က်မၼာေရး ဗဟုသုတ

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါသည်။

အစာချေဖျက်မှုကို ကူညီပေးသည်

နံနက်စောစော အစာမစားမီ သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးတစ်ခွက်သောက်သုံးခြင်းက အစာအိမ်အူလမ်းကြောင်းကို နှိုးဆွပေးသည်။

အစာချေဖျက်မှုအားကောင်းလာပြီး ရင်ပူရင်ဆာဖြစ်ခြင်း လျှော့ချပေးကာ အစာအိမ်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို ကူညီပေးသည်။

အဆိပ်ပြေစေနိုင်သည်

သံပရာသီးတွင် အင်ဇိုင်းများ လုပ်ဆောင်ချက်ပိုကောင်းလာအောင် ကူညီနိုင်သည့် စီးထရစ်အက်စစ်ပါဝင်သည်။

စီးထရစ်အက်စစ်က အသည်းကိုလည်း နှိုးဆွပေးပြီး အဆိပ်ဖြေရာတွင် ကူညီပေးနိုင်သည်။

ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းပေးနိုင်သည်

သံပရာသီးညှစ်ထည့်ထားသောရေကအန္တရာယ်ဖြစ်စေသော ကိုယ်ခန္ဓာထဲမှ အက်စစ်ဓာတ်ကို လျှော့ချပေးနိုင်သည်။

သံပရာရည်တွင် စီးထရစ်အက်စစ်ပါဝင်သော်လည်း ယင်းတွင်ပါဝင်သည့် သတ္တု ဓာတ်နှင့် အာဟာရဓာတ်များမှာ အယ်လ်ကာလီသဘာဝရှိသည်။

စီးထရစ်အက်စစ်မှာ မပြင်းသော အက်စစ်ဖြစ်သောကြောင့် ချွေးထွက်ခြင်းကဲ့သို့ ရှင်းထုတ်လိုက်သော လုပ်ငန်းစဉ်များကြောင့် ခန္ဓာကိုယ်မှ အလွယ်တကူဖယ်ရှားပစ်နိုင်သည်။

သံပရာရည်သည် ခန္ဓာကိုယ်ထဲရှိ အခြားပြင်းထန်သော အက်စစ်ဓာတ်များကို ပျက်ပြယ်သွားစေသည့် ကယ်လ်ဆီယမ်ကာဗွန်နိတ်ဖွဲ့စည်းပုံကို အားကောင်းစေသည်။ ပ

ရိုတင်းဓာတ်များစွာ ပါဝင်သည့် အသားများနှင့် ချိစ်များစားလေ့ရှိသူအတွက် အထူးကောင်းမွန်သည်။

သွေးထဲရေပါဝင်မှုကို ထိန်းညှိပေးနိုင်ပြီး ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများကိုလည်း ဖြေရှင်းပေးနိုင်သည်။

ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင်သည်

စီးထရစ်အက်စစ်ပါဝင်သော အစားအစာများ အားလုံးတွင် ဗီတာမင်စီပါဝင်သည်။ ဗီတာမင်စီမှာ အအေးမိခြင်းကို ကာကွယ်နိုင်ပြီး ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်သည်။

သံပရာသီးတွင် ပိုတက်စီယမ်ပါဝင်သောကြောင့် ဦးနှောက်ကိုနှိုးဆွပေးနိုင်ပြီး အာရုံကြောလုပ်ဆောင်မှု အားကောင်းစေကာ သွေးကို ထိန်းချုပ်ပေးနိုင်သည်။

အသားအရေကြည်လင်လန်းဆန်းစေနိုင်သည်

ဗီတာမင်စီသည် အရေပြားထဲရှိ ပရိုတင်းဓာတ်ထုတ်လုပ်မှုကို ကူညီပေးသောကြောင့် နုပျိုသော အသားအရေအတွက် အထူးကောင်းသည်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ညိုညစ်ညစ် အသားအရေကို တစ်ခါပြန်တောက်ပလာစေပြီး ကျန်းမာလာစေသည်။

သံပရာသီးညှစ်ထည့်ထားသည့် ရေနွေးက သွေးကြောများထဲရှိ အဆိပ်များကို ဖယ်ရှားပေးနိုင်သည်။

အမည်းစက်များပေါ် လိမ်းပေးပါကလည်း အရောင်ဖျော့သွားစေနိုင်သည်။

ေရေႏြးထဲ သံပရာရည္ ထည့္ေသာက္ျခင္းျဖင့္ ရရွိနိုင္မည့္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

ေရေႏြးထဲကို သံပရာသီးတစ္လုံး ညႇစ္ထည့္ၿပီး ေသာက္သုံးျခင္းသည္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား ရွိေၾကာင္း သိရွိထားၾကၿပီျဖစ္သည္။ က်န္းမာေရးအက်ိဳးေက်းဇူးရွိေစေသာ အေၾကာင္းရင္းမ်ားကို ေဖာ္ျပေပးလိုက္ပါသည္။

