“၂ လအတွင်း ၁၄ ပေါင်ကျတဲ့ IF Diet”
ခရီးတွေသွား စားလိုက်သောက်လိုက်နဲ့ ဖြည်းဖြည်းချင်း ဝလာတာကနေ ပေါင် ၁၆၀ လောက်ဖြစ်လာတော့ တအားစိတ်ညစ်လာတာ
အဲ့လိုနဲ့ ကိုဗစ်ကြောင့် Stay Home ရမယ့်အချိန် ရောက်လာတော့ ဒါဆို အိမ်တွင်းအောင်းပြီး ဝိတ်ချမယ်ဆိုတဲ့အကြံနဲ့ စာတွေရှာဖတ်ခဲ့တယ်ပေါ့နော်
အဲ့မှာ တော်တော်များများနဲ့ အဆင်ပြေတဲ့ Intermittent Fasting ဆိုတဲ့ Diet Plan ကို သွားတွေ့တယ် ဝိတ်ချတာ 2 လအတွင်း 14 ပေါင်ကျသွားတယ်
လုပ်ရတာလည်း လွယ်လွယ်လေးရယ်… ကျန်းမာရေးလည်း မထိခိုက်ဘူး… ဆက်ပြောပြမယ် အဆုံးထိဖတ်ကြည့်နော်
IF Diet ဆိုတာ – အရှင်းဆုံးပြောရရင် တစ်ရက်မှာ 16 နာရီ မစားပဲနေ 8 နာရီအတွင်း စားရတဲ့ နည်းလမ်းပါ
ကျွန်တော်ကတော့ မနက် ၁၁ နာရီဆို မနက်စာရယ် နေ့လည်စာရယ်ပေါင်းပြီး ဝဝလင်လင် စားလိုက်တယ်… ထမင်းကိုတော့ ပန်းကန်လုံးအသေးတစ်လုံးစာလောက်ပဲစားပါ…
အသားလည်းစားလို့ရတယ်… အသီးအရွက်များများစားပါ… ညနေစာကိုတော့ ည ၇ နာရီမထိုးခင် စားပါတယ်… မနက်ကစားသလိုပဲ စားတယ်.. ပြီးရင်တော့ နောက်နေ့မနက် ၁၁ နာရီထိ Fasting လုပ်ပါတယ်
Fasting လုပ်နေတဲ့ ၁၆ နာရီမှာ – Fasting ချိန်မှာ ရေပဲသောက်တယ် အစပိုင်း ၂ ရက်လောက်ပဲ မနေတတ်တာ… နောက်ပိုင်း စိတ်ကိုက မစားချင်တော့တာ အရမ်းနောက်ကျရင်
ဗိုက်တအားဆာလို့ မနေနိုင်တဲ့အခါ ဒိန်ချဉ်သောက်လို့ရ၊ ကြက်ဥပြုတ် စားလို့ရတယ်.
သတိပြုရန် – စားလို့ရတဲ့အချိန်မှာ ကျန်းမာရေးနဲ့ ကိုက်ညီအောင် အာဟာရပြည့်စုံစွာစားပါ.
ကျွန်တော်ဆို တစ်ရက်တစ်လေ ဒံပေါက်စားချင်တာတို့၊ ထမင်းကို ငါးပိရည်ရယ် ဝက်သားဟင်းရယ်နဲ့ နယ်စားချင်တာတို့ဆို တစ်ရက်သတ်မှတ်ပြီး စားပစ်လိုက်တယ်.. နေ့တိုင်းတော့ မရဘူးပေါ့နော်.
