ဗဟုသုတ

သင်မသိသေးတဲ့ ဗီယက်နမ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး Son Doong ဂူအကြောင်း

သင်မသိသေးတဲ့ ဗီယက်နမ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး Son Doong ဂူအကြောင်း

ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာ ကောင်းတဲ့ ဂူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဂူအရွယ် အစားတွေကတော့ ကွာခြားပါတယ်။ ဗီယက်နမ်နိုင်ငံက Son Doong ဂူက တခြားဂူတွေနဲ့ ယှဉ်မရအောင် ကြီးမားပါတယ်။ လောလောဆယ်မှာတော့ Son Doong ဂူက ကမ္ဘာ့အကြီးဆုံးဂူ ဖြစ်ပါတယ်။

ဗြိတိန်ရေငုပ်အဖွဲ့က မြေအောက်မြစ်ထဲမှာ ရှိတဲ့ ကြီးမားတဲ့ ဂူကြီးကို တွေ့ခဲ့တာဖြစ်ပါတယ်။ ဂူက သူတို့ ထင်ထားတာထက်ကို ပိုကြီးနေပါတယ်။ ဗြိတိန်ရေငုပ်သမား သုံးယောက်ကို Son Doong ဂူထဲက မြေအောက်မြစ်စနစ်ကို လေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ရေငုပ်လေ့လာရေးခရီးက 2019 ခုနှစ် ဧပြီလ 1 ရက်နေ့ ကနေ ဧပြီလ 3 ရက်နေ့အထိ ကြာမြင့်ခဲ့ ပါတယ်။

2018 ခုနှစ် ဂျူလိုင်လက ထိုင်းနိုင်ငံမှာ ဂူထဲကို ရေဝင်သွားပြီး ယောကျ်ားလေး 12 ယောက် ပိတ်မိခဲ့ပါတယ်။ အဲဒီယောကျ်ားလေး 12 ယောက်ကို ကယ်တဲ့အဖွဲ့ထဲမှာ ဒီရေငုပ်သမား 3 ယောက်လည်း ပါဝင်ခဲ့ပါတယ်။ ရေငုပ်သမား 3 ယောက်က ရေမငုပ်ခင်မှာ မြေအောက်မြစ်က Thung ဂူနဲ့ ဆက်နေမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် မျှော်လင့်သလို မဟုတ်ခဲ့ပါဘူး။

Son Doong ဂူက ထင်ထားတာထက်ကို ပိုကြီးမားနေခဲ့ပါတယ်။ မြေအောက်မြစ်ကို 93 မီတာနက်မယ်လို့ ခန့်မှန်းခဲ့ကြ ပါတယ်။ ဒါပေမယ့် သူတို့ 77 မီတာအထိပဲ ရောက်ခဲ့ပါတယ်။ Thung ဂူနဲ့ ဆက်နေတာကိုတော့ မတွေ့ခဲ့ရပါဘူး။ အဲဒါကြောင့် Son Doong ဂူက သူတို့ခန့်မှန်းထားတာထက် 500 မီတာ ပိုနက်တယ်လို့ ယုံကြည်သွားပါတယ်။ ဒါပေမယ့် ရေငုပ်ကိရိယာတွေကို ဆက်သုံးလို့ မရတော့လို့ ပြန်လှည့်လာ ခဲ့ပါတယ်။

ရေငုပ်သမား တစ်ယောက်ဖြစ်တဲ့ Jason Millinson က ဂူတွေအများကြီးကို ရောက်ဖူးခဲ့ပေမယ့် Son Doong ဂူလောက်ကြီးတဲ့ဂူကို မတွေ့ဖူးခဲ့ကြောင်း၊ အခုအချိန်မှာတော့ Son Doong ရဲ့မြေအောက်စနစ်ကို အသေအချာ ဓာတ်ပုံ မရိုက်နိုင်ခဲ့ကြောင်း ပြောပြပါတယ်။

စိတ်ဝင်စားစရာ Son Doong ဂူအကြောင်းကို တွေ့ရှိပြီးနောက်မှာတော့ ရေငုပ်အဖွဲ့က နောက်နှစ်မှပြန်လာဖို့ စီစဉ်ခဲ့ကြပါတယ်။ နောက်နှစ်ပြန်လာရင် ဟီလီယမ်ဓာတ်ငွေ့ကို ယူလာခဲ့မှာဖြစ်ပြီး 120 မီတာအနက်ထိ သွားနိုင်မှာဖြစ်ပါတယ်။

ဧပြီလက ရေမျက်နှာပြင် အနိမ့်ဆုံးဖြစ်ပြီး မြေအောက်ကိုလည်း ကောင်းကောင်းမြင်နိုင်တာဖြစ်လို့ ဧပြီလဆန်းပိုင်းကို ရေငုပ်ဖို့ ရွေးခဲ့ကြခြင်း ဖြစ်ပါတယ် ။ အဲဒါကြောင့် ရေငုပ်အဖွဲ့က နောက်နှစ်ကျရင်လည်း ဧပြီလမှာပဲ ပြန်လာမှာပါ ။