အစာေခ်ဖ်က္မႈကို ကူညီေပးသည္

နံနက္ေစာေစာ အစာမစားမီ သံပရာသီးညႇစ္ထည့္ထားသည့္ ေရေႏြးတစ္ခြက္ေသာက္သုံးျခင္းက အစာအိမ္အူလမ္းေၾကာင္းကို ႏွိုးဆြေပးသည္။

အစာေခ်ဖ်က္မႈအားေကာင္းလာၿပီး ရင္ပူရင္ဆာျဖစ္ျခင္း ေလၽွာ့ခ်ေပးကာ အစာအိမ္ရွင္းလင္းေရး လုပ္ငန္းစဥ္ကို ကူညီေပးသည္။

အဆိပ္ေျပေစနိုင္သည္

သံပရာသီးတြင္ အင္ဇိုင္းမ်ား လုပ္ေဆာင္ခ်က္ပိုေကာင္းလာေအာင္ ကူညီနိုင္သည့္ စီးထရစ္အက္စစ္ပါဝင္သည္။

စီးထရစ္အက္စစ္က အသည္းကိုလည္း ႏွိုးဆြေပးၿပီး အဆိပ္ေျဖရာတြင္ ကူညီေပးနိုင္သည္။

ခႏၶာကိုယ္ေရဓာတ္ကို ထိန္းေပးနိုင္သည္

သံပရာသီးညႇစ္ထည့္ထားေသာေရကအႏၲရာယ္ျဖစ္ေစေသာ ကိုယ္ခႏၶာထဲမွ အက္စစ္ဓာတ္ကို ေလၽွာ့ခ်ေပးနိုင္သည္။

သံပရာရည္တြင္ စီးထရစ္အက္စစ္ပါဝင္ေသာ္လည္း ယင္းတြင္ပါဝင္သည့္ သတၱဳ ဓာတ္ႏွင့္ အာဟာရဓာတ္မ်ားမွာ အယ္လ္ကာလီသဘာဝရွိသည္။

စီးထရစ္အက္စစ္မွာ မျပင္းေသာ အက္စစ္ျဖစ္ေသာေၾကာင့္ ေခၽြးထြက္ျခင္းကဲ့သို႔ ရွင္းထုတ္လိုက္ေသာ လုပ္ငန္းစဥ္မ်ားေၾကာင့္ ခႏၶာကိုယ္မွ အလြယ္တကူဖယ္ရွားပစ္နိုင္သည္။

သံပရာရည္သည္ ခႏၶာကိုယ္ထဲရွိ အျခားျပင္းထန္ေသာ အက္စစ္ဓာတ္မ်ားကို ပ်က္ျပယ္သြားေစသည့္ ကယ္လ္ဆီယမ္ကာဗြန္နိတ္ဖြဲ႕စည္းပုံကို အားေကာင္းေစသည္။ ပ

ရိုတင္းဓာတ္မ်ားစြာ ပါဝင္သည့္ အသားမ်ားႏွင့္ ခ်ိစ္မ်ားစားေလ့ရွိသူအတြက္ အထူးေကာင္းမြန္သည္။

ေသြးထဲေရပါဝင္မႈကို ထိန္းညႇိေပးနိုင္ၿပီး ဆီးလမ္းေၾကာင္းဆိုင္ရာ ေရာဂါကူးစက္မႈမ်ားကိုလည္း ေျဖရွင္းေပးနိုင္သည္။

ကိုယ္ခံအားစနစ္ကို အားေကာင္းေစနိုင္သည္

စီးထရစ္အက္စစ္ပါဝင္ေသာ အစားအစာမ်ား အားလုံးတြင္ ဗီတာမင္စီပါဝင္သည္။ ဗီတာမင္စီမွာ အေအးမိျခင္းကို ကာကြယ္နိုင္ၿပီး ကိုယ္ခံအားစနစ္အတြက္ ေကာင္းမြန္သည္။

သံပရာသီးတြင္ ပိုတက္စီယမ္ပါဝင္ေသာေၾကာင့္ ဦးေႏွာက္ကိုႏွိုးဆြေပးနိုင္ၿပီး အာ႐ုံေၾကာလုပ္ေဆာင္မႈ အားေကာင္းေစကာ ေသြးကို ထိန္းခ်ဳပ္ေပးနိုင္သည္။

အသားအေရၾကည္လင္လန္းဆန္းေစနိုင္သည္

ဗီတာမင္စီသည္ အေရျပားထဲရွိ ပရိုတင္းဓာတ္ထုတ္လုပ္မႈကို ကူညီေပးေသာေၾကာင့္ ႏုပ်ိဳေသာ အသားအေရအတြက္ အထူးေကာင္းသည္။

ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ားက ညိဳညစ္ညစ္ အသားအေရကို တစ္ခါျပန္ေတာက္ပလာေစၿပီး က်န္းမာလာေစသည္။

သံပရာသီးညႇစ္ထည့္ထားသည့္ ေရေႏြးက ေသြးေၾကာမ်ားထဲရွိ အဆိပ္မ်ားကို ဖယ္ရွားေပးနိုင္သည္။

အမည္းစက္မ်ားေပၚ လိမ္းေပးပါကလည္း အေရာင္ေဖ်ာ့သြားေစနိုင္သည္။