ဗဟုသုတ

မုန့်ဟင်းခါးချက်ကြမယ်နော်

မုန့်ဟင်းခါးချက်ကြမယ်နော်

အရင်ဆုံးဘဲဥကိုပြုတ်ပြီး အခွံခွာ အစိတ်စိတ်လှီးထားပါ

ငါး ငံပြာရည် ရေ စပါးလင်ထုထောင်းပြီး ပြုတ်ထားပါ

ငါးအသားရပြီဆို အသားနွင်ထားပါ

ကြက်သွန်ဖြူနီဂျင်းစပါးလင်ဆနွင်း ညက်နေအောင်ထောင်းပြီး ဆီများများထည့်ကာ ဆီသပ်ပါအနည်းငယ်ကြွပ်လာပြီဆိုမှ ငရုတ်စိမ်းမှုန့် နဲ့ ငါးထည့်ကာ ၅ မိနစ်ခန့် မွှေပြီးဆီသပ်ထားပါငရုတ်ကောင်းထောင်းထားပါ

မွှေးတံဆိပ် မုန့်ဟင်းခါးမှုန့်တစ်ထုပ်ကိုရေအနည်းငယ်ထည့်ပြီး နှံစပ်အောင် မွှေထားပေးပါ ငါးပြုတ်ရည် ကြက်သွန်ဥ ရေအနည်းငယ် ဘဲဥပြုပ် နဲ့ထန်းလျက်၃လုံးထည့်ပြီး ဆူပွက်လာသည်အထိတည်ပါ

ဆူပွက်ပြီဆိုမှ ဖျော်ထားတဲ့မုန့်ဟင်းခါးရည်ထည့်ပြီး၅ မိနစ်ခန့်မွှေပေးပါ ငါးဆီသပ် ဆား ငရုတ်ကောင်းအချိုမှုန့်/ကြက်သားမှုန့် ဌက်ပျောအူ နဲ့စားနိုင်တဲ့ရေပမာဏ ထပ်ရောထည့်ပြီး ခပ်ကြာကြာလေးပွက်ပွက်ဆူအောင်ထားပေးပြီးရင် ရပါပြီ ။ကျွန်မက မုန့်ဟင်းခါးဆို ပျစ်ပျစ်ကြီးချက်တာမကြိုက်လို့ပဲထည့်မချက်ထားပေမဲ့ မွှေးမုန့်ဟင်းရည်မှုန့်နဲ့ချက်ထားတာဖြစ်လို့ အရောင်ကမဲမဲကြီးဖြစ်မနေပါဘူး ။

ငါးငံပြာရည်/တောငံပြာရည်အကောင်းစား သုံးပြီးချက်ပါရှင့် ဘာလို့ဆို မုန့်ဟင်းခါးအသက်ကငံပြာရည်ဖြစ်နေလို့ပါဘဲ ။

ပဲနဲ့ချက်တဲ့မုန့်ဟင်းခါး

Credit to Original

မုန္႔ဟင္းခါးခ်က္ၾကမယ္ေနာ္

အရင္ဆုံးဘဲဥကိုျပဳတ္ၿပီး အခြံခြာ အစိတ္စိတ္လွီးထားပါ

ငါး ငံျပာရည္ ေရ စပါးလင္ထုေထာင္းၿပီး ျပဳတ္ထားပါ

ငါးအသားရၿပီဆို အသားႏြင္ထားပါ

ၾကက္သြန္ျဖဴနီဂ်င္းစပါးလင္ဆႏြင္း ညက္ေနေအာင္ေထာင္းၿပီး ဆီမ်ားမ်ားထည့္ကာ ဆီသပ္ပါအနည္းငယ္ႂကြပ္လာၿပီဆိုမွ င႐ုတ္စိမ္းမႈန္႔ နဲ႔ ငါးထည့္ကာ ၅ မိနစ္ခန္႔ ေမႊၿပီးဆီသပ္ထားပါင႐ုတ္ေကာင္းေထာင္းထားပါ

ေမႊးတံဆိပ္ မုန္႔ဟင္းခါးမႈန္႔တစ္ထုပ္ကိုေရအနည္းငယ္ထည့္ၿပီး ႏွံစပ္ေအာင္ ေမႊထားေပးပါ ငါးျပဳတ္ရည္ ၾကက္သြန္ဥ ေရအနည္းငယ္ ဘဲဥျပဳပ္ နဲ႔ထန္းလ်က္၃လုံးထည့္ၿပီး ဆူပြက္လာသည္အထိတည္ပါ

 

ဆူပြက္ၿပီဆိုမွ ေဖ်ာ္ထားတဲ့မုန္႔ဟင္းခါးရည္ထည့္ၿပီး၅ မိနစ္ခန္႔ေမႊေပးပါ ငါးဆီသပ္ ဆား င႐ုတ္ေကာင္းအခ်ိဳမႈန္႔/ၾကက္သားမႈန္႔ ဌက္ေပ်ာအူ နဲ႔စားနိုင္တဲ့ေရပမာဏ ထပ္ေရာထည့္ၿပီး ခပ္ၾကာၾကာေလးပြက္ပြက္ဆူေအာင္ထားေပးၿပီးရင္ ရပါၿပီ ။ကၽြန္မက မုန္႔ဟင္းခါးဆို ပ်စ္ပ်စ္ႀကီးခ်က္တာမႀကိဳက္လို႔ပဲထည့္မခ်က္ထားေပမဲ့ ေမႊးမုန္႔ဟင္းရည္မႈန္႔နဲ႔ခ်က္ထားတာျဖစ္လို႔ အေရာင္ကမဲမဲႀကီးျဖစ္မေနပါဘူး ။

ငါးငံျပာရည္/ေတာငံျပာရည္အေကာင္းစား သုံးၿပီးခ်က္ပါရွင့္ ဘာလို႔ဆို မုန္႔ဟင္းခါးအသက္ကငံျပာရည္ျဖစ္ေနလို႔ပါဘဲ ။

ပဲနဲ႔ခ်က္တဲ့မုန္႔ဟင္းခါး

Credit to Original