အသစ်စက်စက် လက်ထပ်ထားတဲ့ လင်မယား နှစ်ယောက်ဟာ နောက်တစ်နေ့ မနက်မှာ မိဘတွေ လက်ဖွဲ့ထားတဲ့ တထပ်တိုက်လေးထဲက လက်ဖွဲ့တွေကို စစ်ဆေးကြည့်နေ ကြတယ် ။
နှစ်ဖက်မိဘ အသိုင်းအဝိုင်းတွေဟာ အရမ်း ချမ်းသာတဲ့ သူဌေးတွေ ဖြစ်ကြလို့ လက်ဖွဲ့တွေကလည်း အဖိုးတန် ပစ္စည်းတွေနဲ့ ပိုက်ဆံတွေ များပါတယ် ။ နောက်ဆုံး လက်ဖွဲ့ အထုတ်ကို ဖေါက်လိုက်တဲ့အခါ အထုတ်ထဲမှာ စာအိတ်ဖြူ တခုကို တွေ့လိုက်ရတယ် ။
စာအိတ်ကို ဖေါက်ကြည့်လိုက်တော့ နောက်အပတ်မှာ လုပ်မယ့် နာမည်ကြီး အဆိုတော် တစ်ယောက်ရဲ့ Live Show ပွဲတခုရဲ့ ရှေ့ဆုံးတန်းက လက်မှတ် နှစ်စောင် ဖြစ်နေတယ် ။ အဲဒီ Show ပွဲရဲ့ လက်မှတ်ခဟာ အရမ်း ဈေးကြီးသလို လက်မှတ် ဝယ်လို့လည်း မရတော့ဘူး ။
ဖျော်ဖြေမယ့် အဆိုတော်ဟာ သူတို့နှစ်ယောက်စလုံး အင်မတန် ကြိုက်နှစ်သက်တဲ့ အဆိုတော်ပါ ။ သူတို့ နှစ်ယောက်ဟာ လက်မှတ်တွေကို ကြည့်ပြီး အရမ်း ဝမ်းသာသွား ကြတယ် ။
လက်မှတ်တွေနဲ့ အတူ ပန်းရောင် စာရွက်ခေါက်လေး တခုကို တွေ့လို့ ဖြန့်ပြီး ဖတ်ကြည့်လိုက် ကြတယ် ။ စာရွက်ပေါ်မှာ ရေးထားတာက “ လက်မှတ်ပေးသူကို မှန်းဆကြည့်ပါ ” တဲ့ ။ စာအောက်မှာ နာမည် မပါဘူး ။ လင်မယား နှစ်ယောက်ဟာ နောက်နေ့ ကျတော့ သူတို့မိတ်ဆွေတွေကို လက်မှတ်ပေးတာ ဘယ်သူလဲဆိုပီး မေးကြည့်တယ် ။
အားလုံးက သူတို့ မဟုတ်ဘူးလို့ ပြောကြတယ် ။ လင်မယားလည်း လူကုန်သလောက် မေးပြီးလို့ လက်မှတ်ပို့သူကို ရှာမတွေ့တာကြောင့် လက်လျှော့လိုက် ကြတယ် ။ ဘာပဲဖြစ်ဖြစ် လက်မှတ်ပေးတဲ့သူကို ကျေးဇူးတင်နေ ကြတယ် ။
Show ပွဲ စမယ့် ညနေမှာ သူတို့ လင်မယားဟာ နာမည်ကြီး စားသောက်ဆိုင် တစ်ခုမှာ ထမင်းစားကြတယ် ။ ပြီးမှ Show ပွဲကို သွားကြည့်တယ် ။ Show ပွဲဟာ လူအပြည့် ပါပဲ ။ တီးတာ ဆိုတာတွေကလည်း အရမ်းကောင်း ၊ ပရိသတ်တွေကလည်း သီချင်းတွေ လိုက်ဆိုကြနဲ့ဆိုတော့ ပျော်စရာ အလွန်ကောင်းတယ် ။
