အဆစ်ရောင် ဂေါက်(Gout)ရောဂါအတွက် ရှောင်ရန် ဆောင်ရန်များ
အဆစ်ရောင်နာ (Gout) ရောဂါ သက်သာစေဖို့ရာ အတွက် အစားအသောက်တွေရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါနေပါတယ်။ဂေါက်ရောဂါ အတွက် အစားအသောက် ပုံစံဟာ လူအများစု ကျန်းမာဖို့ရာ စားသင့်တဲ့ အစားအသောက် ပုံစံနဲ့တော့ ခပ်ဆင်ဆင် ပါပဲ။ ဒါကြောင့် ဂေါက်ရောဂါ သက်သာဖို့ရာ အတွက် စားသင့်တဲ့ အစားအသောက် ပုံစံအတိုင်း လိုက်နာရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်နေဟန်ထားကို ရနိုင်တဲ့ အပြင် နာတာရှည်ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။
ဂေါက်ရောဂါဆိုသည်မှာသွေးထဲမှာ မြင့်တက်လာတဲ့ ယူရစ် အက်စစ်တွေဟာ ပုံဆောင်ခဲအသွင် အနည်ကျလာပြီး အဆစ်တစ်ဝိုက်မှာ စုပုံရာက ဂေါက်ရောဂါ ဖြစ်လာပါတယ်။ တိရစ္ဆာန်ကလီစာတွေ၊ မှိုနဲ့ မြေအောင်းဥစတဲ့ အစားအစာတချို့ စားရာကနေလည်း ယူရစ်အက်စစ် ရရှိနိုင်ပါတယ်။ အစားအသောက် ပုံစံပြောင်းတာက ဂေါက်ရောဂါ ကုသမှုတော့ မဟုတ်ပါဘူး။ ဂေါက်ရောဂါ ထခြင်း မဖြစ်အောင် ကာကွယ်ရာတော့ ရောက်ပါတယ်။
တိရစ္ဆာန်အသားကို အများကြီးမစားပါနဲ့ဂေါက်ရောဂါရှင်တွေဟာ အသည်းအမြစ်လို တိရစ္ဆာန်ကလီစာတွေကိုတော့ ရှောင်သင့် ပါတယ်။ အနီရောင်အသားနဲ့ ပင်လယ်စာတွေဟာလည်း ဂေါက်ရောဂါ အန္တရာယ်နဲ့ ဆက်စပ်နေတဲ့ အတွက် လျှော့စားသင့်ပါတယ်။အပင်ထွက်ပရိုတင်းဓာတ်များများ စားပါပဲအမျိုးမျိုးလို ဟင်းရွက်ထွက် ပရိုတင်းကို များများစားပါ။အယ်လ်ကိုဟောကို တတ်နိုင်သမျှ ရှောင်ပါ
အယ်လ်ကိုဟောဓာတ်ဟာ ခန္ဓာကိုယ်ထဲကနေ ယူရစ်အက်စစ်စွန့်ထုတ်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အထူးသဖြင့် ဘီယာသောက်ရင် ဂေါက်ရောဂါထခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို ရှောင်တာက အကောင်းဆုံးပါ။ အရက်မသောက်ဘဲ မနေနိုင်ရင် ဝိုင်တစ်နေ့ တစ်ခွက်သောက်နိုင်ပါတယ်။ရေနှင့် ဖျော်ရည်များများ သောက်ပါ
ရေနဲ့ဖျော်ရည်တွေဟာ ခန္ဓာကိုယ်ထဲက ယူရစ်အက်ဆစ်ကို ဖယ်ရှားပေးပါတယ်။ တစ်နေ့မှာ အနည်းဆုံးရေနှစ်လီတာခွဲ သောက်ပါ။အဆီမပါနို့နှင့် နို့ထွက်ပစ္စည်းရွေးပါ
အဆီနည်း ဒါမှမဟုတ် အဆီမပါနို့သောက်တာနဲ့ ဒိန်ချဉ်သောက်တာတွေဟာ ဂေါက်ရောဂါ အန္တရာယ်ကို လျော့ကျစေကြောင်း လေ့လာမှု တချို့ကဆိုပါတယ်။ နေ့စဉ် နို့နဲ့ နို့ထွက် ပစ္စည်း တစ်ခွက်ခန့် သောက်သင့်ပါတယ်။
အခွံချွတ်မထားသော ကောက်ပဲသီးနှံစားပါအခွံချွတ်မထားတဲ့ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညိုနဲ့ အသီးအနှံတွေကို များများစားပေးရင် ဂေါက်ရောဂါ အန္တရာယ်ကို လျော့ကျစေပါတယ်။ ဂေါက်ရောဂါရှင်တွေ အနေနဲ့ နေ့တိုင်း ခပ်သွက်သွက် လမ်းလျှောက်ခြင်းလို အသင့်အတင့် အားကစားလုပ်ရင် ဂေါက်ရောဂါကြောင့် နာကျင်မှုဝေဒနာ သက်သာစေတဲ့ အပြင် ကိုယ်အလေးချိန်ကိုပါ ထိန်းသိမ်းရာ ရောက်ပါတယ်။
