က်မၼာေရး ဗဟုသုတ

ဘာပဲစားစား ဘယ္ေလာက္စားစား ဝမလာတဲ့ ပ်ိဳေမေတြ ဖတ္ဖို႔ …

ဘာပဲစားစား ဘယ္ေလာက္စားစား ဝမလာတဲ့ ပ်ိဳေမေတြ ဖတ္ဖို႔ …

တစ္ခ်ိဳ႕ေတြကေတာ့ ေလရွဴလိုက္ရင္ေတာင္ ဝ တယ္လို႔ ဆိုေနၾကေပမယ့္ ဝ မလာလို႔ စိတ္ညစ္ေနရတဲ့ ေကာင္မေလးေတြလည္း ရွိေနပါေသးတယ္။

ဝ ခ်င္လို႔ အစားေတြ စားေနေပမယ့္လည္း ဝိတ္က တက္မလာဘဲ တစ္ခါတစ္ေလ ဝိတ္ေတာင္ ထပ္က်သြားတာကို ရင္ဆိုင္ေနရတဲ့သူေတြကေတာ့ စားသေလာက္ မဝတဲ့ ပိန္သြယ္သြယ္ ေကာင္မေလးေတြပါပဲ။

ပိန္ေနလို႔ စိတ္ညစ္ေနမယ့္အစား ဒီအခ်က္ေလးေတြကို ျပန္လွည့္ၾကည့္ေပးသင့္ပါတယ္ေနာ္။

(1) ဘာဝတ္ဝတ္ အဆင္ေျပတယ္

ပိန္တဲ့သူေတြကို ၾကည့္မေကာင္းဘူးလို႔ ဆိုၾကပါတယ္။ ဒါေပမယ့္ ပိန္ပိန္ ဝဝ ဖက္ရွင္အျမင္ရွိရင္ အဆင္ေျပပါတယ္။ ကိုယ့္ ခႏၶာနဲ႔ လိုက္ဖက္မယ့္ ပံုစံကို ဝတ္လို႔ ရပါတယ္။

ဝတဲ့သူေတြထက္ စာရင္ ပိန္တဲ့သူေတြက ေရြးခ်ယ္စရာ ပိုမ်ားလို႔ ကိုယ့္ size အက်ႌေတြလည္း ဝတ္လို႔ ရသလို ကိုယ့္ထက္ size ႀကီးတဲ့ အဝတ္ေတြကိုလည္း အပြပံုစံအျဖစ္ ေျပာင္းလဲ ဝတ္ဆင္ႏိုင္ပါေသးတယ္။

(2) အက်ႌေတြ အလဟသ မျဖစ္ဘူး

ဝိတ္တက္တာက ေကာင္းေတာ့ ေကာင္းပါတယ္။ မေကာင္းတာက ဝယ္ထားတဲ့ အက်ႌေတြကို ဝတ္လို႔ မရ ျဖစ္တာကေတာ့ မေကာင္းပါဘူး။

ဒါေၾကာင့္ ပိန္ေနလို႔ စိတ္ညစ္ေနမယ့္အစား ဝိတ္မတက္လာေတာ့ အဝတ္ေတြ ထပ္ၿပီး ဝယ္စရာ မလိုဘူးဆိုတဲ့ အေတြးရယ္၊ ဝယ္ထားတဲ့ အဝတ္ေတြ အသံုးမဝင္ မျဖစ္ဘူးဆိုတဲ့ အေတြးရယ္နဲ႔ ကိုယ့္ခႏၶာကိုယ္ကို ေက်းဇူးတင္လိုက္သင့္ပါတယ္ေနာ္။

(3) ဝိတ္အတြက္ ပူပန္စရာ မရွိဘူး

ဝိတ္အတြက္ ပိန္တဲ့သူက ပိန္တဲ့ အေလ်ာက္ ဝတဲ့သူကလည္း ဝတဲ့သူ အေလ်ာက္ ပူပန္မႈ ရွိေနတတ္ၾကပါတယ္။ ဒါေပမယ့္ ပိန္လို႔ စိတ္မညစ္ေနသင့္ပါဘူူး။

