ဗဟုသုတ

အဲကြန္းသုံးစရာမလိုပဲ ေအးျမေနေစမယ့္ နည္းလမ္း (၆) ခု

အဲကြန္းသုံးစရာမလိုပဲ ေအးျမေနေစမယ့္ နည္းလမ္း (၆) ခု

ခုရက္ပိုင္းအတြင္း ရာသီဥတုက မမွန္ပါဘူး။ ပူလိုက္၊ ေအးလိုက္၊ မိုး႐ြာလိုက္တဲ့ တစ္ပတ္အတြင္းကို ရာသီဥတု (၃) မ်ိဳးလုံး ခံစားေနရပါတယ္။ ေအးတာကို အေႏြးထည္ေတြဝတ္၊ ေစာင္ထဲေကြးေန႐ုံနဲ႔ ကာကြယ္လို႔ ရေပမယ့္ ပူတာကိုေတာ့ ေရွာင္လႊဲလို႔ မရပါဘူး။ အဲ့ဒါေၾကာင့္ အဲကြန္းမရွိလည္း ဘယ္လိုေအးေအာင္ေနလို႔ရလဲ ဆိုတဲ့ အေၾကာင္းေတြကို love media ကေန ေျပာျပေပးသြားပါမယ္ေနာ္။

၁။ လက္ေကာက္ဝတ္ (သို႔) လည္ပင္းနားကို ေရစိုဝတ္ကပ္ပါ

လည္ပင္းနဲ႔ လက္ေကာက္ဝတ္နားမွာ ရွိတဲ့ေသြးေၾကာေတြက တစ္ကိုယ္လုံးကို လည္ပတ္ေနတာေၾကာင့္ ေသြးေၾကာေတြကို ေအးေစျခင္းဟာလည္း သင့္ကိုအပူသက္သာေစမွာပါ။

၂။ ခ်ည္ထည္မ်ားျဖင့္ အိပ္ပါ။

ခ်ည္ထည္ေတြဟာ ေအးျမၿပီးေတာ့ ေလဝင္ေလထြက္ ေကာင္းတာေၾကာင့္ အိပ္စက္တဲ့အခါ ခ်ည္နဲ႔အိပ္တာက သင့္ကို ေအးခ်မ္းေစမွာပါ။

၃။ ေအးခဲထားေသာ အစားအစာမ်ားကို စားပါ။

ေအးခဲထားတဲ့ မုန႔္ေတြကိုစားတာကလည္း သင့္ကို အပူသက္သာေစပါတယ္။ ဥပမာ ဖရဲသီးကို အေအးခံထားတာမ်ိဳး၊ နာနတ္သီး၊ စေတာ္ဘယ္ရီသီး စတာေတြေပါ့ေနာ္။ ဒါေပမယ့္ အလြန္အကြၽံေတာ့ မစားသင့္ပါဘူး။ အာသီးေယာင္၊ ေခ်ာင္းဆိုးစတာေတြ ျဖစ္တတ္ပါတယ္။

၄။ တံခါးအကုန္လုံးကို အခ်ိန္ျပည့္ မဖြင့္ထားပါနဲ႔။

သင္လိုခ်င္တဲ့ အေအးဓာတ္ကို ရၿပီဆိုတာနဲ႔ တံခါးကိုပိတ္လိုက္တာ အေကာင္းဆုံးပါပဲ။ တံခါးကိုသာ တစ္ညလုံး ဖြင့္ထားမိရင္ အေအးပတ္၊ ႏွာေစးစတဲ့ အက်ိဳးဆက္ေတြ ျဖစ္လာပါလိမ့္မယ္။

၅။ ေပါ့ေပါ့ပါးပါးရွိတဲ့ အဝတ္ေတြကိုသာ ဝတ္ပါ

ခ်ည္ (ဒါမွမဟုတ္) ဝါနဲ႔ျပဳလုပ္ထားတဲ့ အဝတ္အစားေတြကို ဝတ္တာ အေကာင္းဆုံးပါပဲ။ အပူဒဏ္ကိုလည္း ခံႏိုင္ၿပီးေတာ့ သင့္ကို စိတ္ရႈပ္ေစမွာ မဟုတ္ပါဘူး။

၆။ ျပဴတင္းေပါက္ေတြကို ဖြင့္ထားပါ

ေန႔ခင္းေနပူတဲ့အခ်ိန္မွာ ျပဴတင္းေပါက္ကို ပိတ္ထားတာက သင့္ကိုညဘက္ ေအးေစမွာပါ။ ဘာလို႔လဲဆိုေတာ့ အျပင္က ေလေအးေတြက ညဘက္ ျပဴတင္းေပါက္ဖြင့္တဲ့အခါမွာ စုၿပဳံဝင္ေရာက္ လာတာေၾကာင့္ အိမ္ထဲက ေလပူေတြ ထြက္သြားေစတာေၾကာင့္ပါ။

