ရင့်ကျက်စွာ ချစ်တတ်သူတွေရဲ့ အချစ်အပေါ် ထားရှိတဲ့ ခံစားမှု
အရွယ်ရောက် လာတဲ့သူတိုင်း အချစ်ကို ခံစားကြရတာပါပဲ။ ဒါပေမယ့်လည်း အချစ်ကို ခံစားကြတဲ့ပုံစံ၊ ပြုမူတန်ဖိုး ထားတဲ့ ပုံစံတွေ မတူကြပါဘရင့် ကျက်တဲ့သူတွေကတော့ သူတို့ အချစ်ရေးကို ဒီလိုပဲ တွေးတတ်ကြပါတယ်။
(၁)မချုပ်ချယ်တတ်ဘူး
ချစ်တဲ့ သူတိုင်း သဝန်တိုမိ တတ်ပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲ အနေနဲ့လိုက်ချုပ်ချယ် တာမျိုးကို ရင့်ကျက် သူတွေက မလုပ်ကြပါဘူး။ သူတို့ကတော့ ချစ်သူက ချုပ်ချယ်ခံ ထားရသလို မခံစားရစေဖို့ ပြုလုပ် တတ်ကြ ပါတယ်။ အချစ်ဆိုတာချုပ်ချယ်မှ ဖြစ်တာ မဟုတ်ဘူးလို့လည်း တွေးကြပါတယ်။
(၂) ချစ်လိုက်တယ်
သူတို့ကတော့ ချစ်တတ်ကြသူတွေပါပဲ။သူတို့ဘက်က အချစ်တွေ ပြဖို့ဝန်မလေးသူတွေပါ။ရင့်ကျက်တဲ့သူတွေက သဲသဲလှုပ်ချစ်ပြတာမျိုး မဟုတ်ပေမယ့် သူတို့ရဲ့အချစ်တွေကို မြင်နိုင်ပါယ်။မချစ်ဟန်ဆောင် တာမျိုးလည်း သူတို့ကမလုပ်တတ်ကြပါဘူး။အချစ်ဆိုတဲ့ ခံစားချက်ကို ဖုံးကွယ်ဖို့ မလိုအပ်သ၍ သူတို့ချစ်ပေးနိုင်ကြပါတယ်။
(၃) ကိုယ့်စိတ် အေးချမ်းဖို့လည်း တွေးတယ်
အချစ်ကြောင့်ပူလောင်ရတာမျိုး သူတို့မှာ မရှိကြပါဘူး။ကိုယ်ချစ် တဲ့သူကို အတ္တကြီးစွာ ပိုင်ဆိုင်ချင်ကြတာမျိုးလည်း သူတို့မှာမရှိပါဘူး။သူတို့တွေက ကိုယ့်ကိုလည်း ချစ်ပြီး ကိုယ်ကလည်း ချစ်ရတဲ့ ချစ်ခြင်းကို တည်ဆောက်ချင်ကြတာပါ။တစ်ဖက်သတ် အတင်းအကြပ် မလုပ်တတ်ကြပါဘူး။မချစ်တော့ရင်လည်း လက်ခံလိုက်တတ်ကြပါတယ်။
(၄) သူ့ထိုက်နဲ့ သူ့ကံပဲ
အချစ်ဆိုတာ အချစ်စိတ်ရှိမှ ဖြစ်တာကို သူတို့က လက်ခံကြပါတယ်။ကိုယ့်ကို ချစ်တာကို ပျော်ရွှင်သလို မချစ်တော့ ရင်လည်း ဝမ်းနည်းစွာ လက်ခံတတ်ကြပါတယ်။အရာရာကံ တရားပဲပေါ့လို့ တွေးပြီး ချစ်သူကို ချုပ်နှောင် မထားတတ်ကြ ပါဘူး။
(၅) တည်ငြိမ်တယ်
အချစ်မှာ ချစ်ဖို့ပဲ လိုတယ်ဆိုပြီး သဲသဲ မလှုပ်တာ သူတို့ပါ။ ချစ်သူ လိုအပ်တာကို ဖြည့်ဆည်းပေး တတ်ပြီး သူငယ်ချင်းလို မိသားစုလို ချစ်သူလို ဂရုစိုက်ပေး တတ်ကြပါတယ်။privacy ကိုလည်း နားလည်ပေးပြီး သူ့လွတ် လပ်မှုနဲ့သူ နေတတ်ကြတာ ရင့်ကျက်သူကြီးတွေ ပါပဲနော်။