ဝတာက အခက္အခဲ ရွိေနတာမ်ိဳးေတြ ရွိလို႔ အနည္းဆံုး ဝတဲ့အခါ ၾကံဳရတဲ့ အခက္အခဲမ်ိဳး ကိုယ္ မၾကံဳရဘူးဆိုတဲ့ စိတ္နဲ႔ စိတ္သက္သာရာ ရေအာင္ ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဝိတ္မက်လို႔ဆိုၿပီးလည္း ပူပန္စရာ မရွိတာ တစ္မ်ိဳးေကာင္းပါေသးတယ္။

(4) က်န္းမာေရးေတာ့ ဂရုစိုက္ပါ

ပိန္တာက ေကာင္းတယ္ဆိုေပမယ့္ အရမ္း ပိန္လြန္းတာကေတာ့ မေကာင္းပါဘူး။ အနည္းဆံုး ေပါင္ ၉၀ အထက္ေတာ့ ရွိသင့္ပါတယ္။

ပိန္တဲ့အခါ က်န္းမာေရး အပိုင္းမွာလည္း အားနည္းႏိုင္ၿပီး ခႏၶာကိုယ္ ၾကံ႕ခိုင္မႈမွာလည္း အားနည္းေနတတ္ပါတယ္။ ဒီအတြက္ က်န္းမာေရးနဲ႔ ကိုက္ညီေအာင္ အစားလည္း စား၊ ဝိတ္မက်ေအာင္လည္း ေနသင့္ပါတယ္ေနာ္။

(5) စားခ်င္တိုင္း မစားသင့္ပါဘူး

တစ္ခ်ိဳ႕ ပိန္တဲ့သူေတြက ဘာစားစား မဝဘူးဆိုတဲ့ စိတ္နဲ႔ အစားစံု စားတတ္ၾကပါတယ္။ အခ်ိဳလြန္ကဲတဲ့ စားစရာေတြ၊ အဆီပါဝင္မႈ မ်ားတဲ့ စားစရာေတြကိုလည္း မ်က္ေတာင္ တစ္ခ်က္ မခတ္ပဲ စားတတ္ၾကပါတယ္။

တကယ္ေတာ့ ဝမလာတာမို႔ မစိုးရိမ္ဘူးဆိုရင္ေတာင္ တျခားေသာ ေရာဂါေတြ ျဖစ္လာႏိုင္လို႔ အစားအေသာက္ ဆင္ျခင္သင့္ပါတယ္။ ဝသည္ ျဖစ္ေစ၊ ပိန္သည္ ျဖစ္ေစ၊ အစားအေသာက္ေတြကေန တဆင့္ ေရာဂါေတြလည္း ျဖစ္ေစပါေသးတယ္။

Kham

Unicode

ဘာပဲစားစား ဘယ်လောက်စားစား ဝမလာတဲ့ ပျိုမေတွေ ဖတ်ဖို့ …

တစ်ချို့တွေကတော့ လေရှူလိုက်ရင်တောင် ဝ တယ်လို့ ဆိုနေကြပေမယ့် ဝ မလာလို့ စိတ်ညစ်နေရတဲ့ ကောင်မလေးတွေလည်း ရှိနေပါသေးတယ်။

ဝ ချင်လို့ အစားတွေ စားနေပေမယ့်လည်း ဝိတ်က တက်မလာဘဲ တစ်ခါတစ်လေ ဝိတ်တောင် ထပ်ကျသွားတာကို ရင်ဆိုင်နေရတဲ့သူတွေကတော့ စားသလောက် မဝတဲ့ ပိန်သွယ်သွယ် ကောင်မလေးတွေပါပဲ။

ပိန်နေလို့ စိတ်ညစ်နေမယ့်အစား ဒီအချက်လေးတွေကို ပြန်လှည့်ကြည့်ပေးသင့်ပါတယ်နော်။

(1) ဘာဝတ်ဝတ် အဆင်ပြေတယ်

ပိန်တဲ့သူတွေကို ကြည့်မကောင်းဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် ပိန်ပိန် ဝဝ ဖက်ရှင်အမြင်ရှိရင် အဆင်ပြေပါတယ်။ ကိုယ့် ခန္ဓာနဲ့ လိုက်ဖက်မယ့် ပုံစံကို ဝတ်လို့ ရပါတယ်။

