က်မၼာေရး ဗဟုသုတ

အမြင်အာရုံ ကြည်လင်စေပြီး မျက်စိညောင်းညာမှုကို ပြေပျောက်စေမယ့် မျက်လုံး လေ့ကျင့်ခန်းများ

အမြင်အာရုံ ကြည်လင်စေပြီး မျက်စိညောင်းညာမှုကို ပြေပျောက်စေမယ့် မျက်လုံး လေ့ကျင့်ခန်းများ

By ဟယ်လ်သင်

ကွန်ပျူတာ၊ ဖုန်း စတာတွေနဲ့ တနေ့တာပတ်လုံး အသုံးပြုနေရတဲ့ မျက်လုံးတွေဟာ အချိန်ကြာလာတာနဲ့အမျှ ညောင်းညာနွမ်းနယ်လာတာမျိုးနဲ့ အမြင်အာရုံ မကြည်လင်တာမျိုး ဖြစ်ပေါ်တတ်ပါတယ်။ အခု ဖော်ပြပေးမယ့် မျက်လုံး လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် အမြင်အာရုံတွေကို ကြည်လင်စေမှာဖြစ်တဲ့အပြင် မျက်လုံးညောင်းညာမှုတွေကိုပါ သက်သာစေမှာ ဖြစ်ပါတယ်။

(၁) မျက်လုံးကို ၅ စက္ကန့်လောက် အတတ်နိုင်ဆုံး ပြူးနိုင်သလောက် ပြူးထားတဲ့ မျက်လုံံး လေ့ကျင့်ခန်းကို ၈ ကြိမ်ကနေ ၁၀ ကြိမ်လောက်အထိ ပြုလုပ်ပေးခြင်းဟာ မျက်လုံးကြွက်သားတွေကို သန်မာစေတဲ့အပြင် သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေနိုင်ပါတယ်။

(၂) လက်ဖဝါးနှစ်ဖက်ကို ပူအောင် ခပ်ကြာကြာပွတ်ပေးပြီး မျက်လုံးတွေပေါ်မှာ မိနစ်အနည်းငယ်ခန့် ဖိကပ်ပေးခြင်းဟာ ညောင်းညာနေတဲ့ မျက်လုံးတွေကို အညောင်းအညာ ပြေစေပါတယ်။

(၃) မျက်လုံးကို ၅ စက္ကန့်လောက်ထိ ခပ်တင်းတင်းပိတ်ထားပြီးမှ ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်တဲ့ လေ့ကျင့်ခန်းကို ၁၀ ကြိမ်လောက်ထိ ပြုလုပ်ပေးသင့်ပါတယ်။

(၄) မျက်လုံးအတွင်းက မျက်ဆန်ကို စက်ဝိုင်းပုံသဏ္ဍာန် ဘယ်ဘက်ခြမ်းတကြိမ်၊ ညာဘက်ခြမ်းတကြိမ် နာရီလက်တံပုံစံအတိုင်း လှည့်ပေးခြင်းအားဖြင့် မျက်လုံးညောင်းညာမှုကို ပြေပျောက်စေနိုင်ပါတယ်။

(၅) မျက်စိကျန်းမာရေးဆိုင်ရာ ဆေးပညာရှင်တွေရဲ့ အကြံပြုချက်တွေအရ မျက်လုံးကို တနေ့ ၂ ကြိမ်ခန့် ရေသန့်ခပ်အေးအေးနဲ့ ဆေးပေးသင့်တယ်လို့ သိရပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ရာသီဥတုကြောင့် မျက်လုံးပူခြင်း၊ မျက်စိနာခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

(၆) မျက်လုံံးအတွင်းက မျက်ဆန်ကို တတ်နိုင်သလောက် ဘယ်ဘက်ထောင့်ကို ကပ်ပါ၊ အဲဒီအတိုင်း ၅ စက္ကန့်လောက်ထိ နေပေးပြီးမှ မျက်ဆန်ကို ညာဘက်ထောင့်ဆီ ကပ်ပေးပါ။ ပြီးရင်တော့ အလယ်တည့်တည့်ကြည့်ပြီး သက်သောင့်သက်သာ အနေအထားနဲ့ ပြန်နေပေးပါ။ ဒီလေ့ကျင့်ခန်းဟာဆိုရင် ညောင်းညာနေတဲ့ မျက်လုံးကြွက်သားတွေကို သိသိသာသာ ပြေလျော့စေမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်တင်ဆက်ပေးမှာမို့လို့ page လေးကို like လုပ်ထားဖို့မမေ့ပါနဲ့နော်

အျမင္အာ႐ုံ ၾကည္လင္ေစၿပီး မ်က္စိေညာင္းညာမႈကို ေျပေပ်ာက္ေစမယ့္ မ်က္လုံး ေလ့က်င့္ခန္းမ်ား

