ၾကားသိရသမွ်

(၂၆) နှစ်သားလေးနဲ့လက်ထပ်ဖို့အတွက် တစ်ကိုယ်လုံးခွဲစိပ်ပြုပြင်ခဲ့တဲ့(၆၂)နှစ်အရွယ်..See more

Zawgyi

(၂၆) ႏွစ္သားေလးနဲ႔လက္ထပ္ဖို႔အတြက္ တစ္ကိုယ္လုံးခြဲစိပ္ျပဳျပင္ခဲ့တဲ့(၆၂)ႏွစ္အ႐ြယ္အဖြားအို

အခ်စ္ဆိုတာ ဆန္းက်ယ္တယ္လို႔ ဆိုမလား။ ႀကီးေကာင္ႀကီးမားက်မွ သူငယ္ျပန္တယ္လို႔ ဆိုမလား။ ဒါမွမဟုတ္ လူငယ္ေတြ ျဖတ္လမ္းလိုက္တယ္လို႔ အျပစ္တင္ရမလား။ တကယ္ပဲ အခ်စ္က အရာရာကို ေက်ာ္ျဖတ္ႏိုင္သြားတယ္လို႔ ဆိုရမလားမသိ။ ထူးထူးျခားျခားျဖစ္စဥ္ တစ္ခုကေတာ့ ဗီယက္နမ္ ႏိုင္ငံမွာျဖစ္ခဲ့ပါတယ္။.

အသက္(၆၂) အ႐ြယ္မုဆိုးမ အိုႀကီးက (၂၆)ႏွစ္အ႐ြယ္လူပ်ိဳ ကေလးနဲ႔ မဂၤလာေဆာင္ဖို႔အတြက္ တစ္ကိုယ္လုံး ပလက္စတစ္ဆာဂ်ဴရီလုပ္ၿပီး မဂၤလာေဆာင္ခဲ့ပါတယ္။

သမီး(၂)ေယာက္နဲ႔ အဖြားအို ဝမ္က သူမရဲ႕ ခင္ပြန္းဆုံးသြားၿပီး ကတည္းက ေကာ္ဖီဆိုင္နဲ႔ တြဲထားတဲ့ ကုန္စုံဆိုင္ေလးဖြင့္ကာ အသက္ေမြဝမ္းေက်ာင္း လုပ္ေနခဲ့ပါတယ္။ သူမအသက္ (၆၀)ျပည့္တဲ့ (၂၀၁၈) ခုႏွစ္ေလာက္မွာ သူမရဲ႕ ဆိုင္ကိုပုံမွန္လာၿပီး စားေသာက္ ေနတဲ့ ေကာင္ေလးတစ္ေယာက္က သူမကိုခ်စ္ခြင့္ပန္ခဲ့ပါတယ္။

ေကာင္ေလးနဲ႔ သူမတို႔ကိုရင္းႏွီးေနတာ ၾကာေပမဲ့ သူမက ေကာင္ေလးကို ေမာင္ေလးလိုပဲ သေဘာထားရာက သံေယာဇဥ္ေတြပိုခဲ့ပါတယ္။ (၂)ႏွစ္နီးပါးေလာက္ခ်စ္ခြင့္ပန္ေနတဲ့ ေကာင္ေလးရဲ႕ ဇြဲကို အသိအမွတ္ျပဳ တဲ့အေနနဲ႔ သူမက သူ႔ကို လက္ခံခဲ့ပါတယ္။

ပတ္ဝန္းက်င္ရဲ႕ အတင္းအဖ်င္းေတြ သြားပုတ္ေလလြင့္ ေျပာစကားေတြကို ေက်ာ္ျဖတ္ၿပီး သူတို႔ (၂)ဦးမဂၤလာ ေဆာင္ဖို႔အတြက္ လုပ္လိုက္ၾကပါတယ္။

မဂၤလာေဆာင္မွာ ေကာင္ေလးဂုဏ္မငယ္ေအာင္လို႔ သူမက မ်က္ႏွာျပင္နဲ႔ ခႏၶာကိုယ္က အေရးႀကီးတဲ့ အစိတ္အပိုင္းေတြကို ဗီယက္နမ္ေငြ သန္းနဲ႔ခ်ီအကုန္ခံၿပီး ပလက္စတစ္ဆာဂ်ယ္ရီ လုပ္ခဲ့ပါတယ္။ အခုေတာ့ သတို႔သားနဲ႔ သတို႔သမီးစုံတြဲက လူျမင္ကြင္းမွာ တင့္တင့္တယ္တယ္ နဲ႔ (၂)ကိုယ္ယွဥ္တြဲ ႏိုင္ပါၿပီ။

“ က်မကို ေကာင္ေလးနဲ႔တြဲေနစဥ္အခိုက္မွာ အမ်ိဳးမ်ိဳး တိုက္ခိုက္ၾကပါတယ္၊. စကားလုံးေတြက နားနဲ႔ မဆံ့ေအာင္ကိုပဲ ၾကားေနခဲ့ရပါတယ္၊ သမီးေတြလည္း က်မေၾကာင့္ အေျပာခံခဲ့ရပါတယ္၊ ဒါေပမဲ့ အဲ့ဒါေတြက ခဏတာပါပဲ၊ အခုေတာ့ က်မမွာ ေပ်ာက္ဆုံးေနတဲ့ ေႏြးေထြးတဲ့ မိသားစုကေလးျပန္ရေနပါၿပီ” လို႔ သူမက ဗီယက္နမ္ အိတ္စပတ္ သတင္းစာ အင္တာဗ်ဴး မွာေျဖခဲ့ပါတယ္။