ဝတဲ့သူတွေထက် စာရင် ပိန်တဲ့သူတွေက ရွေးချယ်စရာ ပိုများလို့ ကိုယ့် size အင်္ကျီတွေလည်း ဝတ်လို့ ရသလို ကိုယ့်ထက် size ကြီးတဲ့ အဝတ်တွေကိုလည်း အပွပုံစံအဖြစ် ပြောင်းလဲ ဝတ်ဆင်နိုင်ပါသေးတယ်။

(2) အင်္ကျီတွေ အလဟသ မဖြစ်ဘူး

ဝိတ်တက်တာက ကောင်းတော့ ကောင်းပါတယ်။ မကောင်းတာက ဝယ်ထားတဲ့ အင်္ကျီတွေကို ဝတ်လို့ မရ ဖြစ်တာကတော့ မကောင်းပါဘူး။

ဒါကြောင့် ပိန်နေလို့ စိတ်ညစ်နေမယ့်အစား ဝိတ်မတက်လာတော့ အဝတ်တွေ ထပ်ပြီး ဝယ်စရာ မလိုဘူးဆိုတဲ့ အတွေးရယ်၊ ဝယ်ထားတဲ့ အဝတ်တွေ အသုံးမဝင် မဖြစ်ဘူးဆိုတဲ့ အတွေးရယ်နဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကျေးဇူးတင်လိုက်သင့်ပါတယ်နော်။

(3) ဝိတ်အတွက် ပူပန်စရာ မရှိဘူး

ဝိတ်အတွက် ပိန်တဲ့သူက ပိန်တဲ့ အလျောက် ဝတဲ့သူကလည်း ဝတဲ့သူ အလျောက် ပူပန်မှု ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် ပိန်လို့ စိတ်မညစ်နေသင့်ပါဘူး။

ဝတာက အခက်အခဲ ရှိနေတာမျိုးတွေ ရှိလို့ အနည်းဆုံး ဝတဲ့အခါ ကြုံရတဲ့ အခက်အခဲမျိုး ကိုယ် မကြုံရဘူးဆိုတဲ့ စိတ်နဲ့ စိတ်သက်သာရာ ရအောင် ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဝိတ်မကျလို့ဆိုပြီးလည်း ပူပန်စရာ မရှိတာ တစ်မျိုးကောင်းပါသေးတယ်။

(4) ကျန်းမာရေးတော့ ဂရုစိုက်ပါ

ပိန်တာက ကောင်းတယ်ဆိုပေမယ့် အရမ်း ပိန်လွန်းတာကတော့ မကောင်းပါဘူး။ အနည်းဆုံး ပေါင် ၉၀ အထက်တော့ ရှိသင့်ပါတယ်။

ပိန်တဲ့အခါ ကျန်းမာရေး အပိုင်းမှာလည်း အားနည်းနိုင်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း အားနည်းနေတတ်ပါတယ်။ ဒီအတွက် ကျန်းမာရေးနဲ့ ကိုက်ညီအောင် အစားလည်း စား၊ ဝိတ်မကျအောင်လည်း နေသင့်ပါတယ်နော်။

(5) စားချင်တိုင်း မစားသင့်ပါဘူး

တစ်ချို့ ပိန်တဲ့သူတွေက ဘာစားစား မဝဘူးဆိုတဲ့ စိတ်နဲ့ အစားစုံ စားတတ်ကြပါတယ်။ အချိုလွန်ကဲတဲ့ စားစရာတွေ၊ အဆီပါဝင်မှု များတဲ့ စားစရာတွေကိုလည်း မျက်တောင် တစ်ချက် မခတ်ပဲ စားတတ်ကြပါတယ်။

တကယ်တော့ ဝမလာတာမို့ မစိုးရိမ်ဘူးဆိုရင်တောင် တခြားသော ရောဂါတွေ ဖြစ်လာနိုင်လို့ အစားအသောက် ဆင်ခြင်သင့်ပါတယ်။ ဝသည် ဖြစ်စေ၊ ပိန်သည် ဖြစ်စေ၊ အစားအသောက်တွေကနေ တဆင့် ရောဂါတွေလည်း ဖြစ်စေပါသေးတယ်။

Kham