Kham Credit
Zawgyi
ရင့္က်က္စြာ ခ်စ္တတ္သူေတြရဲ႕ အခ်စ္အေပၚ ထားရွိတဲ့ ခံစားမႈ
အ႐ြယ္ေရာက္ လာတဲ့သူတိုင္း အခ်စ္ကို ခံစားၾကရတာပါပဲ။ ဒါေပမယ့္လည္း အခ်စ္ကို ခံစားၾကတဲ့ပုံစံ၊ ျပဳမူတန္ဖိုး ထားတဲ့ ပုံစံေတြ မတူၾကပါဘရင့္ က်က္တဲ့သူေတြကေတာ့ သူတို႔ အခ်စ္ေရးကို ဒီလိုပဲ ေတြးတတ္ၾကပါတယ္။
(၁)မခ်ဳပ္ခ်ယ္တတ္ဘူး
ခ်စ္တဲ့ သူတိုင္း သဝန္တိုမိ တတ္ပါတယ္။ ဒါေပမယ့္ ေနာက္ဆက္တြဲ အေနနဲ႕လိုက္ခ်ဳပ္ခ်ယ္ တာမ်ိဳးကို ရင့္က်က္ သူေတြက မလုပ္ၾကပါဘူး။ သူတို႔ကေတာ့ ခ်စ္သူက ခ်ဳပ္ခ်ယ္ခံ ထားရသလို မခံစားရေစဖို႔ ျပဳလုပ္ တတ္ၾက ပါတယ္။ အခ်စ္ဆိုတာခ်ဳပ္ခ်ယ္မွ ျဖစ္တာ မဟုတ္ဘူးလို႔လည္း ေတြးၾကပါတယ္။
(၂) ခ်စ္လိုက္တယ္
သူတို႔ကေတာ့ ခ်စ္တတ္ၾကသူေတြပါပဲ။သူတို႔ဘက္က အခ်စ္ေတြ ျပဖို႔ဝန္မေလးသူေတြပါ။ရင့္က်က္တဲ့သူေတြက သဲသဲလႈပ္ခ်စ္ျပတာမ်ိဳး မဟုတ္ေပမယ့္ သူတို႔ရဲ႕အခ်စ္ေတြကို ျမင္နိုင္ပါယ္။မခ်စ္ဟန္ေဆာင္ တာမ်ိဳးလည္း သူတို႔ကမလုပ္တတ္ၾကပါဘူး။အခ်စ္ဆိုတဲ့ ခံစားခ်က္ကို ဖုံးကြယ္ဖို႔ မလိုအပ္သ၍ သူတို႔ခ်စ္ေပးနိုင္ၾကပါတယ္။
(၃) ကိုယ့္စိတ္ ေအးခ်မ္းဖို႔လည္း ေတြးတယ္
အခ်စ္ေၾကာင့္ပူေလာင္ရတာမ်ိဳး သူတို႔မွာ မရွိၾကပါဘူး။ကိုယ္ခ်စ္ တဲ့သူကို အတၱႀကီးစြာ ပိုင္ဆိုင္ခ်င္ၾကတာမ်ိဳးလည္း သူတို႔မွာမရွိပါဘူး။သူတို႔ေတြက ကိုယ့္ကိုလည္း ခ်စ္ၿပီး ကိုယ္ကလည္း ခ်စ္ရတဲ့ ခ်စ္ျခင္းကို တည္ေဆာက္ခ်င္ၾကတာပါ။တစ္ဖက္သတ္ အတင္းအၾကပ္ မလုပ္တတ္ၾကပါဘူး။မခ်စ္ေတာ့ရင္လည္း လက္ခံလိုက္တတ္ၾကပါတယ္။
(၄) သူ႕ထိုက္နဲ႕ သူ႕ကံပဲ
အခ်စ္ဆိုတာ အခ်စ္စိတ္ရွိမွ ျဖစ္တာကို သူတို႔က လက္ခံၾကပါတယ္။ကိုယ္႔ကို ခ်စ္တာကို ေပ်ာ္႐ႊင္သလို မခ်စ္ေတာ့ ရင္လည္း ဝမ္းနည္းစြာ လက္ခံတတ္ၾကပါတယ္။အရာရာကံ တရားပဲေပါ့လို႔ ေတြးၿပီး ခ်စ္သူကို ခ်ဳပ္ႏွောင္ မထားတတ္ၾက ပါဘူး။
(၅) တည္ၿငိမ္တယ္
အခ်စ္မွာ ခ်စ္ဖို႔ပဲ လိုတယ္ဆိုၿပီး သဲသဲ မလႈပ္တာ သူတို႔ပါ။ ခ်စ္သူ လိုအပ္တာကို ျဖည့္ဆည္းေပး တတ္ၿပီး သူငယ္ခ်င္းလို မိသားစုလို ခ်စ္သူလို ဂ႐ုစိုက္ေပး တတ္ၾကပါတယ္။privacy ကိုလည္း နားလည္ေပးၿပီး သူ႕လြတ္ လပ္မႈနဲ႕သူ ေနတတ္ၾကတာ ရင့္က်က္သူႀကီးေတြ ပါပဲေနာ္။
Kham Credit