ခရက္ဒစ္

Unicode

(၂၆) နှစ်သားလေးနဲ့လက်ထပ်ဖို့အတွက် တစ်ကိုယ်လုံးခွဲစိပ်ပြုပြင်ခဲ့တဲ့(၆၂)နှစ်အရွယ်အဖွားအို

အချစ်ဆိုတာ ဆန်းကျယ်တယ်လို့ ဆိုမလား။ ကြီးကောင်ကြီးမားကျမှ သူငယ်ပြန်တယ်လို့ ဆိုမလား။ ဒါမှမဟုတ် လူငယ်တွေ ဖြတ်လမ်းလိုက်တယ်လို့ အပြစ်တင်ရမလား။ တကယ်ပဲ အချစ်က အရာရာကို ကျော်ဖြတ်နိုင်သွားတယ်လို့ ဆိုရမလားမသိ။ ထူးထူးခြားခြားဖြစ်စဉ် တစ်ခုကတော့ ဗီယက်နမ် နိုင်ငံမှာဖြစ်ခဲ့ပါတယ်။.

အသက်(၆၂) အရွယ်မုဆိုးမ အိုကြီးက (၂၆)နှစ်အရွယ်လူပျို ကလေးနဲ့ မင်္ဂလာဆောင်ဖို့အတွက် တစ်ကိုယ်လုံး ပလက်စတစ်ဆာဂျူရီလုပ်ပြီး မင်္ဂလာဆောင်ခဲ့ပါတယ်။

သမီး(၂)ယောက်နဲ့ အဖွားအို ဝမ်က သူမရဲ့ ခင်ပွန်းဆုံးသွားပြီး ကတည်းက ကော်ဖီဆိုင်နဲ့ တွဲထားတဲ့ ကုန်စုံဆိုင်လေးဖွင့်ကာ အသက်မွေဝမ်းကျောင်း လုပ်နေခဲ့ပါတယ်။ သူမအသက် (၆၀)ပြည့်တဲ့ (၂၀၁၈) ခုနှစ်လောက်မှာ သူမရဲ့ ဆိုင်ကိုပုံမှန်လာပြီး စားသောက် နေတဲ့ ကောင်လေးတစ်ယောက်က သူမကိုချစ်ခွင့်ပန်ခဲ့ပါတယ်။

ကောင်လေးနဲ့ သူမတို့ကိုရင်းနှီးနေတာ ကြာပေမဲ့ သူမက ကောင်လေးကို မောင်လေးလိုပဲ သဘောထားရာက သံယောဇဉ်တွေပိုခဲ့ပါတယ်။ (၂)နှစ်နီးပါးလောက်ချစ်ခွင့်ပန်နေတဲ့ ကောင်လေးရဲ့ ဇွဲကို အသိအမှတ်ပြု တဲ့အနေနဲ့ သူမက သူ့ကို လက်ခံခဲ့ပါတယ်။

ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်းတွေ သွားပုတ်လေလွင့် ပြောစကားတွေကို ကျော်ဖြတ်ပြီး သူတို့ (၂)ဦးမင်္ဂလာ ဆောင်ဖို့အတွက် လုပ်လိုက်ကြပါတယ်။

မင်္ဂလာဆောင်မှာ ကောင်လေးဂုဏ်မငယ်အောင်လို့ သူမက မျက်နှာပြင်နဲ့ ခန္ဓာကိုယ်က အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဗီယက်နမ်ငွေ သန်းနဲ့ချီအကုန်ခံပြီး ပလက်စတစ်ဆာဂျယ်ရီ လုပ်ခဲ့ပါတယ်။ အခုတော့ သတို့သားနဲ့ သတို့သမီးစုံတွဲက လူမြင်ကွင်းမှာ တင့်တင့်တယ်တယ် နဲ့ (၂)ကိုယ်ယှဉ်တွဲ နိုင်ပါပြီ။

“ ကျမကို ကောင်လေးနဲ့တွဲနေစဉ်အခိုက်မှာ အမျိုးမျိုး တိုက်ခိုက်ကြပါတယ်၊. စကားလုံးတွေက နားနဲ့ မဆံ့အောင်ကိုပဲ ကြားနေခဲ့ရပါတယ်၊ သမီးတွေလည်း ကျမကြောင့် အပြောခံခဲ့ရပါတယ်၊ ဒါပေမဲ့ အဲ့ဒါတွေက ခဏတာပါပဲ၊ အခုတော့ ကျမမှာ ပျောက်ဆုံးနေတဲ့ နွေးထွေးတဲ့ မိသားစုကလေးပြန်ရနေပါပြီ” လို့ သူမက ဗီယက်နမ် အိတ်စပတ် သတင်းစာ အင်တာဗျူး မှာဖြေခဲ့ပါတယ်။

ခရက်ဒစ်