နှစ်ပေါင်း 2.5 သန်း ရှိနေပြီဖြစ်တဲ့ Son Doong ဂူ ကို Ho Khanh လို့ခေါ်တဲ့ ဒေသခံလယ်သမားတစ်ယောက်က 1991 ခုနှစ်မှာ ပထမဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တောထဲမှာ မုန်တိုင်းမိပြီး ခိုနားစရာရှ ရင်း တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့် Ho Khanh က ဂူရဲ့တည်နေရာကို မေ့သွားခဲ့ပြီး 2009 ခုနှစ်မှာ နိုင်ငံခြားသား ရေငုပ်သမားတွေက ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

So Doong ဂူက ရင်သပ်ရှူမောစရာ အလှအပတွေကြောင့် နာမည်ကြီးပြီး သစ်တောဟာလည်း လူအရောက်အပေါက် နည်းပါတယ်။ So Doong ဂူမှာ ကိုယ်ပိုင်ဂေဟစနစ်နဲ့ ရာသီဥတု ရှိပါတယ်။ So Doong ဂူကို သွားလည်မယ် ဆိုရင် 50 ကီလိုမီတာ ခြေလျင်သွားရမှာဖြစ်ပြီး ဂူထဲရောက်ဖို့ ရေကြောင်းနဲ့ ခရီးဆက်ရမှာပါ။ ခရီးသွားတွေကို နှစ်စဉ် ဇန်နဝါရီကနေ ဩဂုတ်လအထိသာ လာခွင့်ပြုထားပြီး ခရီးသွား 900 ကိုသာ လာခွင့်ပြုထားပါတယ်။ Son Doong ဂူကို သွားလည်မယ် ဆိုရင် လူတစ်ယောက်ကို အမေရိကန်ဒေါ်လာ 5580 ခန့်ပေးရမှာ ဖြစ်ပါတယ်။

Zombie (Lovemedia)

Ref – worldofbuzz

for zawgyi

သင္မသိေသးတဲ့ ဗီယက္နမ္ႏိုင္ငံက ကမာၻ႔အႀကီးဆုံး Son Doong ဂူအေၾကာင္း

ကမာၻေပၚမွာ စိတ္ဝင္စားစရာေကာင္းတဲ့ ဂူေတြ အမ်ားႀကီး ရွိပါတယ္။ ဒါေပမယ့္ ဂူအ႐ြယ္ အစားေတြကေတာ့ ကြာျခားပါတယ္။ ဗီယက္နမ္ႏိုင္ငံက Son Doong ဂူက တျခားဂူေတြနဲ႔ ယွဥ္မရေအာင္ ႀကီးမားပါတယ္။ ေလာေလာဆယ္မွာေတာ့ Son Doong ဂူက ကမာၻ႔အႀကီးဆုံးဂူ ျဖစ္ပါတယ္။

ၿဗိတိန္ေရငုပ္အဖြဲ႕က ေျမေအာက္ျမစ္ထဲမွာ ရွိတဲ့ ႀကီးမားတဲ့ ဂူႀကီးကို ေတြ႕ခဲ့တာျဖစ္ပါတယ္။ ဂူက သူတို႔ ထင္ထားတာထက္ကို ပိုႀကီးေနပါတယ္။ ၿဗိတိန္ေရငုပ္သမား သုံးေယာက္ကို Son Doong ဂူထဲက ေျမေအာက္ျမစ္စနစ္ကို ေလ့လာဖို႔ ဖိတ္ေခၚခဲ့ပါတယ္။ ေရငုပ္ေလ့လာေရးခရီးက 2019 ခုႏွစ္ ဧၿပီလ 1 ရက္ေန႔ ကေန ဧၿပီလ 3 ရက္ေန႔အထိ ၾကာျမင့္ခဲ့ ပါတယ္။

2018 ခုႏွစ္ ဂ်ဴလိုင္လက ထိုင္းႏိုင္ငံမွာ ဂူထဲကို ေရဝင္သြားၿပီး ေယာက်္ားေလး 12 ေယာက္ ပိတ္မိခဲ့ပါတယ္။ အဲဒီေယာက်္ားေလး 12 ေယာက္ကို ကယ္တဲ့အဖြဲ႕ထဲမွာ ဒီေရငုပ္သမား 3 ေယာက္လည္း ပါဝင္ခဲ့ပါတယ္။ ေရငုပ္သမား 3 ေယာက္က ေရမငုပ္ခင္မွာ ေျမေအာက္ျမစ္က Thung ဂူနဲ႔ ဆက္ေနမယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ေမွ်ာ္လင့္သလို မဟုတ္ခဲ့ပါဘူး။

