ၾကားသိရသမွ်

မင်းသမီးချော TANGMO ရဲ့ ဈာပနအခမ်းအနား နောက်ဆုံးနေ့မှာ တက်ရောက်လာခဲ့တဲ့ ခင်ပွန်းဟောင်း ဒွန်နိုး









MMQUIZ

crd

မင်းသမီးချော Tangmo ရဲ့ ဈာပနအခမ်းအနား နောက်ဆုံးနေ့မှာ တက်ရောက်လာခဲ့တဲ့ ခင်ပွန်းဟောင်း ဒွန်နိုး

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၂၃ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၏ သတင်းစာမျက်နှာများတွင် The Gone Leaf ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် မင်းသမီးချော Tangmo Pattaratira ဟာ ကျောက်ဖုရားမြစ်ထဲ လှေပေါ်ကနေ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

အဆိုပါလှေပေါ်တွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးပါပြီး လှေသည် ဆန်ဟိုင်းတံတားမှ ထွက်ခွာပြီး နွန်သဘူရီသို့ ဦးတည်သွားခဲ့သည်။မြစ်ရေသည် နွန်သဘူရီဘက်သို့ စီးဆင်းနေချိန်ဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့မှ လူများကို ရှာဖွေရန် ရေငုပ်စဉ် ရေသည် တဖြည်းဖြည်း ငြိမ်သက်သွားကာ ထိုင်းပင်လယ်ကွေ့သို့ ပြန်လည်စီးဆင်းသွားသည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်လို့လည်း သိရှိရပါသည်။

နာရီအတော်ကြာသည်အထိ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေမှုပြုလုပ်ခဲ့ပြီး မင်းသမီးချော Tangmo Pattaratida က ရေကူးနိုင်တာကြောင့် သူမဘေးကင်းမယ်လို့ မိသားစုက မျှော်လင့်ထားခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ မင်းသမီးချောလေးရဲ့ အလောင်းကို ကျောက်ဖုရားမြစ်အတွင်းမှာပဲ ရှာတွေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မင်းသမီးချော Tangmo ရဲ့ ခင်ပွန်းဟောင်း ဒွန်နိုး ဟာလည်း အဆိုတော် မင်းသားတစ်ယောက်ဖြစ်ပြီးတော့ Tangmo နဲ့ လက်ထပ်ပြီး နှစ်နှစ်ခန့်မှာ တရားဝင်ကွားရှင်းခဲ့တာဖြစ်ပါတယ်။ ဖောက်ပြန်မှုတွေကြောင့်မဟုတ်ပဲ သဘောထားမတိုက်ဆိုင်မှုကြောင့် ကွာရှင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။

မင်းသမီးချော Tangmo ကျောက်ဖုရားမြစ်ထဲပျောက်ဆုံးတဲ့အချိန်မှာလည်း မြစ်ကမ်းနားကိုရောက်ရှိလာခဲ့ပြီး သတင်းသမားတွေကို အင်တာဗျူးဖြေကြားရာမှာလည်း ” တစ်ချို့အချစ်တွေက ချစ်နေပေမယ့်လည်း ပေါင်းစပ်လို့မရတာတွေရှိတယ်”လို့ ဖြေကြားခဲ့ပါသေးပြီး ယခုအချိန်ထိလည်း ဒွန်နိုး ဟာ နောက်ထပ်အိမ်ထောင်မပြုရသေးပါဘူး။

သူတို့နှစ်ယောက် ကွာရှင်းပြီးတဲ့နောက် ဘာမှမပတ်သက်တော့တာအရမ်းကြာနေပေမယ့်
မင်းသား ဒွန်နိုး ကတော့ သူ့ဇနီးဟောင်းလေးရဲ့နောက်ဆုံးဖြစ်တဲ့ ဈပနအခမ်းအနားကို တက်ရောက်လာခဲ့တဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့တာလည်း ဖြစ်ပါတယ်။

ကွာရှင်းပြတ်စဲပြီး မသက်ဆိုင်တော့သည့်တိုင်အောင် အရေးကြုံချိန်မှာ ကူညီပေးခဲ့တဲ့ မင်းသား ဒွန်နိုး ရဲ့ စိတ်ထားလေးကိုလည်း ပရိတ်သတ်တွေက ချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။သေဆုံးမှုအမှန်တရားလည်း အမြန်ဆုံးထွက်‌ပေါ်လာပြီး ကြယ်ပွင့်လေး Tangmo အေးချမ်းစွာ အနားယူနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်နော်။

MMQUIZ

crd