ၾကားသိရသမွ်

တံတားအောက်မှာရှိတဲ့ ကားထဲမှာသာ အိပ်စက်ပြီး လမ်းဘေးကြောင်လေးတွေကိုပါseemore

တံတားအောက်မှာရှိတဲ့ ကားထဲမှာသာ အိပ်စက်ပြီး လမ်းဘေးကြောင်လေးတွေကိုပါ ကျွေးမွေးစောင့်ရှောက်ပေးတဲ့ သက်ကြီးရွယ်အို ဦးလေး

လူဖြစ်လာတာနဲ့အမျှ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ လူများစွာရှိပါတယ်။သို့သော်၎င်းတို့ရဲ့ရုန်းကန်မှုများအားဖြင့်၎င်းတို့ဟာလူ သို့မဟုတ် အသံမဲ့တိရိစ္ဆာန်များရဲ့အခက်အခဲကို စာနာနားလည်လာတတ်ကြပါတယ်။

Ustaz Ebit Lew အမည်ရှိလူသိများတဲ့ပရဟိတသမားတစ်ဦးဟာ တံတားအောက်မှာ နှစ်လကြာနေထိုင်နေတဲ့ အသက်ကြီးတဲ့ ဦးလေးရဲ့အကြောင်းကို သူ့ရဲ့ Facebook page မှာ မျှဝေပေးခဲ့ပါတယ်။ဦးလေးဟာ ငွေရေးကြေးရေးအခက်အခဲရှိနေပေမဲ့ သူဟာ ကြောင်အမြောက်အမြားကို မွေးစားပြီး သူနေထိုင်တဲ့ သူ့ရဲ့ကားကို မျှဝေပေးခဲ့ပါတယ်။

Ebit Lew က “ အသက် ၇၅နှစ်အရွယ် ဦးလေးက ဈေးရဲ့အလယ်ဗဟိုတံတားအောက်က သူ့ရဲ့ကားလေးထဲမှာနှစ်လ ကြာနေထိုင်နေတာကိုကြားလိုက်ရတော့ ကျွန်တော် shock ရသွားခဲ့တယ်၊ဦးလေးက အရမ်းသဘောကောင်းတယ်၊ ကြောင်လေးတွေကို သူ့ရဲ့ကားထဲမှာ နေခိုင်းသေးတယ်” လို့ ရေးသားထားပါတယ်။

ထို့နောက် Ebit Lew ကအဆိုပါဦးလေးအားအခြားဆက်သွယ်ပေးလို့ရတဲ့မိသားစုဝင်တွေမရှိဘူးလားလို့မေးတော့ ဦးလေးကသူတစ်ယောက်တည်းသာ နေထိုင်ပြီး မိသားစုဝင်များက မရှိတော့ကြောင်း ပြောပြရင်း ငိုကြွေးနေခဲ့ပါတယ်။အထူးသဖြင့် Ebit Lew က အိမ်အတွင်းရှိလိုအပ်တဲ့ရေခဲသေတ္တာ၊အဝတ်လျှော်စက်နှင့်အိပ်ရာများကိုလည်းဝယ်ယူမည်ဟု ပြောလိုက်တဲ့အခါ ဦးလေးဟာ Ebit Lew ထံမှ ထိုကဲ့သို့သော အကူအညီများကို ရရှိခဲ့ခြင်းကြောင့် သူဟာ အားလည်းနာသလို သူ့ကိုယ်သူ အရှက်ရသလို ခံစားမိသွားခဲ့ပြီး “ အိမ်နဲ့တင် ကျေနပ်နေပါပြီ ၊ ငါ့ကိုယ်ငါ အရှက်ရမိတယ် ၊ ငါ ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲ ” လို့ ဆိုကာ မေးမြန်းနေခဲ့ပါတယ်။

သို့သော် Ebit Lew က ဦးလေးရရှိခဲ့တဲ့ဒီကြင်နာမှုက ကြောင်လေးတွေကို ပြုစုပေးခဲ့တဲ့ဦးလေးရဲ့ကြင်နာမှုအတွက်ကြောင့်ပါ လို့ ထို့ကဲ့သို့ ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။“ ဒါဟာ ကြောင်လေးတွေကို ချစ်တဲ့ဦးလေးအတွက် ကောင်းချီးတစ်ခုပါ ၊ ဘုရားသခင်က ဦးလေးရဲ့အသက်မွေးဝမ်းကျောင်းမှုကို ထောက်ပံ့ပေးလိမ့်မယ်” လို့ Ebit Lew က ထပ်မံပြောကြားခဲ့ပါသေးတယ်။

ကျွန်တော်တို့လည်း ဦးလေးရဲ့လိုအပ်နေတဲ့အကူအညီများကို ရရှိခဲ့ခြင်းကြောင့်ဦးလေးအတွက်အလွန်ဝမ်းမြောက်မိပါတယ်။အထူးသဖြင့် ဦးလေးဟာ အခက်အခဲများရှိနေသော်လည်း ကြောင်လေးတွေကို ရအောင် ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့အတွက်ကြောင့် ဦးလေးကို အထူးဘဲ ဂုဏ်ယူမိပါတယ်ဗျာ။