ခရက္ဒစ္

Unicode

အဲကွန်းသုံးစရာမလိုပဲ အေးမြနေစေမယ့် နည်းလမ်း (၆) ခု

ခုရက်ပိုင်းအတွင်း ရာသီဥတုက မမှန်ပါဘူး။ ပူလိုက်၊ အေးလိုက်၊ မိုးရွာလိုက်တဲ့ တစ်ပတ်အတွင်းကို ရာသီဥတု (၃) မျိုးလုံး ခံစားနေရပါတယ်။ အေးတာကို အနွေးထည်တွေဝတ်၊ စောင်ထဲကွေးနေရုံနဲ့ ကာကွယ်လို့ ရပေမယ့် ပူတာကိုတော့ ရှောင်လွှဲလို့ မရပါဘူး။ အဲ့ဒါကြောင့် အဲကွန်းမရှိလည်း ဘယ်လိုအေးအောင်နေလို့ရလဲ ဆိုတဲ့ အကြောင်းတွေကို love media ကနေ ပြောပြပေးသွားပါမယ်နော်။

၁။ လက်ကောက်ဝတ် (သို့) လည်ပင်းနားကို ရေစိုဝတ်ကပ်ပါ

လည်ပင်းနဲ့ လက်ကောက်ဝတ်နားမှာ ရှိတဲ့သွေးကြောတွေက တစ်ကိုယ်လုံးကို လည်ပတ်နေတာကြောင့် သွေးကြောတွေကို အေးစေခြင်းဟာလည်း သင့်ကိုအပူသက်သာစေမှာပါ။

၂။ ချည်ထည်များဖြင့် အိပ်ပါ။

ချည်ထည်တွေဟာ အေးမြပြီးတော့ လေဝင်လေထွက် ကောင်းတာကြောင့် အိပ်စက်တဲ့အခါ ချည်နဲ့အိပ်တာက သင့်ကို အေးချမ်းစေမှာပါ။

၃။ အေးခဲထားသော အစားအစာများကို စားပါ။

အေးခဲထားတဲ့ မုန့်တွေကိုစားတာကလည်း သင့်ကို အပူသက်သာစေပါတယ်။ ဥပမာ ဖရဲသီးကို အအေးခံထားတာမျိုး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး စတာတွေပေါ့နော်။ ဒါပေမယ့် အလွန်အကျွံတော့ မစားသင့်ပါဘူး။ အာသီးယောင်၊ ချောင်းဆိုးစတာတွေ ဖြစ်တတ်ပါတယ်။

၄။ တံခါးအကုန်လုံးကို အချိန်ပြည့် မဖွင့်ထားပါနဲ့။

သင်လိုချင်တဲ့ အအေးဓာတ်ကို ရပြီဆိုတာနဲ့ တံခါးကိုပိတ်လိုက်တာ အကောင်းဆုံးပါပဲ။ တံခါးကိုသာ တစ်ညလုံး ဖွင့်ထားမိရင် အအေးပတ်၊ နှာစေးစတဲ့ အကျိုးဆက်တွေ ဖြစ်လာပါလိမ့်မယ်။

၅။ ပေါ့ပေါ့ပါးပါးရှိတဲ့ အဝတ်တွေကိုသာ ဝတ်ပါ

ချည် (ဒါမှမဟုတ်) ဝါနဲ့ပြုလုပ်ထားတဲ့ အဝတ်အစားတွေကို ဝတ်တာ အကောင်းဆုံးပါပဲ။ အပူဒဏ်ကိုလည်း ခံနိုင်ပြီးတော့ သင့်ကို စိတ်ရှုပ်စေမှာ မဟုတ်ပါဘူး။

၆။ ပြူတင်းပေါက်တွေကို ဖွင့်ထားပါ

နေ့ခင်းနေပူတဲ့အချိန်မှာ ပြူတင်းပေါက်ကို ပိတ်ထားတာက သင့်ကိုညဘက် အေးစေမှာပါ။ ဘာလို့လဲဆိုတော့ အပြင်က လေအေးတွေက ညဘက် ပြူတင်းပေါက်ဖွင့်တဲ့အခါမှာ စုပြုံဝင်ရောက် လာတာကြောင့် အိမ်ထဲက လေပူတွေ ထွက်သွားစေတာကြောင့်ပါ။

ခရက်ဒစ်