အဆိုတော်ကလည်း သူတို့ကြိုက်တဲ့ သီချင်းတွေကို အများဆုံး ဆိုသွားလို့ လင်မယားနှစ်ယောက်ဟာ အရမ်းပျော်နေကြတယ် ။ Show ပွဲက ည ၁၁ နာရီမှ ပြီးတယ် ။ အိမ်ကို သူတို့ကားလေးနဲ့ ပြန်လာကြတယ် ။
လမ်းမှာ သူတို့ဟာ Show ပွဲ ဘယ်လောက် ကောင်းကြောင်း၊ အဆိုတော်ကို အနီးကပ်မြင်တွေ့ရလို့ ကျေနပ်ကြောင်းနဲ့ လက်မှတ်ပေးတဲ့ သူကိုလည်း အရမ်း ကျေးဇူးတင်ကြောင်းတွေ တဖွဖွ ပြောလာကြတယ် ။
သူတို့ အိမ်ပြန်ရောက်တဲ့အခါ သော့ခတ်ထားတဲ့ ခြံဝင်းတံခါး ပွင့်နေတယ် ။ ခြံဝင်းထဲမှာ ကားရပ်ပြီးတာနဲ့ နှစ်ယောက်စလုံး ကားပေါ်က ကမန်းကတန်း ဆင်းပြီး အိမ်ဆီကို ပြေးသွားကြတယ် ။ သော့ခတ်ထားတဲ့ အိမ်တံခါးမကြီးလည်း ပွင့်နေတယ် ။ သူတို့ အိမ်ထဲကို စိုးရိမ်တကြီးနဲ့ ဝင်လိုက်တယ် ။
အိမ်ထဲက ဘီရိုအံဆွဲတွေ၊ စားပွဲအံဆွဲတွေ ပွင့်နေပီး အိပ်ခန်းထဲမှာလည်း မွှေနှောက်ရှာထားလို့ ပစ္စည်းတွေ ပျံ့ကျဲနေတယ် ။ သူတို့ပိုင်တဲ့ ရွှေ ငွေ ရတနာနဲ့ ပိုက်ဆံတွေ ၊ လက်ဖွဲ့ရတဲ့ ပစ္စည်းတွေ ဘာမှ မရှိတော့ဘူး ။ အကုန် ခိုးခံလိုက်ရပြီ ။
ဒါနဲ့ လင်မယား နှစ်ယောက်လည်း အရမ်း စိတ်ဓါတ် ကျနေကြတယ် ။ မိန်းမလည်း ရှိုက်ကြီးတငင် ငိုနေတယ်။ ခဏကြာတော့ လင်မယားနှစ်ယောပ်ဟာ ရေသောက်ဖို့ ထမင်းစားခန်းထဲကို ဝင်လိုက်ကြတယ် ။
ထမင်းစားပွဲပေါ်မှာ ပန်းရောင် စာရွက်ခေါက်လေး တခုကို တွေ့လိုက်ကြတယ် ။ ယောက်ျားက စာရွက်ခေါက်ကို ကမန်းကတန်း ဖြန့်လိုက်ပြီး လက်မယား နှစ်ယောက်အတူ ဖတ်ကြည့်လိုက် ကြတယ် ။
စာရွက်ပေါ်မှာ ရေးထားတာက “ လက်မှတ်ပေးသူကို အခု သိပြီ မဟုတ်လား ” တဲ့ ။ အရင်စာထဲက လက်ရေးနဲ့ အတူတူပဲ ။ နာမည် မရေးထားဘူး ။
သင်နဲ့ မရင်းနှီးသူ တစ်ယောက်က တစုံတခုကို အလကား ပေးလာရင် သတိထားပါ ။ အထူးသဖြင့် ဈေးကြီးတာကို အလကား ပေးလာတယ် ဆိုရင် ပိုပြီး သတိကြီးကြီး ထားလိုက်ပါ ။
“ လောကကြီးမှာ မည်သည့်အရာမှ အလကားမရပါ ”
There is no such thing as something for nothing (Napoleon Hill’s quote).