by Good Health
အဆစ္ေရာင္ ေဂါက္(Gout)ေရာဂါအတြက္ ေရွာင္ရန္ ေဆာင္ရန္မ်ား
အဆစ္ေရာင္နာ (Gout) ေရာဂါ သက္သာေစဖို႔ရာ အတြက္ အစားအေသာက္ေတြရဲ့ အခန္းက႑ ကလည္း အေရးပါေနပါတယ္။ေဂါက္ေရာဂါ အတြက္ အစားအေသာက္ ပုံစံဟာ လူအမ်ားစု က်န္းမာဖို႔ရာ စားသင့္တဲ့ အစားအေသာက္ ပုံစံနဲ႔ေတာ့ ခပ္ဆင္ဆင္ ပါပဲ။ ဒါေၾကာင့္ ေဂါက္ေရာဂါ သက္သာဖို႔ရာ အတြက္ စားသင့္တဲ့ အစားအေသာက္ ပုံစံအတိုင္း လိုက္နာရင္ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ကိုယ္ေနဟန္ထားကို ရနိုင္တဲ့ အျပင္ နာတာရွည္ေရာဂါေတြကိုလည္း ကာကြယ္ရာ ေရာက္ပါတယ္။
ေဂါက္ေရာဂါဆိုသည္မွာေသြးထဲမွာ ျမင့္တက္လာတဲ့ ယူရစ္ အက္စစ္ေတြဟာ ပုံေဆာင္ခဲအသြင္ အနည္က်လာၿပီး အဆစ္တစ္ဝိုက္မွာ စုပုံရာက ေဂါက္ေရာဂါ ျဖစ္လာပါတယ္။ တိရစၧာန္ကလီစာေတြ၊ မွိုနဲ႔ ေျမေအာင္းဥစတဲ့ အစားအစာတခ်ိဳ႕ စားရာကေနလည္း ယူရစ္အက္စစ္ ရရွိနိုင္ပါတယ္။ အစားအေသာက္ ပုံစံေျပာင္းတာက ေဂါက္ေရာဂါ ကုသမႈေတာ့ မဟုတ္ပါဘူး။ ေဂါက္ေရာဂါ ထျခင္း မျဖစ္ေအာင္ ကာကြယ္ရာေတာ့ ေရာက္ပါတယ္။
တိရစၧာန္အသားကို အမ်ားႀကီးမစားပါနဲ႔ေဂါက္ေရာဂါရွင္ေတြဟာ အသည္းအျမစ္လို တိရစၧာန္ကလီစာေတြကိုေတာ့ ေရွာင္သင့္ ပါတယ္။ အနီေရာင္အသားနဲ႔ ပင္လယ္စာေတြဟာလည္း ေဂါက္ေရာဂါ အႏၲရာယ္နဲ႔ ဆက္စပ္ေနတဲ့ အတြက္ ေလၽွာ့စားသင့္ပါတယ္။အပင္ထြက္ပရိုတင္းဓာတ္မ်ားမ်ား စားပါပဲအမ်ိဳးမ်ိဳးလို ဟင္းရြက္ထြက္ ပရိုတင္းကို မ်ားမ်ားစားပါ။အယ္လ္ကိုေဟာကို တတ္နိုင္သမၽွ ေရွာင္ပါ
အယ္လ္ကိုေဟာဓာတ္ဟာ ခႏၶာကိုယ္ထဲကေန ယူရစ္အက္စစ္စြန္႔ထုတ္မႈကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ အထူးသျဖင့္ ဘီယာေသာက္ရင္ ေဂါက္ေရာဂါထျခင္း ျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ အရက္ကို ေရွာင္တာက အေကာင္းဆုံးပါ။ အရက္မေသာက္ဘဲ မေနနိုင္ရင္ ဝိုင္တစ္ေန႔ တစ္ခြက္ေသာက္နိုင္ပါတယ္။ေရႏွင့္ ေဖ်ာ္ရည္မ်ားမ်ား ေသာက္ပါ
ေရနဲ႔ေဖ်ာ္ရည္ေတြဟာ ခႏၶာကိုယ္ထဲက ယူရစ္အက္ဆစ္ကို ဖယ္ရွားေပးပါတယ္။ တစ္ေန႔မွာ အနည္းဆုံးေရႏွစ္လီတာခြဲ ေသာက္ပါ။အဆီမပါနို႔ႏွင့္ နို႔ထြက္ပစၥည္းေရြးပါ
အဆီနည္း ဒါမွမဟုတ္ အဆီမပါနို႔ေသာက္တာနဲ႔ ဒိန္ခ်ဥ္ေသာက္တာေတြဟာ ေဂါက္ေရာဂါ အႏၲရာယ္ကို ေလ်ာ့က်ေစေၾကာင္း ေလ့လာမႈ တခ်ိဳ႕ကဆိုပါတယ္။ ေန႔စဥ္ နို႔နဲ႔ နို႔ထြက္ ပစၥည္း တစ္ခြက္ခန္႔ ေသာက္သင့္ပါတယ္။
အခြံခၽြတ္မထားေသာ ေကာက္ပဲသီးႏွံစားပါအခြံခၽြတ္မထားတဲ့ ဆန္လုံးညိဳ၊ အညိဳေရာင္ေခါက္ဆြဲ၊ ေပါင္မုန္႔ညိဳနဲ႔ အသီးအႏွံေတြကို မ်ားမ်ားစားေပးရင္ ေဂါက္ေရာဂါ အႏၲရာယ္ကို ေလ်ာ့က်ေစပါတယ္။ ေဂါက္ေရာဂါရွင္ေတြ အေနနဲ႔ ေန႔တိုင္း ခပ္သြက္သြက္ လမ္းေလၽွာက္ျခင္းလို အသင့္အတင့္ အားကစားလုပ္ရင္ ေဂါက္ေရာဂါေၾကာင့္ နာက်င္မႈေဝဒနာ သက္သာေစတဲ့ အျပင္ ကိုယ္အေလးခ်ိန္ကိုပါ ထိန္းသိမ္းရာ ေရာက္ပါတယ္။
by Good Health