ကယ်လိုရီတွက်ပြီး စားရန် – ကျွန်တော့်အရပ်နဲ့ ဝိတ်နဲ့ကိုထည့်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လိုရီတွက်ကြည့်တာ ၂၅၀၀ နီးပါးရှိပါတယ်
အဲ့တာကို တစ်နေ့ ၂၀၀၀ ပဲစားမယ်ဆို တစ်နေ့ ၅၀၀ နှုန်း အလိုလိုလျော့နေပြီး ရက်ကြာလေ ပိန်လေဖြစ်မှာပါ…
IF နည်းလမ်းကို ကယ်လိုရီတွက်ပြီး စားတဲ့နည်းပါထည့်ပေါင်းလိုက်တော့ ကျတာ တော်တော်မြန်ပါတယ်… ကျွန်တော်ခုဆို ၁၄၆ ပေါင်ပဲ ရှိပါတော့တယ်
ခရက်ဒစ် Kyaw Soe Lwin
Zawgyi
“၂ လအတြင္း ၁၄ ေပါင္က်တဲ့ IF Diet”
ခရီးေတြသြား စားလိုက္ေသာက္လိုက္နဲ႔ ျဖည္းျဖည္းခ်င္း ဝလာတာကေန ေပါင္ ၁၆၀ ေလာက္ျဖစ္လာေတာ့ တအားစိတ္ညစ္လာတာ
အဲ့လိုနဲ႔ ကိုဗစ္ေၾကာင့္ Stay Home ရမယ့္အခ်ိန္ ေရာက္လာေတာ့ ဒါဆို အိမ္တြင္းေအာင္းၿပီး ဝိတ္ခ်မယ္ဆိုတဲ့အႀကံနဲ႔ စာေတြရွာဖတ္ခဲ့တယ္ေပါ့ေနာ္
အဲ့မွာ ေတာ္ေတာ္မ်ားမ်ားနဲ႔ အဆင္ေျပတဲ့ Intermittent Fasting ဆိုတဲ့ Diet Plan ကို သြားေတြ႕တယ္ ဝိတ္ခ်တာ 2 လအတြင္း 14 ေပါင္က်သြားတယ္
လုပ္ရတာလည္း လြယ္လြယ္ေလးရယ္… က်န္းမာေရးလည္း မထိခိုက္ဘူး… ဆက္ေျပာျပမယ္ အဆုံးထိဖတ္ၾကည့္ေနာ္
IF Diet ဆိုတာ – အရွင္းဆုံးေျပာရရင္ တစ္ရက္မွာ 16 နာရီ မစားပဲေန 8 နာရီအတြင္း စားရတဲ့ နည္းလမ္းပါ
ကြၽန္ေတာ္ကေတာ့ မနက္ ၁၁ နာရီဆို မနက္စာရယ္ ေန႔လည္စာရယ္ေပါင္းၿပီး ဝဝလင္လင္ စားလိုက္တယ္… ထမင္းကိုေတာ့ ပန္းကန္လုံးအေသးတစ္လုံးစာေလာက္ပဲစားပါ…
အသားလည္းစားလို႔ရတယ္… အသီးအ႐ြက္မ်ားမ်ားစားပါ… ညေနစာကိုေတာ့ ည ၇ နာရီမထိုးခင္ စားပါတယ္… မနက္ကစားသလိုပဲ စားတယ္.. ၿပီးရင္ေတာ့ ေနာက္ေန႔မနက္ ၁၁ နာရီထိ Fasting လုပ္ပါတယ္
Fasting လုပ္ေနတဲ့ ၁၆ နာရီမွာ – Fasting ခ်ိန္မွာ ေရပဲေသာက္တယ္ အစပိုင္း ၂ ရက္ေလာက္ပဲ မေနတတ္တာ… ေနာက္ပိုင္း စိတ္ကိုက မစားခ်င္ေတာ့တာ အရမ္းေနာက္က်ရင္
ဗိုက္တအားဆာလို႔ မေနႏိုင္တဲ့အခါ ဒိန္ခ်ဥ္ေသာက္လို႔ရ၊ ၾကက္ဥျပဳတ္ စားလို႔ရတယ္.
သတိျပဳရန္ – စားလို႔ရတဲ့အခ်ိန္မွာ က်န္းမာေရးနဲ႔ ကိုက္ညီေအာင္ အာဟာရျပည့္စုံစြာစားပါ.
ကြၽန္ေတာ္ဆို တစ္ရက္တစ္ေလ ဒံေပါက္စားခ်င္တာတို႔၊ ထမင္းကို ငါးပိရည္ရယ္ ဝက္သားဟင္းရယ္နဲ႔ နယ္စားခ်င္တာတို႔ဆို တစ္ရက္သတ္မွတ္ၿပီး စားပစ္လိုက္တယ္.. ေန႔တိုင္းေတာ့ မရဘူးေပါ့ေနာ္.
ကယ္လိုရီတြက္ၿပီး စားရန္ – ကြၽန္ေတာ့္အရပ္နဲ႔ ဝိတ္နဲ႔ကိုထည့္ၿပီး တစ္ေန႔တာ လိုအပ္မယ့္ ကယ္လိုရီတြက္ၾကည့္တာ ၂၅၀၀ နီးပါးရွိပါတယ္
အဲ့တာကို တစ္ေန႔ ၂၀၀၀ ပဲစားမယ္ဆို တစ္ေန႔ ၅၀၀ ႏႈန္း အလိုလိုေလ်ာ့ေနၿပီး ရက္ၾကာေလ ပိန္ေလျဖစ္မွာပါ…
IF နည္းလမ္းကို ကယ္လိုရီတြက္ၿပီး စားတဲ့နည္းပါထည့္ေပါင္းလိုက္ေတာ့ က်တာ ေတာ္ေတာ္ျမန္ပါတယ္… ကြၽန္ေတာ္ခုဆို ၁၄၆ ေပါင္ပဲ ရွိပါေတာ့တယ္
ခရက္ဒစ္ Kyaw Soe Lwin