Son Doong ဂူက ထင္ထားတာထက္ကို ပိုႀကီးမားေနခဲ့ပါတယ္။ ေျမေအာက္ျမစ္ကို 93 မီတာနက္မယ္လို႔ ခန႔္မွန္းခဲ့ၾက ပါတယ္။ ဒါေပမယ့္ သူတို႔ 77 မီတာအထိပဲ ေရာက္ခဲ့ပါတယ္။ Thung ဂူနဲ႔ ဆက္ေနတာကိုေတာ့ မေတြ႕ခဲ့ရပါဘူး။ အဲဒါေၾကာင့္ Son Doong ဂူက သူတို႔ခန႔္မွန္းထားတာထက္ 500 မီတာ ပိုနက္တယ္လို႔ ယုံၾကည္သြားပါတယ္။ ဒါေပမယ့္ ေရငုပ္ကိရိယာေတြကို ဆက္သုံးလို႔ မရေတာ့လို႔ ျပန္လွည့္လာ ခဲ့ပါတယ္။

ေရငုပ္သမား တစ္ေယာက္ျဖစ္တဲ့ Jason Millinson က ဂူေတြအမ်ားႀကီးကို ေရာက္ဖူးခဲ့ေပမယ့္ Son Doong ဂူေလာက္ႀကီးတဲ့ဂူကို မေတြ႕ဖူးခဲ့ေၾကာင္း၊ အခုအခ်ိန္မွာေတာ့ Son Doong ရဲ႕ေျမေအာက္စနစ္ကို အေသအခ်ာ ဓာတ္ပုံ မ႐ိုက္ႏိုင္ခဲ့ေၾကာင္း ေျပာျပပါတယ္။

စိတ္ဝင္စားစရာ Son Doong ဂူအေၾကာင္းကို ေတြ႕ရွိၿပီးေနာက္မွာေတာ့ ေရငုပ္အဖြဲ႕က ေနာက္ႏွစ္မွျပန္လာဖို႔ စီစဥ္ခဲ့ၾကပါတယ္။ ေနာက္ႏွစ္ျပန္လာရင္ ဟီလီယမ္ဓာတ္ေငြ႕ကို ယူလာခဲ့မွာျဖစ္ၿပီး 120 မီတာအနက္ထိ သြားႏိုင္မွာျဖစ္ပါတယ္။

ဧၿပီလက ေရမ်က္ႏွာျပင္ အနိမ့္ဆုံးျဖစ္ၿပီး ေျမေအာက္ကိုလည္း ေကာင္းေကာင္းျမင္ႏိုင္တာျဖစ္လို႔ ဧၿပီလဆန္းပိုင္းကို ေရငုပ္ဖို႔ ေ႐ြးခဲ့ၾကျခင္း ျဖစ္ပါတယ္ ။ အဲဒါေၾကာင့္ ေရငုပ္အဖြဲ႕က ေနာက္ႏွစ္က်ရင္လည္း ဧၿပီလမွာပဲ ျပန္လာမွာပါ ။

ႏွစ္ေပါင္း 2.5 သန္း ရွိေနၿပီျဖစ္တဲ့ Son Doong ဂူ ကို Ho Khanh လို႔ေခၚတဲ့ ေဒသခံလယ္သမားတစ္ေယာက္က 1991 ခုႏွစ္မွာ ပထမဆုံး ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ေတာထဲမွာ မုန္တိုင္းမိၿပီး ခိုနားစရာရွ ရင္း ေတြ႕ရွိခဲ့တာျဖစ္ပါတယ္ ။ ဒါေပမယ့္ Ho Khanh က ဂူရဲ႕တည္ေနရာကို ေမ့သြားခဲ့ၿပီး 2009 ခုႏွစ္မွာ ႏိုင္ငံျခားသား ေရငုပ္သမားေတြက ျပန္ေတြ႕ခဲ့တာ ျဖစ္ပါတယ္။

So Doong ဂူက ရင္သပ္ရႉေမာစရာ အလွအပေတြေၾကာင့္ နာမည္ႀကီးၿပီး သစ္ေတာဟာလည္း လူအေရာက္အေပါက္ နည္းပါတယ္။ So Doong ဂူမွာ ကိုယ္ပိုင္ေဂဟစနစ္နဲ႔ ရာသီဥတု ရွိပါတယ္။ So Doong ဂူကို သြားလည္မယ္ ဆိုရင္ 50 ကီလိုမီတာ ေျခလ်င္သြားရမွာျဖစ္ၿပီး ဂူထဲေရာက္ဖို႔ ေရေၾကာင္းနဲ႔ ခရီးဆက္ရမွာပါ။ ခရီးသြားေတြကို ႏွစ္စဥ္ ဇန္နဝါရီကေန ဩဂုတ္လအထိသာ လာခြင့္ျပဳထားၿပီး ခရီးသြား 900 ကိုသာ လာခြင့္ျပဳထားပါတယ္။ Son Doong ဂူကို သြားလည္မယ္ ဆိုရင္ လူတစ္ေယာက္ကို အေမရိကန္ေဒၚလာ 5580 ခန႔္ေပးရမွာ ျဖစ္ပါတယ္။

Zombie (Lovemedia)

Ref – worldofbuzz