credit
unicode
ဖခင်ဖြစ်သူမှာ ရုပ်ဆိုးသလောက် သမီးလေးမှာ အရမ်းချောမောလှပနေ၍ မသင်္ကာပဲ DNA စစ်ကြည့်လိုက်သောအခါ…
အသက်၅နှစ်အရွယ် ကလေးမလေးသည် မိဘနှစ်ပါးလုံးနှင့် ရုပ်ချင်းမတူသည့်အပြင်
ချောမောလှပနေတာကြောင့် သံသယများစွာနဲ့ ဖခင်ဖြစ်သူမှ
DNAစစ်ကြည့်ခဲ့ရာမှ အလွန်အမင်း အံ့သြသွားခဲ့ရသည်။
သမီးလေးသည် လှပသော မျက်လုံးလေးတွေကို ပိုင်ဆိုင်ထားပြီး
ချစ်စရာကောင်းလွန်းသည့်အတွက် ပတ်ဝန်းကျင်မှ သဘာဝအလှတရားဆိုပြီး
ချီးမွမ်းခဲ့ကြရာ ဖခင်ဖြစ်သူမှရုပ်ဆိုးလွန်းတာကြောင့် ဆေးရုံတစ်ခုတွင်
DNAစစ်ဆေးကြည့်ခဲ့ရာ သမီးလေးမှာ ထင်ထားသည့်အတိုင်း သွေးသားရင်းချာမဟုတ်ခဲ့ပေ။
အမျိုးသားလည်း စိတ်တိုတိုနဲ့ အိမ်ပြန်လာပြီး ဇနီးဖြစ်သူအား မေးမြန်းခဲ့ရာ
ရည်းစားပင်မထားခဲ့ဖူးကြောင်းဆိုခဲ့၍ ဇနီးဖြစ်သူကိုပါ DNAစစ်ကြည့်လိုက်ခဲ့ချိန်မှာတော့
ချောမောလှပလွန်းသည့် သမီးလေးဟာ သူတို့နဲ့သွေးသားတော်စပ်မှု လုံးဝမရှိကြောင်းကို သိခဲ့ရသည်။
ဇနီးဖြစ်သူမှာ သူတို့ရဲ့ပထမဆုံးရင်သွေးလေးအား ဆေးရုံတွင် မွေးဖွားခဲ့ရာ ကလေးတွေကို
ဆေးစစ်ကြည့်ရာတွင် သူနာပြုဆရာမတို့မှ ကလေးများစွာကို တစ်နေရာထဲတွင်
မည်သည့်အမှတ်အသားမှမလုပ်ပဲ အတူထားရှိခြင်းဖြင့် ကလေးချင်းလွဲသွားကြောင်း သိခဲ့ရသည်။
မိဘတွေလဲ ဒီအဖြစ်ကို သင်္ခန်းစာယူပြီး ဆေးရုံမှာ ခလေးမွေးရင် ဂရုစိုက်ကြပါ…
credit