က်မၼာေရး ဗဟုသုတ

နှာစေးနှာပိတ်ခြင်းကို ၁၅ မိနစ်အတွင်း သက်သာစေနိုင်မယ့် နည်းလမ်းကောင်းများ..

အအေးမိဖျားနာဖြစ်တဲ့အခါမျိုးမှာ ဖြစ်ဖြစ်၊ အပူအအေးမမျှတတဲ့အခါမျိုးမှာဖြစ်ဖြစ် နှာစေးနှာပိတ်ခြင်းကို ခံစားရ တတ်ပါတယ်။ နှာခေါင်းပိတ်တာဟာ ဆိုးဆိုးရွားရွား ကျန်းမာရေးပြဿနာတမျိုးတော့ မဟုတ်ပေမယ့် အိပ်စက်နေချိန် မျိုးမှာဖြစ်ဖြစ်၊ အလုပ်လုပ်နေချိန်မျိုးမှာဖြစ်ဖြစ် စိတ်အနှောင့်အယှက်ဖြစ်စေပြီး ခံစားရခက်တဲ့ ဝေဒနာတမျိုးလို့ ပြောလို့ရပါတယ်။ ဒါကြောင့် နှာစေးနှာပိတ်တဲ့အခါ အမြန်ဆုံးသက်သာစေနိုင်မယ့် နည်းလမ်းကောင်းတချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။

(၁) မျက်ခုံး၂ခုကြားကို နှိပ်နယ်ပေးပါ

နှာစေးနှာပိတ်လို့ အိပ်မရတဲ့အခါမျိုးမှာ မျက်ခုံး၂ခုကြားက အလယ်တည့်တည့်နေရာကို လက်ချောင်းတွေအသုံးပြုကာ နှိပ်နယ်ပေးနိုင်ပါတယ်။ ဒီလိုနှိပ်နယ်ပေးခြင်းဟာ နှာခေါင်းပိတ်လို့ အသက်ရှုရခက်ခဲခြင်းကို သက်သာစေနိုင်ပါတယ်။

(၂) နှာခေါင်းတဝိုက်ကို နှိပ်နယ်ပေးပါ

နှာစေးနှာပိတ်တဲ့အခါ နှာခေါင်းတဝိုက်နဲ့ နှာသီးထိပ်ဖျားတဝိုက်ကို လက်ချောင်းတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန် အသာအယာ နှိပ်နယ်ပေးခြင်းက နှာစေးနှာပိတ်ခြင်းကို အလျင်အမြန်သက်သာစေနိုင်မှာ ဖြစ်ပါတယ်။

(၃) အဝတ်ခပ်နွေးနွေးလေးနဲ့ နှာခေါင်းကို အသာအယာ အုပ်ထားပါ

ရေခပ်နွေးနွေးထဲ ထည့်စိမ်ထားတဲ့ လက်ကိုင်ပုဝါသန့်သန့်နဲ့ နှာခေါင်းကို အသာအယာ အုပ်ထားပေးခြင်းကလည်း နှာစေးနှာပိတ်ခြင်းကို သက်သာစေနိုင်သလို အသက်ရှုရခက်ခဲခြင်းကို ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။

(၄) ရေနွေးငွေ့ရှုရှိုက်ပေးတာမျိုး ပြုလုပ်ပေးပါ

နှာစေးနှာပိတ်ဖြစ်တဲ့အခါ မြန်မြန်ဆန်ဆန် သက်သာစေမယ့် နောက်ထပ်နည်းလမ်းတခုကတော့ ရေနွေးငွေ့ရှုရှိုက် ပေးတာပဲ ဖြစ်ပါတယ်။ ရေနွေးအဖြူ ခပ်နွေးနွေးလေးကို အဝကျယ်တဲ့ ပန်းကန်လုံးတလုံးထဲထည့်ပြီး ရေနွေးငွေ့ရှုရှိုက်ပေးခြင်းက နှာစေးနှာပိတ်ခြင်းကို အလျင်အမြန် သက်သာစေနိုင်မှာ ဖြစ်ပါတယ်။

