ကွယ်လွန်သူဖခင်ရဲ့ရုပ်အလောင်းနှင့်အတူ အခေါင်းထဲသို့ ဒေါ်လာ ၇ ,၆၀၀ တန်ဖိုးရှိငွေစက္ကူများပါထည့်ကာ မြေမြှုပ်ပေးခဲ့တဲ့ အမျိုးသားတစ်ဦး
မလေးရှားနိုင်ငံရှိ အိန္ဒိယအမျိုးသားတစ်ဦးဟာ သေဆုံးသွားတဲ့ဖခင်ဖြစ်သူရဲ့ရုပ်အလောင်းကို ထူးခြားတဲ့နည်းဖြင့် သင်္ဂြိုဟ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံဟာ လူမျိုးပေါင်းစုံအုပ်စုများရောနှောပေါင်းစပ်ထားတဲ့နိုင်ငံဖြစ်ပြီး ထိုလူဦးရေအများစုမှာ မလေးရှား၊ တရုတ်နှင့်အိန္ဒိယလူမျိုးများ ဖြစ်ကြပါတယ်။
တရုတ်လူမျိုးများရဲ့ဓလေ့အရ သေသူအားနောက်ဘ၀မှာလည်း အသုံးပြုနိုင်ရန်ရည်စူးပြီး လူ့လောကရှိအရာဝတ္ထုများဖြစ်တဲ့ ကားများ၊ အဝတ်အစားများနှင့်ငွေကဲ့သို့သောအရာဝတ္ထုများကို စက္ကူဖြင့်ပုံဖော်ကာ ထည့်သွားခြင်းဖြင့် သင်္ဂြိုဟ်ကြပါတယ်။
သို့ပေမဲ့ ဇန်နဝါရီ ၁၆ ရက်မှာ မလေးရှားရှိ အိန္ဒိယအမျိုးသားတစ်ဦးဟာ သစ်ဆန်းတဲ့ဖန်တီးမှုတစ်မျိုးဖြင့် သေဆုံးသွားတဲ့ဖခင်ဖြစါသူရဲ့ရုပ်အလောင်းနှင့်အတူ အခေါင်းထဲမှာ ငွေကြေးတန်ဖိုး ယွမ် ၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၆၀၀) ကို အတူတကွထည့်ထားခဲ့ပြီး သဂြိုလ်မြှုပ်နှံပေးခဲ့ပါတယ်။
အဆိုပါအမျိုးသားဟာ ဖခင်ဖြစ်သူကိုကျေးဇူးဆပ်ချင်တဲ့အတွက် သူ့အနေနဲ့ လေးစားမှုရဲ့လက္ခဏာတစ်ခုအဖြစ် ယခုလိုပြုလုပ်ခဲ့ပုံရပါတယ်။ အခေါင်းရဲ့ဖန်အဖုံးကနေ အတွင်းထဲရှိဖခင်ဖြစ်သူရဲ့ရုပ်အလောင်းဟာ ငွေကြေးများဖြင့် ဖုံးလွှမ်းနေတာကို ဓာတ်ပုံမှာ တွေ့မြင်နိုင်ပါတယ်။
အဆိုပါအမျိုးသားရဲ့ဖခင်ဟာ ရောဂါအမျိုးမျိုးကိုခံစားခဲ့ရပြီးနောက် သေဆုံးခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ဈာပနအခမ်းအနားကို Selangor တောင်ပိုင်းမှာ ကျင်းပပေးခဲ့ကြပါတယ်။၎င်းဓါတ်ပုံများကို အင်တာနက်ပေါ်တင်လိုက်ပြီးနောက်မှာ ၎င်း post ဟာ တောမီးကဲ့သို့ပျံ့နှံ့သွားခဲ့ပြီး social media အသုံးပြုသူ netizen များစွာက ထိုဓာတ်ပုံများနှင့်ပတ်သက်ပြီး ပြောစရာများ များစွာရှိလာခဲ့ပါတယ်။
အချို့က ရုပ်အလောင်းနှင့်အတူငွေကြေးများမြှပ်နှံခြင်းက မိုက်ရူးရဲဆန်တယ်လို့ ယူဆခဲ့ကြပြီး ညပိုင်းမှထိုငွေများအခိုးခံရနိုင်ကြောင်း ဆိုခဲ့ကြပါတယ်။ အချို့သောအခြားသူများကလည်း ၎င်းငွေစက္ကူများက အတုဖြစ်နိုင်ကြောင်း သံသယရှိခဲ့ကြပေမဲ့လည်း တရုတ်စာနယ်ဇင်းများက ၎င်းငွေစက္ကူများကအစစ်သာဖြစ်ကြောင်း ပြန်လည်ထောက်ခံထားခဲ့ကြပါတယ်။
