ျမန္မာျပည္အက်ပ္အတည္းကာလေတြနဲ႔ရင္ဆိုင္ေနရခ်ိန္မွာျပည္ပေရာက္ျမန္မာျပည္သားေတြဟာလည္းအမိေျမအတြက္ႏိုင္ရာတာဝန္ထမ္းခဲ့ၾကပါတယ္၊ ဒီေန႔မွာလည္းအေမရိကႏိုင္ငံမွာေနထိုင္တဲ့၊ကိုေဇာ္မ်ိဳး၊မသူသူေအာင္မိသားစုကျမန္မာ့ေႏြဦးေတာ္လွန္ေရးအတြက္အေမရိကန္ေဒၚလာတစ္သိန္းလႉဒါန္းေပးခဲ့ပါတယ္။
ဒီေငြပမာဏဟာအေတာ္ေလးကိုမ်ားျပားၿပီးျမန္မာေငြနဲ႔ဆိုေငြက်ပ္သိန္းေပါင္း၁၆၀၀ေက်ာ္ခန္႔ရွိပါတယ္၊ေငြေၾကးထက္ေစတနာကပိုလြန္သြားတဲ့အခ်ိန္မွာလႉဒါန္းတဲ့ပမာဏထက္လႉဒါန္းသူရဲ႕သဒၶါစိတ္ကသာပိုၿပီးၾကည္ႏူးစရာေကာင္းလြန္းတာမ်ိဳးပါ၊
လူ႔အခြင့္အေရးအျပည့္အဝရတဲ့ႏိုင္ငံမွာေအးေအးခ်မ္းခ်မ္းေနလို႔ရေပမယ့္အမိေျမရဲ႕အခက္အခဲကိုလ်စ္လ်ဴမရႈဘဲအခုလိုလႉဒါန္းေပးတဲ့ေစတနာကေျပာမကုန္ႏိုင္ေအာင္ပါပဲ၊
ဝမ္းပန္းတသာလႉဒါန္းေပးၾကတဲ့အလႉရွင္ေတြကိုျမန္မာျပည္သူျပည္သားေတြကသာဓုအႀကိမ္ႀကိမ္ေခၚဆိုၾကၿပီးေက်းဇူးတင္ေၾကာင္းေတြလည္းေျပာခဲ့ပါေသးတယ္၊ ဒီေငြေတြဟာတကယ္လိုအပ္ေနတဲ့ေနရာေတြကိုေရာက္ေတာ့မွာျဖစ္လို႔အခက္အခဲျဖစ္သူေတြအတြက္အုတ္တစ္ခ်ပ္သဲတစ္ပြင့္စာေလာက္အဆင္ေျပသြားရင္ေတာင္ေက်နပ္စရာေကာင္းလြန္းပါတယ္။
အလႉရွင္မိသားစုရဲ႕ေျပာင္ေျမာက္တဲ့ေစတနာနဲ႔လႉဒါန္းေနတဲ့ပုံရိပ္ေတြကိုကိုေဇာ္မ်ိဳး၊မသူသူေအာင္ မိသားစုကေႏြဦးေတာ္လွန္ေရးအတြက္ေဒၚလာတစ္သိန္း လႉဒါန္းေၾကာင္းသိရွိရတဲ့အတြက္ႏိုင္ငံခ်စ္စိတ္နဲ႔အတူေမြးဖြားရာဇာတိေျမအေပၚ ထားရွိတဲ့ေစတနာတို႔ကိုျမင္မိရင္းတကယ္ကိုပဲေလးစားဂုဏ္ယူမိပါတယ္ခင္ဗ်ာ၊
အလႉရွင္မိသားစုကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာပါေစ၊အေရးေတာ္ပုံေအာင္ရမည္၊ဆိုၿပီးပီတိျဖစ္ရသူတစ္ေယာက္ကေဝမွ်လာခဲ့ပါတယ္၊ဘယ္ဖက္ကတစ္ဆုပ္ႀကဲလို႔ညာဖက္ကတစ္လွည္းဝင္ပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးပါတယ္။
crd
unicode
မြန်မာပြည်အကျပ်အတည်းကာလတွေနဲ့ရင်ဆိုင်နေရချိန်မှာပြည်ပရောက်မြန်မာပြည်သားတွေဟာလည်းအမိမြေအတွက်နိုင်ရာတာဝန်ထမ်းခဲ့ကြပါတယ်၊ ဒီနေ့မှာလည်းအမေရိကနိုင်ငံမှာနေထိုင်တဲ့၊ကိုဇော်မျိုး၊မသူသူအောင်မိသားစုကမြန်မာ့နွေဦးတော်လှန်ရေးအတွက်အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်းပေးခဲ့ပါတယ်။
ဒီငွေပမာဏဟာအတော်လေးကိုများပြားပြီးမြန်မာငွေနဲ့ဆိုငွေကျပ်သိန်းပေါင်း၁၆ဝဝကျော်ခန့်ရှိပါတယ်၊ငွေကြေးထက်စေတနာကပိုလွန်သွားတဲ့အချိန်မှာလှူဒါန်းတဲ့ပမာဏထက်လှူဒါန်းသူရဲ့သဒ္ဓါစိတ်ကသာပိုပြီးကြည်နူးစရာကောင်းလွန်းတာမျိုးပါ၊
လူ့အခွင့်အရေးအပြည့်အဝရတဲ့နိုင်ငံမှာအေးအေးချမ်းချမ်းနေလို့ရပေမယ့်အမိမြေရဲ့အခက်အခဲကိုလျစ်လျူမရှုဘဲအခုလိုလှူဒါန်းပေးတဲ့စေတနာကပြောမကုန်နိုင်အောင်ပါပဲ၊
ဝမ်းပန်းတသာလှူဒါန်းပေးကြတဲ့အလှူရှင်တွေကိုမြန်မာပြည်သူပြည်သားတွေကသာဓုအကြိမ်ကြိမ်ခေါ်ဆိုကြပြီးကျေးဇူးတင်ကြောင်းတွေလည်းပြောခဲ့ပါသေးတယ်၊ ဒီငွေတွေဟာတကယ်လိုအပ်နေတဲ့နေရာတွေကိုရောက်တော့မှာဖြစ်လို့အခက်အခဲဖြစ်သူတွေအတွက်အုတ်တစ်ချပ်သဲတစ်ပွင့်စာလောက်အဆင်ပြေသွားရင်တောင်ကျေနပ်စရာကောင်းလွန်းပါတယ်။
အလှူရှင်မိသားစုရဲ့ပြောင်မြောက်တဲ့စေတနာနဲ့လှူဒါန်းနေတဲ့ပုံရိပ်တွေကိုကိုဇော်မျိုး၊မသူသူအောင် မိသားစုကနွေဦးတော်လှန်ရေးအတွက်ဒေါ်လာတစ်သိန်း လှူဒါန်းကြောင်းသိရှိရတဲ့အတွက်နိုင်ငံချစ်စိတ်နဲ့အတူမွေးဖွားရာဇာတိမြေအပေါ် ထားရှိတဲ့စေတနာတို့ကိုမြင်မိရင်းတကယ်ကိုပဲလေးစားဂုဏ်ယူမိပါတယ်ခင်ဗျာ၊
အလှူရှင်မိသားစုကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ၊အရေးတော်ပုံအောင်ရမည်၊ဆိုပြီးပီတိဖြစ်ရသူတစ်ယောက်ကဝေမျှလာခဲ့ပါတယ်၊ဘယ်ဖက်ကတစ်ဆုပ်ကြဲလို့ညာဖက်ကတစ်လှည်းဝင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်။
crd