ၾကားသိရသမွ်

ဟန်ငြိမ်းဦးရဲ့ Telegram Channel ပြုတ်သွားတဲ့အပြင် နောက်ဖြစ်ရပ်တစ်ခုကိုပြောလာတဲ့ ပန်ဆယ်လို

ရေသန့်ကောင်ရဲ့ Telegram Channel ပြုတ်သွားတဲ့အပြင် နောက်ဖြစ်ရပ်တစ်ခုကိုပြောလာတဲ့ ပန်ဆယ်လို

ရေသန့်ကောင်ရဲ့ Telegram Channel ပြုတ်သွားပြီ။ နောက်တစ်ခုနဲ့ ထပ်တက်လာတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေကနေ ထပ်ဖိအားပေးနိုင်ရင် ဒီကောင် ဖေ့စ်ဘုတ်ပေါ်မှာ အပြီးဖယ်ရှားခံရသလို တယ်လီဂရမ်မှာပါ ဖယ်ရှားခံရမယ်။

ထပ်ပြီး ညီညီညွတ်ညွတ် ဖိအားပေးနိုင်ရင် အကြမ်း ဖက်အဖွဲ့အစည်းဖြစ်တဲ့ မင်းအောင်လှိုင်စစ်တပ်ကို ထောက်ခံတဲ့ အရေးအသားတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ဖို့ လှုံ့ဆော်တဲ့ အရေးအသားတွေကို တယ်လီဂရမ်မှာ လုံးဝမရေးနိုင်အောင် ဘယ်သူမှမရေးနိုင်အောင် လုပ်ရမယ်။

ရိုဟင်ဂျာအရေးအခင်းတုန်းက Facebook မှာ လူမျိုးရေးမုန်းတီးမှုတွေလှုံ့ဆော်တာနဲ့ ပတ်သက်ပြီး မထိန်းသိမ်းခဲ့မှုအတွက် ဇူကာဘတ်ကိုယ်တိုင် အမေရိကန်ကွန်ဂရက်မှာ ချွေးပြန်အောင် ရှင်းခဲ့ရဖူးတယ်။

Telegram Platform အနေနဲ့လည်း အခုလို အကြမ်း ဖက်မှုတွေလှုံ့ဆော်မှုအတွက် တာဝန်ယူ တာဝန်ခံရလိမ့်မယ်ဆိုတာကို ကျယ်ကျယ်လောင်လောင် အသံထွက်နိုင်ဖို့ လိုတယ်။

ရေသန့်ကောင်ကိုလည်း စောက်တပ်က သုံးလို့ရနေလို့ သုံးထားတာ။ ဝါဒဖြန့်ဖို့ သုံးစားမရရင် တပ်ထဲကနေ ကန်ထုတ်ခံရမှာ။

အာဏာသိမ်းမတိုင်ခင်က တပ်ထဲက ဗိုလ်ကတော်တွေကို လင်ငယ်ခံ ငွေပတ်ခြူထားတဲ့ ကိစ္စရယ်၊ စစ်ဗိုလ်ဝတ်စုံဝတ်ပြီး ယူနီဖောင်းကို လိမ်လည်အသုံးပြုတဲ့ ပြစ်ဒဏ်ရယ်ကို စောက်တပ်ကလည်း ဝါဒဖြန့်ဖို့ အသုံးချလို့ရနေသေးလို့ လွှတ်ထားပေးထားတာ။

သုံးစားမရတော့ရင် တပ်ထဲက ကန်ထုတ်မှာ။ အဲ့ကျရင် အရင်လို တစ်ဗူးလေးရာနဲ့ ရေသန့်ပြန်ထမ်းဖို့တောင် မမျှော်လင့်နဲ့။

တောက်တောက်စင်းမှာနော် မနွဲ့ကြေး။
🙂

Zawgyi









🙂