က်မၼာေရး ဗဟုသုတ

ကားေပၚမွာ ဓမၼတာလာလို႔ဒုကၡေရာက္ခဲ့တဲ့ ေကာင္မေလးကို ပါးပါးနပ္နပ္ကူညီခ့ဲတဲ့ အမ်ိဳးသား..

ကားေပၚမွာ ဓမၼတာလာလို႔ဒုကၡေရာက္ခဲ့တဲ့ ေကာင္မေလးကို ပါးပါးနပ္နပ္ကူညီခ့ဲတဲ့ အမ်ိဳးသား..

ကိုရီးယားမွာသာမက အာရွမိနး္ကေလးပရိသတ္ေတြၾကားမွာ အမ်ိဳးသားတစ္ေယာက္ရွိပါတယ္ …။ရုပ္ေခ်ာလုိ႔ နာမည္ႀကီးေနတာမ်ိဳး မဟုတ္ပဲ သူ႔ရဲ႕ gentleman ဆန္တဲ့ အျပဳအမူေၾကာင့္ ပါ။

ဘတ္စကားေပၚမွာ ဓမၼတာ လာေနတဲ့ မိန္းကေလးတစ္ေယာက္ကို တစ္ဖက္ မိန္းကေလးလည္း သူ႔ေၾကာင့္ အရွက္ရတာမ်ိဳး မျဖစ္ေအာင္ ပညာသားပါပါ ကူညီေပးလိုက္တဲ့ သူ႔ရဲ႕ အျပဳအမူေၾကာင့္ “Straw berry Milk Oppa” ဆိုၿပီး နာမည္ႀကီးေနတာပဲ ျဖစ္ပါတယ္ …။

ျဖစ္ရပ္ကေတာ့ မိန္းကေလး တစ္ေယာက္ဟာ ဘတ္စ္ကားေပၚမွာ ရာသီလာလို႔ ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိ ျဖစ္ေနခဲ့ပါတယ္။သူမကိုယ္တိုင္ကလည္း လာမယ့္ ရက္ကို ေမ့ေနခဲ့လို႔ ဘာမွ အကာအကြယ္ေတြ မလုပ္ခဲ့ရပါဘူး။

ပိုဆိုး တာ က ဓါတ္ပံုရိုက္ကူးဖို႔ရွိလို႔ ဒီလို အခ်ိန္မ်ိဳးမွာမွ စကပ္အတိုကို ၀တ္လာခဲ့မိပါတယ္ …။ရာသီေသြးေတြဟာ သူမရဲ႕ အ၀တ္အစား၊ေပါင္တို႔မွာ ေပက်ံသြားခဲ့ပါတယ္။

ရွက္ လည္း ရွက္၊ထထြက္သြားရမွာလည္း အဆင္မေျပ၊ဘာလုပ္လို႔ ဘာကိုင္ ရမွန္း မသိျဖစ္ေနခဲ့ပါတယ္။မိန္းကေလးတစ္ေယာက္ အတြက္ တကယ့္ကို အခက္ ႀကံဳေနတဲ့ အခ်ိန္ပါပဲေနာ္ …။

သူမရဲ႕ အခက္အခဲကို ကယ္တင္ေပးမယ့္ နတ္သားေလးတစ္ပါး ေပၚလာခဲ့ပါတယ္။အဲဲ့ဒီအခ်ိန္မွာ အမ်ိဳးသား တစ္ေယာက္ သူမရဲ႕ေဘးနား ေရာက္လာၿပီး သူ႔ လက္ထဲက စေတာ္ဘယ္ရီ ႏို႔ ဘူးကို ေကာင္မေလးရဲ႕ အေပၚ ဖိတ္က်ခ်င္ေ ယာင္ေဆာင္ခဲ့ပါတယ္ …။

