ၾကားသိရသမွ်







Unicode

“တော်ဝင် ဦးကိုကိုထွေး ကွယ်လွန်” 😢😢😢

အလှူရေစက် လက်နဲ့မကွာ အမြဲတမ်းလှူဒါန်းပေးခဲ့ပြီး စီးပွားရေးလောကမှာ
ထိပ်သီး စာရင်းဝင် တစ်ဦးဖြစ်တဲ့ တော်ဝင် မိသားစု ဥက္ကဋ္ဌ ဦးကိုကိုထွေးဟာ ယနေ့ ဩဂုတ်လ ၂၃ ရက်ည မှာ ကွယ်လွန်သွားခဲ့ကြောင်း စိတ်မကောင်း စရာ သိရှိရပါတယ် ။

အဂ္ဂမဟာ သိရိ သုဓမ္မ မဏိ ဇောတဒရ ဘွဲ့တံဆိပ် ရရှိခဲ့ပြီး ယခု တတိယလှိုင်းမှာလည်း အောက်ဆီဂျင်စက်ရုံ ထူထောင်ကာ အောက်ဆီဂျင်များကို လှူဒါန်းပေးနေတာဖြစ်ကြောင်း သိရပါတယ် ။

ကိုဗစ်ကာကွယ်ရေး အတွက် များစွာ အင်အား စိုက်ထုတ်ခဲ့ပြီး ကာကွယ်‌ဆေးဝယ်ယူ ရေးအတွက် ငွေကျပ် သန်း ၁၀၀ ကိုလည်း ဇန်နဝါရီလ က လှူဒါန်းခဲ့သူတစ်ဦးဖြစ်ပါတယ်။

မိသားစုထပ်တူအထူး ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါကြောင်း ..ကောင်းရာသုဂတိသို့ ရောက်ပါစေကြောင်း ဆုတောင်း ပေးလိုက်ရပါတယ်