ဗန်းမော်သိန်းဖေ
for zawgyi
ေလာကႀကီးမွာ မည္သည့္အရာမွ အလကားမရပါ
အသစ္စက္စက္ လက္ထပ္ထားတဲ့ လင္မယားႏွစ္ေယာက္ဟာ ေနာက္တစ္ေန႔ မနက္မွာ မိဘေတြ လက္ဖြဲ႕ထားတဲ့ တထပ္တိုက္ေလးထဲက လက္ဖြဲ႕ေတြကို စစ္ေဆးၾကည့္ေန ၾကတယ္ ။
ႏွစ္ဖက္မိဘ အသိုင္းအဝိုင္းေတြဟာ အရမ္း ခ်မ္းသာတဲ့ သူေဌးေတြ ျဖစ္ၾကလို႔ လက္ဖြဲ႕ေတြကလည္း အဖိုးတန္ ပစၥည္းေတြနဲ႔ ပိုက္ဆံေတြ မ်ားပါတယ္ ။ ေနာက္ဆုံး လက္ဖြဲ႕ အထုတ္ကို ေဖါက္လိုက္တဲ့အခါ အထုတ္ထဲမွာ စာအိတ္ျဖဴ တခုကို ေတြ႕လိုက္ရတယ္ ။
စာအိတ္ကို ေဖါက္ၾကည့္လိုက္ေတာ့ ေနာက္အပတ္မွာ လုပ္မယ့္ နာမည္ႀကီး အဆိုေတာ္ တစ္ေယာက္ရဲ႕ Live Show ပြဲတခုရဲ႕ ေရွ႕ဆုံးတန္းက လက္မွတ္ ႏွစ္ေစာင္ ျဖစ္ေနတယ္ ။ အဲဒီ Show ပြဲရဲ႕ လက္မွတ္ခဟာ အရမ္း ေဈးႀကီးသလို လက္မွတ္ ဝယ္လို႔လည္း မရေတာ့ဘူး ။
ေဖ်ာ္ေျဖမယ့္ အဆိုေတာ္ဟာ သူတို႔ႏွစ္ေယာက္စလုံး အင္မတန္ ႀကိဳက္ႏွစ္သက္တဲ့ အဆိုေတာ္ပါ ။ သူတို႔ ႏွစ္ေယာက္ဟာ လက္မွတ္ေတြကို ၾကည့္ၿပီး အရမ္း ဝမ္းသာသြား ၾကတယ္ ။
လက္မွတ္ေတြနဲ႔ အတူ ပန္းေရာင္ စာ႐ြက္ေခါက္ေလး တခုကို ေတြ႕လို႔ ျဖန႔္ၿပီး ဖတ္ၾကည့္လိုက္ ၾကတယ္ ။ စာ႐ြက္ေပၚမွာ ေရးထားတာက “ လက္မွတ္ေပးသူကို မွန္းဆၾကည့္ပါ ” တဲ့ ။ စာေအာက္မွာ နာမည္ မပါဘူး ။ လင္မယား ႏွစ္ေယာက္ဟာ ေနာက္ေန႔ က်ေတာ့ သူတို႔မိတ္ေဆြေတြကို လက္မွတ္ေပးတာ ဘယ္သူလဲဆိုပီး ေမးၾကည့္တယ္ ။
အားလုံးက သူတို႔ မဟုတ္ဘူးလို႔ ေျပာၾကတယ္ ။ လင္မယားလည္း လူကုန္သေလာက္ ေမးၿပီးလို႔ လက္မွတ္ပို႔သူကို ရွာမေတြ႕တာေၾကာင့္ လက္ေလွ်ာ့လိုက္ ၾကတယ္ ။ ဘာပဲျဖစ္ျဖစ္ လက္မွတ္ေပးတဲ့သူကို ေက်းဇူးတင္ေန ၾကတယ္ ။
Show ပြဲ စမယ့္ ညေနမွာ သူတို႔ လင္မယားဟာ နာမည္ႀကီး စားေသာက္ဆိုင္ တစ္ခုမွာ ထမင္းစားၾကတယ္ ။ ၿပီးမွ Show ပြဲကို သြားၾကည့္တယ္ ။ Show ပြဲဟာ လူအျပည့္ ပါပဲ ။ တီးတာ ဆိုတာေတြကလည္း အရမ္းေကာင္း ၊ ပရိသတ္ေတြကလည္း သီခ်င္းေတြ လိုက္ဆိုၾကနဲ႔ဆိုေတာ့ ေပ်ာ္စရာ အလြန္ေကာင္းတယ္ ။