သူ႕ရဲ႕ ဂ်က္ကတ္နဲ႔တစ္ရွဴးကို ေပးၿပီး “ဖိတ္က်သြားတဲ့အတြက္ ေတာင္းပန္ပါတယ္။ကၽြန္ေတာ့္ အ၀တ္အစားကို ခါးမွာခ်ည္ၿပီး သြားလုိ႔ရ ပါတယ္” ဆိုၿပီး ေကာင္မေလးလည္း ရွက္မသြားေအာင္၊ေဘးလူေတြလည္း မသိေအာင္ ကူညီေပးၿပီး ဘတ္စ္ကားေပၚက ဆင္းသြားခဲ့ပါတယ္ …။

အဲ့ဒီေကာင္ေလးအေၾကာင္းကို ေကာင္မေလးက fb စာမ်က္ႏွာက တစ္ဆင့္ရွာခဲ့ၿပီး ေနာက္ဆံုးမွာ ျပန္ရွာေတြ႔ခဲ့ပါတယ္။ေကာင္မေလးက ဂ်က္ကတ္ဖိုးေပးပါရေစ၊တစ္ခုခုလိုက္ေကၽြး ပါရေစလုိ႔ ေတာင္းဆိုေပမယ့္ ….

ရိုးသားလြန္းတဲ့ ေကာင္ေလးက ေနာက္တစ္ခါ ျပန္ေတြ႔ရင္ စေတာ္ဘယ္ရီႏို႔ဘူးပဲ ျပန္၀ယ္ေပးပါလုိ႔ reply ျပန္ခဲ့ပါတယ္ …။ရိုးသားၿပီး gentleman ဆန္တဲ့ သူ႔ရဲ႕ အျပဳ အမူ ေၾကာင့္ အခုဆိုရင္ေတာ့ အြန္လိုင္းေပၚမွာ “Strawberry Milk Oppa” ဆိုၿပီး ေကာင္မေလးေတြရဲ႕ ဟီီးရိုးျဖစ္လာခဲ့ပါၿပီ။

သူ႔ရဲ႕ နာမည္ကေတာ့ Kang Sung Hyun၊ အသက္ကေတာ့ (၂၁)ျဖစ္ၿပီး Suwon ၿမိဳ႕ကပါ။အခုဆိုရင္ေတာ့ ကိုရီးယားတင္မဟုတ္ပဲ ကမၻာတစ္၀န္း မွာပါ သူ႔ကို အားေပးၾကတဲ့ fans ေတြ အမ်ားႀကီးရွိလာတာကို ေတြ႔ရပါတယ္ …။

aunty may

Unicode

ကားပေါ်မှာ ဓမ္မတာလာလို့ဒုက္ခရောက်ခဲ့တဲ့ ကောင်မလေးကို ပါးပါးနပ်နပ်ကူညီခဲ့တဲ့ အမျိုးသား..

ကိုရီးယားမှာသာမက အာရှမိန်းကလေးပရိသတ်တွေကြားမှာ အမျိုးသားတစ်ယောက်ရှိပါတယ် …။ရုပ်ချောလို့ နာမည်ကြီးနေတာမျိုး မဟုတ်ပဲ သူ့ရဲ့ gentleman ဆန်တဲ့ အပြုအမူကြောင့် ပါ။

ဘတ်စကားပေါ်မှာ ဓမ္မတာ လာနေတဲ့ မိန်းကလေးတစ်ယောက်ကို တစ်ဖက် မိန်းကလေးလည်း သူ့ကြောင့် အရှက်ရတာမျိုး မဖြစ်အောင် ပညာသားပါပါ ကူညီပေးလိုက်တဲ့ သူ့ရဲ့ အပြုအမူကြောင့် “Straw berry Milk Oppa” ဆိုပြီး နာမည်ကြီးနေတာပဲ ဖြစ်ပါတယ် …။

ဖြစ်ရပ်ကတော့ မိန်းကလေး တစ်ယောက်ဟာ ဘတ်စ်ကားပေါ်မှာ ရာသီလာလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေခဲ့ပါတယ်။သူမကိုယ်တိုင်ကလည်း လာမယ့် ရက်ကို မေ့နေခဲ့လို့ ဘာမှ အကာအကွယ်တွေ မလုပ်ခဲ့ရပါဘူး။

ပိုဆိုး တာ က ဓါတ်ပုံရိုက်ကူးဖို့ရှိလို့ ဒီလို အချိန်မျိုးမှာမှ စကပ်အတိုကို ဝတ်လာခဲ့မိပါတယ် …။ရာသီသွေးတွေဟာ သူမရဲ့ အဝတ်အစား၊ပေါင်တို့မှာ ပေကျံသွားခဲ့ပါတယ်။

ရှက် လည်း ရှက်၊ထထွက်သွားရမှာလည်း အဆင်မပြေ၊ဘာလုပ်လို့ ဘာကိုင် ရမှန်း မသိဖြစ်နေခဲ့ပါတယ်။မိန်းကလေးတစ်ယောက် အတွက် တကယ့်ကို အခက် ကြုံနေတဲ့ အချိန်ပါပဲနော် …။

သူမရဲ့ အခက်အခဲကို ကယ်တင်ပေးမယ့် နတ်သားလေးတစ်ပါး ပေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာ အမျိုးသား တစ်ယောက် သူမရဲ့ဘေးနား ရောက်လာပြီး သူ့ လက်ထဲက စတော်ဘယ်ရီ နို့ ဘူးကို ကောင်မလေးရဲ့ အပေါ် ဖိတ်ကျချင်ေ ယာင်ဆောင်ခဲ့ပါတယ် …။

သူ့ရဲ့ ဂျက်ကတ်နဲ့တစ်ရှူးကို ပေးပြီး “ဖိတ်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ကျွန်တော့် အဝတ်အစားကို ခါးမှာချ ည်ပြီး သွားလို့ရ ပါတယ်” ဆိုပြီး ကောင်မလေးလည်း ရှက်မသွားအောင်၊ဘေးလူတွေလည်း မသိအောင် ကူညီပေးပြီး ဘတ်စ်ကားပေါ်က ဆင်းသွားခဲ့ပါတယ် …။

အဲ့ဒီကောင်လေးအကြောင်းကို ကောင်မလေးက fb စာမျက်နှာက တစ်ဆင့်ရှာခဲ့ပြီး နောက်ဆုံးမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။ကောင်မလေးက ဂျက်ကတ်ဖိုးပေးပါရစေ၊တစ်ခုခုလိုက်ကျွေး ပါရစေလို့ တောင်းဆိုပေမယ့် ….

ရိုးသားလွန်းတဲ့ ကောင်လေးက နောက်တစ်ခါ ပြန်တွေ့ရင် စတော်ဘယ်ရီနို့ဘူးပဲ ပြန်ဝယ်ပေးပါလို့ reply ပြန်ခဲ့ပါတယ် …။ရိုးသားပြီး gentleman ဆန်တဲ့ သူ့ရဲ့ အပြု အမူ ကြောင့် အခုဆိုရင်တော့ အွန်လိုင်းပေါ်မှာ “Strawberry Milk Oppa” ဆိုပြီး ကောင်မလေးတွေရဲ့ ဟီးရိုးဖြစ်လာခဲ့ပါပြီ။

သူ့ရဲ့ နာမည်ကတော့ Kang Sung Hyun၊ အသက်ကတော့ (၂၁)ဖြစ်ပြီး Suwon မြို့ကပါ။အခုဆိုရင်တော့ ကိုရီးယားတင်မဟုတ်ပဲ ကမ္ဘာတစ်ဝန်း မှာပါ သူ့ကို အားပေးကြတဲ့ fans တွေ အများကြီးရှိလာတာကို တွေ့ရပါတယ် …။

aunty may