credit
Zawgyi
ကြယ္လြန္သူဖခင္ရဲ႕႐ုပ္အေလာင္းႏွင့္အတူ အေခါင္းထဲသို႔ ေဒၚလာ ၇ ,၆၀၀ တန္ဖိုးရွိေငြစကၠဴမ်ားပါထည့္ကာ ေျမျမႇဳပ္ေပးခဲ့တဲ့ အမ်ိဳးသားတစ္ဦး
မေလးရွားႏိုင္ငံရွိ အိႏၵိယအမ်ိဳးသားတစ္ဦးဟာ ေသဆုံးသြားတဲ့ဖခင္ျဖစ္သူရဲ႕႐ုပ္အေလာင္းကို ထူးျခားတဲ့နည္းျဖင့္ သၿဂႋဳဟ္ရန္ဆုံးျဖတ္ခဲ့ပါတယ္။ အေရွ႕ေတာင္အာရွႏိုင္ငံဟာ လူမ်ိဳးေပါင္းစုံအုပ္စုမ်ားေရာေႏွာေပါင္းစပ္ထားတဲ့ႏိုင္ငံျဖစ္ၿပီး ထိုလူဦးေရအမ်ားစုမွာ မေလးရွား၊ တ႐ုတ္ႏွင့္အိႏၵိယလူမ်ိဳးမ်ား ျဖစ္ၾကပါတယ္။
တ႐ုတ္လူမ်ိဳးမ်ားရဲ႕ဓေလ့အရ ေသသူအားေနာက္ဘ၀မွာလည္း အသုံးျပဳႏိုင္ရန္ရည္စူးၿပီး လူ႔ေလာကရွိအရာဝတၳဳမ်ားျဖစ္တဲ့ ကားမ်ား၊ အဝတ္အစားမ်ားႏွင့္ေငြကဲ့သို႔ေသာအရာဝတၳဳမ်ားကို စကၠဴျဖင့္ပုံေဖာ္ကာ ထည့္သြားျခင္းျဖင့္ သၿဂႋဳဟ္ၾကပါတယ္။ သို႔ေပမဲ့ ဇန္နဝါရီ ၁၆ ရက္မွာ မေလးရွားရွိ အိႏၵိယအမ်ိဳးသားတစ္ဦးဟာ သစ္ဆန္းတဲ့ဖန္တီးမႈတစ္မ်ိဳးျဖင့္ ေသဆုံးသြားတဲ့ဖခင္ျဖစါသူရဲ႕႐ုပ္အေလာင္းႏွင့္အတူ အေခါင္းထဲမွာ ေငြေၾကးတန္ဖိုး ယြမ္ ၃၀,၀၀၀ (အေမရိကန္ေဒၚလာ ၇,၆၀၀) ကို အတူတကြထည့္ထားခဲ့ၿပီး သၿဂိဳလ္ျမႇဳပ္ႏွံေပးခဲ့ပါတယ္။
အဆိုပါအမ်ိဳးသားဟာ ဖခင္ျဖစ္သူကိုေက်းဇူးဆပ္ခ်င္တဲ့အတြက္ သူ႔အေနနဲ႔ ေလးစားမႈရဲ႕လကၡဏာတစ္ခုအျဖစ္ ယခုလိုျပဳလုပ္ခဲ့ပုံရပါတယ္။ အေခါင္းရဲ႕ဖန္အဖုံးကေန အတြင္းထဲရွိဖခင္ျဖစ္သူရဲ႕႐ုပ္အေလာင္းဟာ ေငြေၾကးမ်ားျဖင့္ ဖုံးလႊမ္းေနတာကို ဓာတ္ပုံမွာ ေတြ႕ျမင္ႏိုင္ပါတယ္။
အဆိုပါအမ်ိဳးသားရဲ႕ဖခင္ဟာ ေရာဂါအမ်ိဳးမ်ိဳးကိုခံစားခဲ့ရၿပီးေနာက္ ေသဆုံးခဲ့တာျဖစ္ၿပီး ဖခင္ျဖစ္သူရဲ႕ဈာပနအခမ္းအနားကို Selangor ေတာင္ပိုင္းမွာ က်င္းပေပးခဲ့ၾကပါတယ္။၎ဓါတ္ပုံမ်ားကို အင္တာနက္ေပၚတင္လိုက္ၿပီးေနာက္မွာ ၎ post ဟာ ေတာမီးကဲ့သို႔ပ်ံ႕ႏွံ႔သြားခဲ့ၿပီး social media အသုံးျပဳသူ netizen မ်ားစြာက ထိုဓာတ္ပုံမ်ားႏွင့္ပတ္သက္ၿပီး ေျပာစရာမ်ား မ်ားစြာရွိလာခဲ့ပါတယ္။
အခ်ိဳ႕က ႐ုပ္အေလာင္းႏွင့္အတူေငြေၾကးမ်ားျမႇပ္ႏွံျခင္းက မိုက္႐ူးရဲဆန္တယ္လို႔ ယူဆခဲ့ၾကၿပီး ညပိုင္းမွထိုေငြမ်ားအခိုးခံရႏိုင္ေၾကာင္း ဆိုခဲ့ၾကပါတယ္။ အခ်ိဳ႕ေသာအျခားသူမ်ားကလည္း ၎ေငြစကၠဴမ်ားက အတုျဖစ္ႏိုင္ေၾကာင္း သံသယရွိခဲ့ၾကေပမဲ့လည္း တ႐ုတ္စာနယ္ဇင္းမ်ားက ၎ေငြစကၠဴမ်ားကအစစ္သာျဖစ္ေၾကာင္း ျပန္လည္ေထာက္ခံထားခဲ့ၾကပါတယ္။
credit