ပြည် သူ တွေ အဆင်ပြေစေရန် wifi တပ်ဆင်ပေးထားခဲ့တဲ့ သံဃာတော်များ
မင်္ဂလာပါ ယခုတင်ဆက် ပေးသွားမှာကတော့ ပြည် သူ တွေ မျက်စိပွင့် နားစွင့်စေဖို့ရာ သံဃာတော် များမှ wifi တပ်ဆင်ပေးပြီး pw ပါ တစ်ပါတည်း ဖော်ပြပေးပြီးရပ်ကွက်ထဲရှိ တိုင်လုံးတွေပေါ်မှာ စာရွက်လေးတွေ လိုက်ကပ်ပေးတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။
အခု အချိန် ကာလဟာ ပြည် သူ တွေအားလုံး အင်တာနက်ဖြတ်တောက် ခံထားရတာပါ။ ဒါ့အပြင် ရန်ကုန် မြို့ကြီးမှာဆို wifi တွေပါ ဖြတ်တောက်ခံထား ရပါသေးတယ်။ အကုန်လုံးကို အမှောင်ချထားတာကြောင့် မြို့နယ် အသီးသီးမှာ ဖြစ်ပျက်နေကြတဲ့သတင်းတွေကို ဘာဆိုဘာမှ မသိရှိရပါဘူး။
ဒီလိုမျိုး မဖြစ်ရလေအောင် သံဃာတော်များမှ wifi ကို free သုံးခွင့်ရှိအောင် ပြုလုပ်ပေးခဲ့ပါတယ်။ ရပ်ကွက်ရဲ့ လမ်းမပေါ်မှာ
wifi free ဆိုတဲ့ စာလေးကပ်ပြီး pw ကိုပါ တစ်ခါတည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် wifi က ၂ လုံးတောင် တပ်ဆင်ပေးထားတာပါ။
ရပ်ကွက်နေပြည် သူ တွေ အတွက် အဆင်ပြေစေရန် မျက်စိများ ပွင့်စေရန်အတွက် တပ်ဆင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို သံဃာတော်တွေကို မလေးစားပဲ မကြည်ညိုပဲ မနေနိုင်တော့ပါဘူးဗျာ။
သံဃာတော် တွေလည်း တတ်နိုင်တဲ့ဘက်ကနေ ပြည် သူ တွေ အဆင်ပြေစေရန် အမျိုးမျိုး တတ်နိုင်သလောက် ပါဝင် ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးလေး ရပ်ကွက်တိုင်းက သံဃာတော်တွေပြုလုပ်ပေးကြရင် ကောင်းမှာပဲ လို့လဲ တွေ့မိတယ်။
ဒီအချိန်မှာ ပိုက်ဆံရှိနေရင်တောင် လူဝတ်တွေမို့ wifi စက် ဝယ်ဖို့က လုံးဝမဖြစ်နိုင်ပါဘူး။ သူတို့ဘက်က မဲမဲမြင်ရာ အကုန် ပစ် တာမို့
ငွေကြေးရှိနေရင်တောင် ကိုယ်တိုင်သွားဝယ်ဖို့က လုံးဝကို အဆင်မပြေပါဘူး။ ဖတ်ရှု့အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပြီး မြန် မာ နိုင် ငံ ကြီး လည်း အမြန်ဆုံး အေးချမ်းပါစေဗျာ။
Credit: