က်မၼာေရး ဗဟုသုတ

ကျွမ်းကျင်ပညာရှင်များ ဝေမျှထားတဲ့ ဂျင်းကိုစားသုံးပေးခြင်းရဲ့အကျိုးကျေးဇူးများ

ကျွမ်းကျင်ပညာရှင်များ ဝေမျှထားတဲ့ ဂျင်းကိုစားသုံးပေးခြင်းရဲ့အကျိုးကျေးဇူးများ

တွန့်လိမ်တွန့်လိမ်နဲ့ ကြည့်ရတာတစ်မျိုးလေးဖြစ်နေတဲ့ <ဂျင်းတွေကိုဂျင်းတေကိုယခင်မြင်တွေ့တုန်းက ဘယ်လိုသုံးရတယ်၊ ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲ ဆိုတာကို မသိခဲ့ဖူးဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့ ကိုယ်မသိခဲ့တဲ့ ဂျင်းကို ရှေးယခင်ကတည်းက ဆေးဖြစ်ဝါးဖြစ် အသုံးပြုခဲ့ကြပါတယ်။ဒါကြောင့် ဂျင်းနဲ့ပတ်သက်ပြီး ဘယ်လိုအချိန်၊ ဘယ်လိုနေရာတွေမှာ ဘယ်လိုအသုံးဝင်သလဲဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

၁။ အသားအရေပျော့တွဲမှုကို တိုက်ဖျက်ခြင်း

ဂျင်း Scrub လုပ်ပေးခြင်းက အသားအရေကိုအနွေးဓာတ်ပေးစွမ်းပြီး သွေးလည်ပတ်မှုအားကောင်းစေပါတယ်။ကြိတ်ပြီးသားဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဂျင်းရည် ၀.၅ လီတာနဲ့ရောစပ်၍ ပင်လယ်ဆားခွက်တစ်ခွက်စာ ထည့်ပြီးရောမွှေပါ။ ထိုအရောကို Sponge သုံးပြီး အသားအရေပျော့တွဲနေတဲ့နေရာများကို ပွတ်ပေးနိုင်ပါတယ်။

၂။ ဇီဝဖြစ်စဉ်အားကောင်းစေပြီး မအီမသာဖြစ်ခြင်းကိုသက်သာစေခြင်း

အစာမကြေတဲ့ပြဿနာတွေ၊ လှိုင်းမူးတတ်တာတွေ၊ ကိုယ်ဝန်ဆောင်နေစဉ် မအီမသာဖြစ်တာတွေကို ခံစားရတတ်ရင် ဂျင်းကိုဝါးနိုင်သလို လက်ဖက်ရည်ထဲကို ဂျင်းထည့်ပြီးတော့လည်း သောက်သုံးပေးနိုင်ပါတယ်။

၃။ ကိုယ်ခံအားမြှင့်တင်ပေးခြင်း

ဗီတာမင်အေ၊ ဘီ၊ ဇင့်၊ ကယ်လ်စီယမ်၊ အိုင်အိုဒင်း နှင့်အခြားဓာတ်တွေပါဝင်တဲ့ ဂျင်းက ခန္ဓာကိုယ်ကို အားတိုးစေပြီး အခြားရောဂါတွေကိုလည်း ခံနိုင်ရည်စွမ်းတိုးစေမှာဖြစ်ပါတယ်။သံပုယိုသီး ၄ လုံးကိုနုပ်နုပ်စဉ်းပြီး ဂျင်း ၄၀၀ ဂရမ်တို့ကို ပျားရည် ၂၅၀ ဂရမ်ထဲရောစိမ်ပြီး မကြာခဏဖျားနာတတ်တဲ့ ရာသီတွင်းမှာ အစာမစားခင် မနက်ပိုင်းမှာ လက်ဖက်ရည်ဇွန်းနှင့် ၁ ဇွန်း သောက်သုံးပေးနိုင်ပါတယ်။

၄။ နာကျင်ဝေဒနာကို သက်သာစေခြင်း

ဂျင်းက ရောင်ရဲနာကျင်တာတွေကို သက်သာစေပြီး လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီးနောက် ကြွက်သားတွေနာကျင်တာ၊ ရာသီလာလို့ကိုက်ခဲတာတွေ၊ အဆစ်ရောင်ရောဂါတွေအတွက် အထူးကောင်းမွန်ပါတယ်။ ဂျင်း၊ နနွင်း၊ သံပုယိုသီး ၂ လုံးအရည်ညှစ်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ရေတို့ကိုရောစပ်ပြီး တင်ချာဆေးရည်ပြုလုပ်ပါ။

၅။ ဦးနှောက်အလုပ်လုပ်မှုကို တိုးမြှင့်ခြင်း

ဂျင်းကိုစားသုံးပေးခြင်းက အိုမင်းရင့်ရော်မှုနဲ့ ဦးနှောက်ဆဲလ်တွေသေဆုံးမှုကို တားဆီးပေးပါတယ်။ ဒါ့အပြင် အယ်လ်ဇိုင်းမားနှင့် အကြောအားနည်း၍ ခြေလက်တုန်တတ်တဲ့ ရောဂါတွေကိုလည်း တိုက်ဖျက်ပေးဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ဂျင်းကိုစားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်အားကိုတိုးတက်စေပါတယ်။

၆။ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ခြင်း

ဂျင်းတွင် Antioxidants တွေ အမြောက်အမြားပါဝင်လို့ ခန္ဓာကိုယ်အတွင်း ဖြစ်စဉ်တွေအသစ်ဖွဲ့စည်းဖို့ နှုန်းကို မြန်ဆန်စေပြီး ရေဒီယိုသတ္တိလှိုင်းတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

၇။ ကိုယ်အလေးချိန်ကျစေခြင်း

လောင်ကျွမ်းစေတဲ့ ဓာတ်တွေအများကြီးပါဝင်လို့ ဇီဝဖြစ်စဉ်မြှင့်တင်ပေးကာ အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ အစာမစားခင် မိနစ်သုံးဆယ်အလိုမှာ ဂျင်းလက်ဖက်ရည်သောက်မယ်ဆိုရင် အစာစားသုံးတဲ့ပမာဏကို လျော့နည်းသွားစေပါတယ်။

၈။ အသားအရေကို ဝင်းလက်စိုပြေစေခြင်း

ခြစ်ထားသည့်ဂျင်း၊ ပျားရည်၊ သံပုယိုရည်တို့ကို ပမာဏညီတူညီမျှပေါင်းစပ်ကာ မျက်နှာပေါ် မိနစ်သုံးဆယ်တင်ပေးထားခြင်းက အသားအရေကို ဝင်းလက်လာစေမှာဖြစ်ပါတယ်။

၉။ ဝက်ခြံများကို ဖယ်ရှားပစ်ခြင်း

ခြစ်ပြီးသားဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို နို့အနည်းငယ်နဲ့ရောစပ်ပြီး မျက်နှာပေါ်လိမ်းခြယ်ပါ။ ၁၅ မိနစ်ကြာပြီးနောက် ရေနဲ့ဆေးကြောသန့်စင်ပစ်နိုင်ပါတယ်။

၁၀။ ဆံပင်အရှည်မြန်စေပြီး ဆံပင်ကျွတ်တာ၊ ဗောက်ထတာတွေကို သက်သာစေခြင်း

ဂျင်းက ဦးရေပြားသွေးစီးဆင်းမှုကို ထောက်ပံ့ပေးပြီး ဆံပင်အမြစ်တွေကိုလည်း အာဟာရတွေပြည့်ဝစေလို့ ဆံပင်သန်နှုန်းမြန်စေပါတယ်။ဆံပင်သန်စေဖို့အတွက် ခြစ်ထားသည့်ဂျင်းနှင့် Jojoba ဆီနှင့်ရောစပ်ပြီး ဆံပင်နှင့်အသားထဲကို နှိပ်ပေးပါ။ မိနစ်သုံးဆယ်အကြာမှာ ခေါင်းလျှော်ပေးပါ။ဆံပင်အရှည်မြန်ဖို့အတွက် – ခြစ်ပြီးသားဂျင်းအနည်းငယ်နှင့် ကြက်သွန်ဖြူတို့ကို ရေနဲ့စိမ်ပြီး ခဏထားပါ။ သံလွင်ဆီအနည်းငယ်ကို ထိုအရောထဲပေါင်းထည့်ပြီး ဆံပင်အရင်းတွေကို နှိပ်ပေးပါ။ကျမ်​းမာ​လှပ​သောဘဝကိုပိုင်​ဆိုင်​ကြပါ​စေ ..ရှင်​

Credit :MyFood Myanmar

ကၽြမ္းက်င္ပညာရွင္မ်ား ေ၀မွ်ထားတဲ့ ဂ်င္းကိုစားသံုးေပးျခင္းရဲ႕အက်ိဳးေက်းဇူးမ်ား

တြန္႕လိမ္တြန္႕လိမ္နဲ႕ ႀကည့္ရတာတစ္မ်ိဳးေလးျဖစ္ေနတဲ့ <ဂ်င္းေတြကိုဂ်င္းေတကိုယခင္ျမင္ေတြ႕တုန္းက ဘယ္လိုသံုးရတယ္၊ ဘယ္လိုအက်ိဳးေက်းဇူးေတြရွိလဲ ဆိုတာကို မသိခဲ့ဖူးျဖစ္ႏိုင္ပါတယ္။ ထုိကဲ့သုိ႕ ကိုယ္မသိခဲ့တဲ့ ဂ်င္းကို ေရွးယခင္ကတည္းက ေဆးျဖစ္၀ါးျဖစ္ အသံုးျပဳခဲ့ႀကပါတယ္။ဒါေႀကာင့္ ဂ်င္းနဲ႕ပတ္သက္ၿပီး ဘယ္လိုအခ်ိန္၊ ဘယ္လိုေနရာေတြမွာ ဘယ္လိုအသံုး၀င္သလဲဆိုတာကို သိရွိႏိုင္ေစဖို႕ ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ အသားအေရေပ်ာ့တြဲမႈကို တိုက္ဖ်က္ျခင္း

ဂ်င္း Scrub လုပ္ေပးျခင္းက အသားအေရကိုအေႏြးဓာတ္ေပးစြမ္းၿပီး ေသြးလည္ပတ္မႈအားေကာင္းေစပါတယ္။ႀကိတ္ၿပီးသားဂ်င္း လက္ဖက္ရည္ဇြန္း ၁ ဇြန္းကို ဂ်င္းရည္ ၀.၅ လီတာနဲ႕ေရာစပ္၍ ပင္လယ္ဆားခြက္တစ္ခြက္စာ ထည့္ၿပီးေရာေမႊပါ။ ထိုအေရာကို Sponge သံုးၿပီး အသားအေရေပ်ာ့တြဲေနတဲ့ေနရာမ်ားကို ပြတ္ေပးႏိုင္ပါတယ္။

၂။ ဇီ၀ျဖစ္စဥ္အားေကာင္းေစၿပီး မအီမသာျဖစ္ျခင္းကိုသက္သာေစျခင္း

အစာမေႀကတဲ့ျပႆနာေတြ၊ လိႈင္းမူးတတ္တာေတြ၊ ကိုယ္၀န္ေဆာင္ေနစဥ္ မအီမသာျဖစ္တာေတြကို ခံစားရတတ္ရင္ ဂ်င္းကို၀ါးႏိုင္သလို လက္ဖက္ရည္ထဲကို ဂ်င္းထည့္ၿပီးေတာ့လည္း ေသာက္သံုးေပးႏိုင္ပါတယ္။

၃။ ကိုယ္ခံအားျမွင့္တင္ေပးျခင္း

ဗီတာမင္ေအ၊ ဘီ၊ ဇင့္၊ ကယ္လ္စီယမ္၊ အိုင္အိုဒင္း ႏွင့္အျခားဓာတ္ေတြပါ၀င္တဲ့ ဂ်င္းက ခႏၶာကိုယ္ကို အားတိုးေစၿပီး အျခားေရာဂါေတြကိုလည္း ခံႏိုင္ရည္စြမ္းတိုးေစမွာျဖစ္ပါတယ္။သံပုယိုသီး ၄ လံုးကိုႏုပ္ႏုပ္စဥ္းၿပီး ဂ်င္း ၄၀၀ ဂရမ္တုိ႕ကို ပ်ားရည္ ၂၅၀ ဂရမ္ထဲေရာစိမ္ၿပီး မႀကာခဏဖ်ားနာတတ္တဲ့ ရာသီတြင္းမွာ အစာမစားခင္ မနက္ပိုင္းမွာ လက္ဖက္ရည္ဇြန္းႏွင့္ ၁ ဇြန္း ေသာက္သံုးေပးႏိုင္ပါတယ္။

၄။ နာက်င္ေ၀ဒနာကို သက္သာေစျခင္း

ဂ်င္းက ေရာင္ရဲနာက်င္တာေတြကို သက္သာေစၿပီး ေလ့က်င့္ခန္းအျပင္းအထန္လုပ္ၿပီးေနာက္ ႀကြက္သားေတြနာက်င္တာ၊ ရာသီလာလို႕ကိုက္ခဲတာေတြ၊ အဆစ္ေရာင္ေရာဂါေတြအတြက္ အထူးေကာင္းမြန္ပါတယ္။ ဂ်င္း၊ နႏြင္း၊ သံပုယိုသီး ၂ လံုးအရည္ညွစ္၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းႏွင့္ ေရတို႕ကိုေရာစပ္ၿပီး တင္ခ်ာေဆးရည္ျပဳလုပ္ပါ။

၅။ ဦးေႏွာက္အလုပ္လုပ္မႈကို တိုးျမွင့္ျခင္း

ဂ်င္းကိုစားသံုးေပးျခင္းက အိုမင္းရင့္ေရာ္မႈနဲ႕ ဦးေႏွာက္ဆဲလ္ေတြေသဆံုးမႈကို တားဆီးေပးပါတယ္။ ဒါ့အျပင္ အယ္လ္ဇိုင္းမားႏွင့္ အေႀကာအားနည္း၍ ေျခလက္တုန္တတ္တဲ့ ေရာဂါေတြကိုလည္း တိုက္ဖ်က္ေပးဖို႕ ကူညီေပးပါတယ္။ ဒါေႀကာင့္ ဂ်င္းကိုစားသံုးေပးျခင္းျဖင့္ မွတ္ဥာဏ္အားကိုတိုးတက္ေစပါတယ္။

၆။ အိုမင္းရင့္ေရာ္မႈကို တိုက္ဖ်က္ျခင္း

ဂ်င္းတြင္ Antioxidants ေတြ အေျမာက္အျမားပါ၀င္လုိ႕ ခႏၶာကိုယ္အတြင္း ျဖစ္စဥ္ေတြအသစ္ဖြဲ႕စည္းဖို႕ ႏႈန္းကို ျမန္ဆန္ေစၿပီး ေရဒီယိုသတၱိလိႈင္းေတြနဲ႕ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။

၇။ ကိုယ္အေလးခ်ိန္က်ေစျခင္း

ေလာင္ကၽြမ္းေစတဲ့ ဓာတ္ေတြအမ်ားႀကီးပါ၀င္လို႕ ဇီ၀ျဖစ္စဥ္ျမွင့္တင္ေပးကာ အစာစားခ်င္စိတ္ကို ေလ်ာ့က်ေစပါတယ္။ အစာမစားခင္ မိနစ္သံုးဆယ္အလိုမွာ ဂ်င္းလက္ဖက္ရည္ေသာက္မယ္ဆိုရင္ အစာစားသံုးတဲ့ပမာဏကို ေလ်ာ့နည္းသြားေစပါတယ္။

၈။ အသားအေရကို ၀င္းလက္စိုေျပေစျခင္း

ျခစ္ထားသည့္ဂ်င္း၊ ပ်ားရည္၊ သံပုယိုရည္တုိ႕ကို ပမာဏညီတူညီမွ်ေပါင္းစပ္ကာ မ်က္ႏွာေပၚ မိနစ္သံုးဆယ္တင္ေပးထားျခင္းက အသားအေရကို ၀င္းလက္လာေစမွာျဖစ္ပါတယ္။

၉။ ၀က္ၿခံမ်ားကို ဖယ္ရွားပစ္ျခင္း

ျခစ္ၿပီးသားဂ်င္း လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ပ်ားရည္လက္ဖက္ရည္ဇြန္း ၁ ဇြန္းတို႕ကို ႏို႕အနည္းငယ္နဲ႕ေရာစပ္ၿပီး မ်က္ႏွာေပၚလိမ္းျခယ္ပါ။ ၁၅ မိနစ္ႀကာၿပီးေနာက္ ေရနဲ႕ေဆးေႀကာသန္႕စင္ပစ္ႏုိင္ပါတယ္။

၁၀။ ဆံပင္အရွည္ျမန္ေစၿပီး ဆံပင္ကၽြတ္တာ၊ ေဗာက္ထတာေတြကို သက္သာေစျခင္း

ဂ်င္းက ဦးေရၿပားေသြးစီးဆင္းမႈကို ေထာက္ပံ့ေပးၿပီး ဆံပင္အျမစ္ေတြကိုလည္း အာဟာရေတြျပည့္၀ေစလို႕ ဆံပင္သန္ႏႈန္းျမန္ေစပါတယ္။ဆံပင္သန္ေစဖို႕အတြက္ ျခစ္ထားသည့္ဂ်င္းႏွင့္ Jojoba ဆီႏွင့္ေရာစပ္ၿပီး ဆံပင္ႏွင့္အသားထဲကို ႏွိပ္ေပးပါ။ မိနစ္သံုးဆယ္အႀကာမွာ ေခါင္းေလွ်ာ္ေပးပါ။ဆံပင္အရွည္ျမန္ဖို႕အတြက္ – ျခစ္ၿပီးသားဂ်င္းအနည္းငယ္ႏွင့္ ႀကက္သြန္ျဖဴတုိ႕ကို ေရနဲ႕စိမ္ၿပီး ခဏထားပါ။ သံလြင္ဆီအနည္းငယ္ကို ထုိအေရာထဲေပါင္းထည့္ၿပီး ဆံပင္အရင္းေတြကို ႏွိပ္ေပးပါ။က်မ္​းမာ​လွပ​ေသာဘဝကိုပိုင္​ဆိုင္​ျကပါ​ေစ ..႐ွင္​

Credit :MyFood Myanmar