credit

Zawgyi

အေအးမိဖ်ားနာျဖစ္တဲ့အခါမ်ိဳးမွာ ျဖစ္ျဖစ္၊ အပူအေအးမမွ်တတဲ့အခါမ်ိဳးမွာျဖစ္ျဖစ္ ႏွာေစးႏွာပိတ္ျခင္းကို ခံစားရ တတ္ပါတယ္။ ႏွာေခါင္းပိတ္တာဟာ ဆိုးဆိုး႐ြား႐ြား က်န္းမာေရးျပႆနာတမ်ိဳးေတာ့ မဟုတ္ေပမယ့္ အိပ္စက္ေနခ်ိန္ မ်ိဳးမွာျဖစ္ျဖစ္၊ အလုပ္လုပ္ေနခ်ိန္မ်ိဳးမွာျဖစ္ျဖစ္ စိတ္အေႏွာင့္အယွက္ျဖစ္ေစၿပီး ခံစားရခက္တဲ့ ေဝဒနာတမ်ိဳးလို႔ ေျပာလို႔ရပါတယ္။ ဒါေၾကာင့္ ႏွာေစးႏွာပိတ္တဲ့အခါ အျမန္ဆုံးသက္သာေစႏိုင္မယ့္ နည္းလမ္းေကာင္းတခ်ိဳ႕ကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။

(၁) မ်က္ခုံး၂ခုၾကားကို ႏွိပ္နယ္ေပးပါ

ႏွာေစးႏွာပိတ္လို႔ အိပ္မရတဲ့အခါမ်ိဳးမွာ မ်က္ခုံး၂ခုၾကားက အလယ္တည့္တည့္ေနရာကို လက္ေခ်ာင္းေတြအသုံးျပဳကာ ႏွိပ္နယ္ေပးႏိုင္ပါတယ္။ ဒီလိုႏွိပ္နယ္ေပးျခင္းဟာ ႏွာေခါင္းပိတ္လို႔ အသက္ရႈရခက္ခဲျခင္းကို သက္သာေစႏိုင္ပါတယ္။

(၂) ႏွာေခါင္းတဝိုက္ကို ႏွိပ္နယ္ေပးပါ

ႏွာေစးႏွာပိတ္တဲ့အခါ ႏွာေခါင္းတဝိုက္နဲ႔ ႏွာသီးထိပ္ဖ်ားတဝိုက္ကို လက္ေခ်ာင္းေတြနဲ႔ စက္ဝိုင္းပုံသ႑ာန္ အသာအယာ ႏွိပ္နယ္ေပးျခင္းက ႏွာေစးႏွာပိတ္ျခင္းကို အလ်င္အျမန္သက္သာေစႏိုင္မွာ ျဖစ္ပါတယ္။

(၃) အဝတ္ခပ္ေႏြးေႏြးေလးနဲ႔ ႏွာေခါင္းကို အသာအယာ အုပ္ထားပါ

ေရခပ္ေႏြးေႏြးထဲ ထည့္စိမ္ထားတဲ့ လက္ကိုင္ပုဝါသန႔္သန႔္နဲ႔ ႏွာေခါင္းကို အသာအယာ အုပ္ထားေပးျခင္းကလည္း ႏွာေစးႏွာပိတ္ျခင္းကို သက္သာေစႏိုင္သလို အသက္ရႈရခက္ခဲျခင္းကို ေပ်ာက္ကင္းေစႏိုင္မွာ ျဖစ္ပါတယ္။

(၄) ေရေႏြးေငြ႕ရႈရႈိက္ေပးတာမ်ိဳး ျပဳလုပ္ေပးပါ

ႏွာေစးႏွာပိတ္ျဖစ္တဲ့အခါ ျမန္ျမန္ဆန္ဆန္ သက္သာေစမယ့္ ေနာက္ထပ္နည္းလမ္းတခုကေတာ့ ေရေႏြးေငြ႕ရႈရႈိက္ ေပးတာပဲ ျဖစ္ပါတယ္။ ေရေႏြးအျဖဴ ခပ္ေႏြးေႏြးေလးကို အဝက်ယ္တဲ့ ပန္းကန္လုံးတလုံးထဲထည့္ၿပီး ေရေႏြးေငြ႕ရႈရႈိက္ေပးျခင္းက ႏွာေစးႏွာပိတ္ျခင္းကို အလ်င္အျမန္ သက္သာေစႏိုင္မွာ ျဖစ္ပါတယ္။

credit