ဘဝနှင့် ရင်းကာ ကြိုးစားပေးကြသူတွေ
မတ်လ ၂၆ရက်နေ့မှာ မလေးရှားနိုင်ငံ KL က ဘောလုံးကွင်းမှာ မြန်မာနိုင်ငံသားဘောလုံးသမားတစ်ယောက်ဟာကိုယ်တိုင် ဂိုးသွင်းပြီးနောက် သူ့အသင်းသားတွေ မြူတူး အောင်ပွဲခံနေစဥ်မှာ ငိုချင်နေတဲ့ မျက်နှာနဲ့ လက်သုံးချောင်းထောင်ကာ ငြိမ်သက်စွာ မြန်မာပြည်သားအတွက် တောင်းးဆိုပေးခဲ့ပါတယ်။
အဲ့ဒီဘောလုံးသမားကတော့ဟိန်းထက်အောင် အသက်၁၉နှစ်ဖြစ်ပါတယ်။မြန်မာပြည်မှာ ကစားစဥ်က ဟံသာဝတီ ယူနိုက်တက် FC ရဲ့ အရင် အသင်းခေါင်းဆောင် နံပါတ် ၁၀ ပါ ။
၂၀၂၀ September မှာ Player ot the Month ဆုကို မြန်မာ နေရှင်နယ် လိ မှာ ရရှိသူဖြစ်ပြီး အခု Malasia Premier League ရဲ့ Selangor Second Squard အသင်း မှာ သွားရောက်ကစားနေသူ ဖြစ်ပါတယ်။
ဂိုးသွင်းပြီးရင် ဘောလုံးသမားတိုင်း စတိုင်မျိုးစုံနဲ့ ပျော်ရွှင်ပြနေကျဖြစ်ပေမည့်မြန်မာနိုင်ငံသား ဟိန်းထက်အောင်ကတော့ အသင်းဖော်တွေရဲ့ ပျော်ရွှင်မှုမှာတောင်မပါဝင်ပဲ ငိုတော့မည့် မျက်နှာကြီးနဲ့ လက်သုံးချောင်းထောင်ငါ့တိုင်းပြည်အတွက် ငါမပျော်နိုင်ဘူးလို့ ဖော်ညွှန်းကာ အံကြိတ်နေခဲ့ပါတယ်။
သူ့ရဲ့ ဒီအပြုအမူဟာ နိုင်ငံရေးနဲ့ဆိုင်တဲ့ လှုံ့ဆော်မှု political symbol တစ်ခုကို ဘောလုံးကွင်းထဲမှာ ဖော်ပြခဲ့တာဖြစ်လို့ Unsporting behavior in any other way ဖြစ်တယ်လို့ ဆိုကာမလေးရှား ဘောလုံးအဖွဲ့ချုပ်က ပစ်ဒါဏ်အသေးစားလေးချမှတ်ခဲ့ပါတယ်။ (တစ်ပွဲမကန်ရဘူး ဆိုတဲ့အနေအထားလောက်ပါ)Milk Tea Alliance သမားတွေတော့ မလေးမှာ ဆူညံနေကြလေရဲ့။
မြန်မာ့လက်ရွေးစင် ဘောလုံးသမားတွေ CDM ဝင်နေတဲ့ အချိန်မှာ နိုင်ငံခြားအသင်းမှာ ကစားနေတဲ့ ဟိန်းထက်အောင်ဟာ မြန်မာပြည်သားတွေနဲ့ တသားထဲရှိကြောင်းကို ပြသဖို့အတွက်ကိုယ်တိုင်ကို က ဘောလံုးစည်းကမ်းတွေကိုသိရက်နဲ့ ကွင်းထဲရောက်နေစဥ် လက်သုံးချောင်းထောင်ပြခဲ့တာပါ။
မနေ့ကလည်းကမ္ဘာမှာ တတိယ အခမ်းနားဆုံး Miss ပြိုင်ပွဲ Miss Grand International သွားပြိုင်တဲ့ Miss ညီမလေး (ဟန်လေး)ဟာစင်ပေါ်မှာ မျက်ရည်စက်လက်နဲ့ မြန်မာပြည်ကို ကူညီဖို့ ကမ္ဘာကို အကူအညီတောင်းနေခဲ့ပါတယ်။
ယခု ပွဲပြီး Interview တွေမှာ သူမ မြန်မာပြည်ပြန်လို့မရတော့ဘူး ဆိုတာရော ဒီမှာ ဆက်နေရင်းသူမအတွက် အလုပ်ရော ငွေကြေးရော အခက်အခဲတွေအများကြီးရှိနိုင်တာသိကြောင်း လည်း ပြောသွားပါတယ်။
အေးအေးဆေးဆေး လှလှပပ စင်ပေါ်ရောက်နေတဲ့အခိုက်အတန့် မော်ကြွားနေနိုင်တဲ့ အခိုက်အတန့်မှာတောင် ဘဝကိုရင်းပြီး မြန်မာ့ဆန္ဒ ကမ္ဘာကသိအောင် ဘဝနှင့် ရင်းကာ ကြိုးစား ချပြခဲ့တဲ့ကလေးတွေကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။
Crd:theesaychin