သပြေသီးက ရောဂါတော်တော်များများအတွက် အသုံးဝင်တာနော်
ရင်သားကင်ဆာ ဝေဒနာအတွက် သပြေသီး
ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့်ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်ခြင်းထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။
၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကိုဆားဖြင့် တို့စားခြင်းအား(၇)ရက်မှ ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင်မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ(ရှိလျှင်)အညစ်အကြေးနှင့် အတူပါသွားတော့သည်။
၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ်တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီးဝမ်းနှုတ်ပေး၍လည်း မလိုလားအပ်သော အမှုန့်များဆံပင်ချည်ထွေးများ ကျစေပါသည်။
ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။
ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။နောက်ဆုံးသပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေးနှင့်အတူ ဆံပင်ထွေးများ
ကျသွားသည်ဟု ဆိုပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှရသောဆေးနည်း ဖြစ်သည်ဟု ဆိုပါသည်။
သပြေသီး
၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံထုတ် ဆေးပညာ ဂျာနယ်တွင်သပြေသီးမှည့်သည် ရင်သားကင်ဆာ မဖြစ်ပွားစေအောင်ကာကွယ်ပေးနိုင်သည့်အပြင်,ရင်သားကင်ဆာ ဝေဒနာရှင်တို့သပြေသီး စားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များ မပြန့်ပွားအောင်ထိန်းထားနိုင်သည်ဟု ဆိုပါသည်။၂၀၀၉ ခုနှစ်တွင်လည်း အမေရီကန်ပြည်ထောင်စုဆေးဝါးတက္ကသိုလ်မှ သပြေသီးသည် ရင်သားကင်ဆာမဖြစ်ပွားအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ကြောင်းအဖြေထွက်ရှိပါသည်။
ဦးရေပြားဗောက်ထခြင်း
သပြေသီး သတ္တုရည်ကို လိမ်းပေးပါက.ဗောက်ထ ဦးရေပြားမှိုစွဲခြင်းရောဂါ ပျောက်ကင်းစေသည်။
ဆီးလွန်ရောဂါနှင့်သပြေသီး
သပြေသီးတွင် ချိုဖန်သော အရသာရှိသည်။သပြေသီးချိန်တွင် သပြေသီးမှည့်ကို စားပေးခြင်းသပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်းနံက်ည စားပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကိုသက်သာ ပျောက်ကင်းစေပါသည်။
သပြေစေ့
ဆီးချိုရောဂါအတွက်.အပင်တွင် ဆေးစွမ်းအကြီးဆုံးက.သပြေသီးမှည့်၏ အစေ့ဖြစ်ပါသည်။ထိုအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့်ပြုပြီးနေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်းနှုန်း နံက်ည သောက်ပေးပါက.ဆီးချို တကယ်ပျောက်သည် ဆိုပါသည်။
အိန္ဒိယ ဆေးကျမ်းများတွင်သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေးအဖြစ်တိုက်ကျွေးသည့်အပြင်, မှတ်,ခြင်,တို့ မကိုက်စေရန်သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက် လိမ်းကျံကြသည်