Zawgyi

တံတားအောက်မှာရှိတဲ့ ကားထဲမှာသာ အိပ်စက်ပြီး လမ်းဘေးကြောင်လေးတွေကိုပါ ကျွေးမွေးစောင့်ရှောက်ပေးတဲ့ သက်ကြီးရွယ်အို ဦးလေး

လူဖြစ်လာတာနဲ့အမျှ စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားနေရတဲ့ လူများစွာရှိပါတယ်။သို့သော်၎င်းတို့ရဲ့ရုန်းကန်မှုများအားဖြင့် ၎င်းတို့ဟာ လူ သို့မဟုတ် အသံမဲ့တိရိစ္ဆာန်များရဲ့အခက်အခဲကို စာနာနားလည်လာတတ်ကြပါတယ်။

Ustaz Ebit Lew အမည်ရှိ လူသိများတဲ့ပရဟိတသမားတစ်ဦးဟာ တံတားအောက်မှာ နှစ်လကြာနေထိုင်နေတဲ့ အသက်ကြီးတဲ့ ဦးလေးရဲ့အကြောင်းကို သူ့ရဲ့ Facebook page မှာ မျှဝေပေးခဲ့ပါတယ်။ဦးလေးဟာ ငွေရေးကြေးရေးအခက်အခဲရှိနေပေမဲ့ သူဟာ ကြောင်အမြောက်အမြားကို မွေးစားပြီး သူနေထိုင်တဲ့ သူ့ရဲ့ကားကို မျှဝေပေးခဲ့ပါတယ်။

Ebit Lew က “ အသက် ၇၅နှစ်အရွယ် ဦးလေးက ဈေးရဲ့အလယ်ဗဟိုတံတားအောက်က သူ့ရဲ့ကားလေးထဲမှာ နှစ်လ ကြာနေထိုင်နေတာကိုကြားလိုက်ရတော့ ကျွန်တော် shock ရသွားခဲ့တယ်၊ဦးလေးက အရမ်းသဘောကောင်းတယ်၊ ကြောင်လေးတွေကို သူ့ရဲ့ကားထဲမှာ နေခိုင်းသေးတယ်”လို့ ရေးသားထားပါတယ်။

ထို့နောက် Ebit Lew က အဆိုပါ ဦးလေးအား အခြားဆက်သွယ်ပေးလို့ရတဲ့မိသားစုဝင်တွေမရှိဘူးလားလို့ မေးတော့ ဦးလေးကသူတစ်ယောက်တည်းသာ နေထိုင်ပြီး မိသားစုဝင်များက မရှိတော့ကြောင်း ပြောပြရင်း ငိုကြွေးနေခဲ့ပါတယ်။အထူးသဖြင့် Ebit Lew က အိမ်အတွင်းရှိလိုအပ်တဲ့ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်နှင့်အိပ်ရာများကိုလည်းဝယ်ယူမည်ဟု ပြောလိုက်တဲ့အခါ ဦးလေးဟာ Ebit Lew ထံမှ ထိုကဲ့သို့သော အကူအညီများကိုရရှိခဲ့ခြင်းကြောင့် သူဟာအားလည်းနာသလို သူ့ကိုယ်သူ အရှက်ရသလို ခံစားမိသွားခဲ့ပြီး “ အိမ်နဲ့တင် ကျေနပ်နေပါပြီ ၊ ငါ့ကိုယ်ငါ အရှက်ရမိတယ် ၊ ငါ ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲ ” လို့ ဆိုကာ မေးမြန်းနေခဲ့ပါတယ်။

သို့သော် Ebit Lew က ဦးလေးရရှိခဲ့တဲ့ဒီကြင်နာမှုက ကြောင်လေးတွေကို ပြုစုပေးခဲ့တဲ့ဦးလေးရဲ့ကြင်နာမှုအတွက်ကြောင့်ပါ လို့ ထို့ကဲ့သို့ ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။“ ဒါဟာ ကြောင်လေးတွေကို ချစ်တဲ့ဦးလေးအတွက် ကောင်းချီးတစ်ခုပါ ၊ ဘုရားသခင်က ဦးလေးရဲ့အသက်မွေးဝမ်းကျောင်းမှုကို ထောက်ပံ့ပေးလိမ့်မယ်” လို့ Ebit Lew က ထပ်မံပြောကြားခဲ့ပါသေးတယ်။

ကျွန်တော်တို့လည်း ဦးလေးရဲ့လိုအပ်နေတဲ့အကူအညီများကို ရရှိခဲ့ခြင်းကြောင့် ဦးလေးအတွက် အလွန်ဝမ်းမြောက်မိပါတယ်။အထူးသဖြင့် ဦးလေးဟာ အခက်အခဲများရှိနေသော်လည်း ကြောင်လေးတွေကို ရအောင် ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့အတွက်ကြောင့် ဦးလေးကို အထူးဘဲ ဂုဏ်ယူမိပါတယ်ဗျာ။

crd