By ဟယ္လ္သင္

ကြန္ပ်ဴတာ၊ ဖုန္း စတာေတြနဲ႔ တေန႔တာပတ္လုံး အသုံးျပဳေနရတဲ့ မ်က္လုံးေတြဟာ အခ်ိန္ၾကာလာတာနဲ႔အမၽွ ေညာင္းညာႏြမ္းနယ္လာတာမ်ိဳးနဲ႔ အျမင္အာ႐ုံ မၾကည္လင္တာမ်ိဳး ျဖစ္ေပၚတတ္ပါတယ္။ အခု ေဖာ္ျပေပးမယ့္ မ်က္လုံး ေလ့က်င့္ခန္းေတြကို ပုံမွန္ျပဳလုပ္ေပးမယ္ဆိုရင္ အျမင္အာ႐ုံေတြကို ၾကည္လင္ေစမွာျဖစ္တဲ့အျပင္ မ်က္လုံးေညာင္းညာမႈေတြကိုပါ သက္သာေစမွာ ျဖစ္ပါတယ္။

(၁) မ်က္လုံးကို ၅ စကၠန႔္ေလာက္ အတတ္နိုင္ဆုံး ျပဴးနိုင္သေလာက္ ျပဴးထားတဲ့ မ်က္လုံံး ေလ့က်င့္ခန္းကို ၈ ႀကိမ္ကေန ၁၀ ႀကိမ္ေလာက္အထိ ျပဳလုပ္ေပးျခင္းဟာ မ်က္လုံးႂကြက္သားေတြကို သန္မာေစတဲ့အျပင္ ေသြးလွည့္ပတ္မႈကိုပါ ေကာင္းမြန္ေစနိုင္ပါတယ္။

(၂) လက္ဖဝါးႏွစ္ဖက္ကို ပူေအာင္ ခပ္ၾကာၾကာပြတ္ေပးၿပီး မ်က္လုံးေတြေပၚမွာ မိနစ္အနည္းငယ္ခန႔္ ဖိကပ္ေပးျခင္းဟာ ေညာင္းညာေနတဲ့ မ်က္လုံးေတြကို အေညာင္းအညာ ေျပေစပါတယ္။

(၃) မ်က္လုံးကို ၅ စကၠန႔္ေလာက္ထိ ခပ္တင္းတင္းပိတ္ထားၿပီးမွ ျဖည္းျဖည္းခ်င္း ျပန္လည္ဖြင့္တဲ့ ေလ့က်င့္ခန္းကို ၁၀ ႀကိမ္ေလာက္ထိ ျပဳလုပ္ေပးသင့္ပါတယ္။

(၄) မ်က္လုံးအတြင္းက မ်က္ဆန္ကို စက္ဝိုင္းပုံသ႑ာန္ ဘယ္ဘက္ျခမ္းတႀကိမ္၊ ညာဘက္ျခမ္းတႀကိမ္ နာရီလက္တံပုံစံအတိုင္း လွည့္ေပးျခင္းအားျဖင့္ မ်က္လုံးေညာင္းညာမႈကို ေျပေပ်ာက္ေစနိုင္ပါတယ္။

(၅) မ်က္စိက်န္းမာေရးဆိုင္ရာ ေဆးပညာရွင္ေတြရဲ့ အႀကံျပဳခ်က္ေတြအရ မ်က္လုံးကို တေန႔ ၂ ႀကိမ္ခန႔္ ေရသန႔္ခပ္ေအးေအးနဲ႔ ေဆးေပးသင့္တယ္လို႔ သိရပါတယ္။ ဒီလိုျပဳလုပ္ျခင္းဟာ ရာသီဥတုေၾကာင့္ မ်က္လုံးပူျခင္း၊ မ်က္စိနာျခင္းတို႔ကို ကာကြယ္ေပးနိုင္ပါတယ္။

(၆) မ်က္လုံံးအတြင္းက မ်က္ဆန္ကို တတ္နိုင္သေလာက္ ဘယ္ဘက္ေထာင့္ကို ကပ္ပါ၊ အဲဒီအတိုင္း ၅ စကၠန႔္ေလာက္ထိ ေနေပးၿပီးမွ မ်က္ဆန္ကို ညာဘက္ေထာင့္ဆီ ကပ္ေပးပါ။ ၿပီးရင္ေတာ့ အလယ္တည့္တည့္ၾကည့္ၿပီး သက္ေသာင့္သက္သာ အေနအထားနဲ႔ ျပန္ေနေပးပါ။ ဒီေလ့က်င့္ခန္းဟာဆိုရင္ ေညာင္းညာေနတဲ့ မ်က္လုံးႂကြက္သားေတြကို သိသိသာသာ ေျပေလ်ာ့ေစမွာ ျဖစ္ပါတယ္။

က်န္းမာေရးဗဟုသုတမ်ားကိုေန႔စဥ္တင္ဆက္ေပးမွာမို႔လို႔ page ေလးကို like လုပ္ထားဖို႔မေမ့ပါနဲ႔ေနာ္