(( အားလုံး အနာရောဂါကင်း၍ ကျန်းမာ ချမ်းသာပါစေ ))
စေတနာမှန်ဖြင့်
“ရောင်ပြန်”
ကျန်းမာရေးဗဟုသုတ
သေျပသီးက ေရာဂါေတာ္ေတာ္မ်ားမ်ားအတြက္ အသံုးဝင္တာေနာ္
ရင္သားကင္ဆာ ေဝဒနာအတြက္ သေျပသီး
ဝမ္းတြင္းသို႔ ေရႊမႈန္႔ ေၾကးမႈန္႔ သံမႈန္႔ ေျမျဖဴ မႈန္႔ ေျမႀကီးမႈန္႔ဆံပင္ေမႊးမ်ား စသည္တို႔ ဝင္ေရာက္၍ ဝမ္းဗိုက္ေအာင့္ျခင္းထိုးျခင္းျဖစ္ပါက သေျပသီးကို သတိရၾကပါ။
၁။ သေျပသီးမွည့္ခ်ိန္တြင္ သေျပသီးမွည့္(၁၀)လုံးကိုဆားျဖင့္ တို႔စားျခင္းအား(၇)ရက္မွ ျပဳလုပ္ၿပီး(၇)ရက္ျပည့္လၽွင္မန္က်ည္းေဖ်ာ္ရည္ ေသာက္ေပးရသည္။ဝမ္းတြင္းရွိ အမႈန္႔ အမႊားမ်ား ဆံပင္ေထြးမ်ား(ရွိလၽွင္)အညစ္အေၾကးႏွင့္ အတူပါသြားေတာ့သည္။
၂။ သေျပေခါက္ကို အမႈန္႔လုပ္ၿပီး ေန႔စဥ္တစ္ေန႔ ေကာ္ဖီဇြန္း(၁)ဇြန္း (၁)လတိတိ စားၿပီးဝမ္းႏႈတ္ေပး၍လည္း မလိုလားအပ္ေသာ အမႈန္႔မ်ားဆံပင္ခ်ည္ေထြးမ်ား က်ေစပါသည္။
ဆံပင္ညႇပ္ဆရာတစ္ဦး ေျပာျပေသာနည္း ျဖစ္ပါသည္။
ဆံပင္ညႇပ္ျခင္းျဖင့္ အသက္ေမြးဝမ္းျပဳရာက ဝမ္းတြင္းသို႔ဆံပင္စမ်ား ဝင္သည္ မ်ားလာကာ ဗိုက္ေအာင့္သည္ဆို၍ေဆးအမ်ိဳးမ်ိဳး ေသာက္ေသာ္လည္း မေပ်ာက္ကင္းနိုင္ခဲ့ပါ။ေနာက္ဆုံးသေျပသီးမွည့္ ေဆးနည္းျဖင့္ အညစ္အေၾကးႏွင့္အတူ ဆံပင္ေထြးမ်ား
က်သြားသည္ဟု ဆိုပါသည္။ နကၡတၱေရာင္ျခည္မဂၢဇင္းမွရေသာေဆးနည္း ျဖစ္သည္ဟု ဆိုပါသည္။
သေျပသီး
၂၀၀၇ ခုႏွစ္က အိႏၵိယနိုင္ငံထုတ္ ေဆးပညာ ဂ်ာနယ္တြင္သေျပသီးမွည့္သည္ ရင္သားကင္ဆာ မျဖစ္ပြားေစေအာင္ကာကြယ္ေပးနိုင္သည့္အျပင္,ရင္သားကင္ဆာ ေဝဒနာရွင္တို႔သေျပသီး စားသုံးျခင္းျဖင့္ ကင္ဆာဆဲလ္မ်ား မျပန္႔ပြားေအာင္ထိန္းထားနိုင္သည္ဟု ဆိုပါသည္။၂၀၀၉ ခုႏွစ္တြင္လည္း အေမရီကန္ျပည္ေထာင္စုေဆးဝါးတကၠသိုလ္မွ သေျပသီးသည္ ရင္သားကင္ဆာမျဖစ္ပြားေအာင္ ထိထိေရာက္ေရာက္ ကာကြယ္ေပးနိုင္ေၾကာင္းအေျဖထြက္ရွိပါသည္။
ဦးေရျပားေဗာက္ထျခင္း
သေျပသီး သတၱဳရည္ကို လိမ္းေပးပါက.ေဗာက္ထ ဦးေရျပားမွိုစြဲျခင္းေရာဂါ ေပ်ာက္ကင္းေစသည္။
ဆီးလြန္ေရာဂါႏွင့္သေျပသီး
သေျပသီးတြင္ ခ်ိဳဖန္ေသာ အရသာရွိသည္။သေျပသီးခ်ိန္တြင္ သေျပသီးမွည့္ကို စားေပးျခင္းသေျပေခါက္ကို အမႈန္႔ျပဳၿပီး ေန႔စဥ္ လက္ဖက္စားဇြန္း(၁)ဇြန္းနံက္ည စားေပးျခင္းျဖင့္လည္း ဆီးလြန္ေရာဂါကိုသက္သာ ေပ်ာက္ကင္းေစပါသည္။
သေျပေစ့
ဆီးခ်ိဳေရာဂါအတြက္.အပင္တြင္ ေဆးစြမ္းအႀကီးဆုံးက.သေျပသီးမွည့္၏ အေစ့ျဖစ္ပါသည္။ထိုအေစ့ကို စနစ္တက် အေျခာက္လွန္း အမႈန္႔ျပဳၿပီးေန႔စဥ္ လက္ဖက္စားဇြန္း(၁)ဇြန္းႏႈန္း နံက္ည ေသာက္ေပးပါက.ဆီးခ်ိဳ တကယ္ေပ်ာက္သည္ ဆိုပါသည္။
အိႏၵိယ ေဆးက်မ္းမ်ားတြင္သေျပရြက္ျပဳတ္ရည္ကို အသည္းအားေဆးအျဖစ္တိုက္ေကၽြးသည့္အျပင္, မွတ္,ျခင္,တို႔ မကိုက္ေစရန္သေျပရြက္ကို ကိုယ္ခႏၶာတြင္ ပြတ္တိုက္ လိမ္းက်ံၾကသည္
(( အားလုံး အနာေရာဂါကင္း၍ က်န္းမာ ခ်မ္းသာပါေစ ))
ေစတနာမွန္ျဖင့္
“ေရာင္ျပန္”
က်န္းမာေရးဗဟုသုတ