အဆိုေတာ္ကလည္း သူတို႔ႀကိဳက္တဲ့ သီခ်င္းေတြကို အမ်ားဆုံး ဆိုသြားလို႔ လင္မယားႏွစ္ေယာက္ဟာ အရမ္းေပ်ာ္ေနၾကတယ္ ။ Show ပြဲက ည ၁၁ နာရီမွ ၿပီးတယ္ ။ အိမ္ကို သူတို႔ကားေလးနဲ႔ ျပန္လာၾကတယ္ ။
လမ္းမွာ သူတို႔ဟာ Show ပြဲ ဘယ္ေလာက္ ေကာင္းေၾကာင္း၊ အဆိုေတာ္ကို အနီးကပ္ျမင္ေတြ႕ရလို႔ ေက်နပ္ေၾကာင္းနဲ႔ လက္မွတ္ေပးတဲ့ သူကိုလည္း အရမ္း ေက်းဇူးတင္ေၾကာင္းေတြ တဖြဖြ ေျပာလာၾကတယ္ ။
သူတို႔ အိမ္ျပန္ေရာက္တဲ့အခါ ေသာ့ခတ္ထားတဲ့ ၿခံဝင္းတံခါး ပြင့္ေနတယ္ ။ ၿခံဝင္းထဲမွာ ကားရပ္ၿပီးတာနဲ႔ ႏွစ္ေယာက္စလုံး ကားေပၚက ကမန္းကတန္း ဆင္းၿပီး အိမ္ဆီကို ေျပးသြားၾကတယ္ ။ ေသာ့ခတ္ထားတဲ့ အိမ္တံခါးမႀကီးလည္း ပြင့္ေနတယ္ ။ သူတို႔ အိမ္ထဲကို စိုးရိမ္တႀကီးနဲ႔ ဝင္လိုက္တယ္ ။
အိမ္ထဲက ဘီ႐ိုအံဆြဲေတြ၊ စားပြဲအံဆြဲေတြ ပြင့္ေနပီး အိပ္ခန္းထဲမွာလည္း ေမႊေႏွာက္ရွာထားလို႔ ပစၥည္းေတြ ပ်ံ႕က်ဲေနတယ္ ။ သူတို႔ပိုင္တဲ့ ေ႐ႊ ေငြ ရတနာနဲ႔ ပိုက္ဆံေတြ ၊ လက္ဖြဲ႕ရတဲ့ ပစၥည္းေတြ ဘာမွ မရွိေတာ့ဘူး ။ အကုန္ ခိုးခံလိုက္ရၿပီ ။
ဒါနဲ႔ လင္မယား ႏွစ္ေယာက္လည္း အရမ္း စိတ္ဓါတ္ က်ေနၾကတယ္ ။ မိန္းမလည္း ရႈိက္ႀကီးတငင္ ငိုေနတယ္။ ခဏၾကာေတာ့ လင္မယားႏွစ္ေယာပ္ဟာ ေရေသာက္ဖို႔ ထမင္းစားခန္းထဲကို ဝင္လိုက္ၾကတယ္ ။
ထမင္းစားပြဲေပၚမွာ ပန္းေရာင္ စာ႐ြက္ေခါက္ေလး တခုကို ေတြ႕လိုက္ၾကတယ္ ။ ေယာက္်ားက စာ႐ြက္ေခါက္ကို ကမန္းကတန္း ျဖန႔္လိုက္ၿပီး လက္မယား ႏွစ္ေယာက္အတူ ဖတ္ၾကည့္လိုက္ ၾကတယ္ ။
စာ႐ြက္ေပၚမွာ ေရးထားတာက “ လက္မွတ္ေပးသူကို အခု သိၿပီ မဟုတ္လား ” တဲ့ ။ အရင္စာထဲက လက္ေရးနဲ႔ အတူတူပဲ ။ နာမည္ မေရးထားဘူး ။
သင္နဲ႔ မရင္းႏွီးသူ တစ္ေယာက္က တစုံတခုကို အလကား ေပးလာရင္ သတိထားပါ ။ အထူးသျဖင့္ ေဈးႀကီးတာကို အလကား ေပးလာတယ္ ဆိုရင္ ပိုၿပီး သတိႀကီးႀကီး ထားလိုက္ပါ ။
“ ေလာကႀကီးမွာ မည္သည့္အရာမွ အလကားမရပါ ”
There is no such thing as something for nothing (Napoleon Hill’s quote).
ဗန္းေမာ္သိန္းေဖ