တစ်ချိန်ကဟာသလောကမှ ပရိသတ်တွေကိုအမြဲရယ်မောပျော်ရွှင်စေတဲ့ ပျက်လုံးတွေနဲ့ဘဝအမောတွေပြေစေခဲ့တာကတော့ ဖိုးဖြူပဲဖြစ်ပါတယ်။
သူမကတော့ယနေ့မှာ ချစ်ရတဲ့သူတွေအကုန်လုံးကို နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။


ပရိသတ်တွေကလည်းခုချိန်ထိ မယုံနိုင်သေးပဲ နှမြောတသ စိတ်မကောင်းဖြစ်နေရတာပါ။
သူတို့ရဲ့ ဟာသလေးတွေနဲ့ ပဲပရိသတ်တွေကကြီးပြင်းလာခဲ့တာပါ။


ဒါကြောင့်လည်းအနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင်မြင်မှုတွေနဲ့ရပ်တည်လာနိုင်ခဲ့တာပါ။
နိုင်ငံရေးအခြေနေတွေကြောင့် သူ့ရဲ့သတင်းတွေဘာမှမကြားမိခဲ့ပဲ ခုကွယ်လွန်ချိန်မှာသာ ပရိသတ်တွေပြန်တွေးမိခဲ့ကြတာပါ။


ဒီကနေ့မှာတော့ဦးဖြူဝင်းရွှေ (ခ) ဦးဖိုးဖြူ ၊ အသက် (၆၃) နှစ် ၏ ဈာပနာကို ဒီကနေ့၊ မတ်လ (၁၃) ရက်နေ့က ရန်ကုန်၊ မြောက်ဥက္ကလာ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။
ဝါရင့် လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ဦးဖိုးဖြူ ဟာ မတ်လ (၁၁) ရက်နေ့၊ ညနေ (၆:၄၅) အချိန်တွင် မြောက်ဥက္ကလာ OSC ဆေးရုံမှာ အဆုတ်ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။

ဦးဖိုးဖြူ ၏ အနုပညာ ညီအစ်ကို၊လုပ်ဖော်ကိုင်ဖက်များ နှင့် မိသားစုဝင်များက နောက်ဆုံးခရီးကို လိုက်လံ ပို့ဆောင်ပေးခဲ့ကြပါတယ်။
ဦးဖိုးဖြူရဲ့နောက်ဆုံးစျာမနမြင်ကွင်းပုံရိပ်လေးကို အခုလိုပဲ တစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်.။



