ရွက်နဲ့ မနက်က နင်တို့သမီးယောင်းမပြောနေတဲ့ဟာကိုလှူပေးပါလားတဲ့😢

ဟယ်..မကြီးသီတာမှာပိုက်ဆံပိုလို့လား ကလေးတွေဟင်းချက်ကျွေးလိုက်လေ

ပြောတော့ အိမ်ရှေ့ဘုန်းကြီးကျောင်းက ထမင်းတွေဟင်းတွေခေါ်ပေးတယ်တဲ့

လှူချင်လွန်းလို့ သူများကို စျေးသွားပေးလို့ရတဲ့မုန့်ဖိုးရယ် 2လုံးပေါက်တဲ့သူကပေးတဲ့မုန့်ဖိုး

လေးရယ်နဲ့လာပေးတာ အဲ့ဒါကြောင့် ဒါလေးသာမြန်မြန် လှူပေးစမ်းပါအေတဲ့🥺

သူဆိုတာက အဆောင်အခန်းကျဉ်းလေးထဲ မိသားစု ငါးယောက်နဲ့နေရတာ

ယောက်ကျားဖြစ်သူအလုပ်ကြမ်းသမား ခေတ်ကာလကြောင့် အလုပ်တွေကနားထားရတော့ သူတစ်ယောက်ပဲဝင်ငွေရှိတယ်

ဒါတောင်မှ ရပ်ကွက်ထဲခေါ်ခိုင်းတဲ့သူတွေပေးတဲ့မုန့်ဖိုးလေးရယ်

ကလေးတွေကိုသနားလို့ပေးတဲ့ဟာလေးတွေနဲ့စားနေရတာ

အဆောင်လစာဆိုလဲခွဲခွဲပေးနေရတဲ့

သူမျိုးဒီလိုလူတွေကအစ စားစရာမရှိရင်နေ တစ်ရက်နဲ့ ငတ်မသေဘူးဆိုပြီးမျှော်လင့်ချက်တွေနဲ့ တတ်ကြွနေကြတာ….။

ရောင်နီလာတော့မှာပါ

သေချာတယ်ဒီအရေးတော်ပုံမှာငါတို့ပဲနိုင်မှာ

Edit: အဲ့ဒီ အမရဲ့နာမည်အရင်းကိုသုံးမိလို့အမည်လွှဲလေးပြန်တင်ပါရစေ ပထမတော့ ရိုးရိုးတင်ပေမဲ့ခုလိုလာလှူကြတဲ့အခါသူဝမ်းသာမှာအမှန်ပါဒါပေမဲ့စိတ်မကောင်းဖြစ်ပီးဝမ်းနည်း​နေမလား လို့တွေးမိလို့ပါရှင့်…. ။