အမျိုးသမီးတွေမှာပဲ တွေ့နိုင်မယ့် နှလုံးရောဂါနဲ့ ပတ်သတ်တဲ့ လက္ခဏာရပ်(၆) ခု
နှလုံးရောဂါဆိုတာ ကျား၊ မမရွေး အသက်အရွယ်မရွေး ဖြစ်ပွားတတ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ အခန့်မသင့်ရင် အသက်အန္တရာယ်ဆုံးရှုံးသွားနိုင်တာကြောင့် မပေါ့ဆသင့်တဲ့ရောဂါတစ်ခုလည်းဖြစ်ပါတယ်။
ဒီတော့ အမျိုးသမီးတွေအတွက် သီးသန့် နှလုံးရောဂါနဲ့ ပတ်သက်တဲ့လက္ခဏာရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒါတွေကတော့..
(၁) ခန္ဓာကိုယ်အနှံ့နာကျင်မှုတွေ
ကျောဖက်၊ လည်ပင်းနဲ့ဂုတ်၊ မေးရိုးတစ်လျှောက်အပြင် လက်မောင်းနှစ်ဖက်မှာပါ ရုတ်တရက်စူးစူးဝါးဝါးနာကျင်ခံစားလာရပါလိမ့်မယ်။ တစ်ခါတစ်လေကျရင် ညအိပ်နေရင်း နာလာလို့ လန့်နိုးတာမျိုးတောင်ရှိတတ်ပါတယ်။ ဒီလိုဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်နေပါပြီ။
(၂) ဗိုက်မကောင်းတာမျိုး
အစာအဆိပ်သင့်သလိုလို၊ အပူအစပ်စားတာများလို့ ဗိုက်အောင့်သလို ဖြစ်နေပေမယ့်လို့ ဗိုက်တစ်ဝှက်မှာ ဖိအားကြီးတစ်ခုလို ခံစားနေရပြီးတော့ ခပ်စူးစူးအောင့်နေမယ်ဆိုရင် အစာအိမ်အချဉ်ပေါက်နေတာ ဖြစ်နိုင်သလို နှလုံးရောဂါလည်းဖြစ်နိုင်တဲ့အွေက်ကြောင့် မပေါ့သင့်ပါဘူး။ အမြန်ဆုံး သွားရောက်စစ်ဆေးပါ။
(၃) ချွေးစေထွက်တာ
ပူလို့ချွေးထွက်တာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းပြီး ခြေဖျား၊ လက်ဖျားနဲ့ ဆံစပ်နဲ့ ဂုတ်ဖက်တွေမှာ ချွေးစေးတွေ ထွက်နေမ်ဆိုရင် နှလုံးမှာ ဖိအားတစ်ခုခုရှိနေပြီဖြစ်တဲ့အတွက် ခန္ဓာကိုယ်က လက္ခဏာပြတာပါ။
(၄) လေမစပ်တာ
လှုပ်လှုပ်ရှားရှားလေး ဘာမဟုတ်တာလုပ်လိုက်ရင်ကို မောလာပြီး လေမစပ်ချင်တော့သလို ဖြစ်နေမယ်ဆိုရင် သင့်နှလုံးဟာ အားနည်းနေပြီဆိုတာ အသေချာပါပဲ။
(၅) မူးဝေခြင်း
အကြာကြီးလည်း အနားယူတယ်၊ အိပ်လည်းအိပ်ထားတယ်၊ ပင်ပင်ပမ်းပမ်းလည်း ဘာမှမလုပ်ထားဘဲနဲ့တောင်မှပဲ သင်ဟာ မောပမ်းနွမ်းလျနေမယ်ဆိုရင် သင့်ရဲ့နှလုံးသွေးကြောမှာ ပြဿနာဖြစ်နေနိုင်တဲ့အတွက် ကျွမ်းကျင်ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးပါလို့ အကြံပေးချင်ပါတယ်။
(၆) နှလုံးအောင့်ခြင်း
တစ်ခါတစ်လေ စိတ်ဖိဆီးမှုကြောင့် ဒါမှမဟုတ် အထိုင်အထတွေမှာ လေညပ်သွားလို့ ရင်ဘတ်အောင့်တတ်ပေမယ့်လို့ နှလုံးဖက်က ပူပြီးစူးစူးဝါးဝါး အဆက်မပြတ်အောင့်နေမယ်ဆိုရင်တော့ သင့်ရဲ့ နှလုံးမှာ ပြဿနာရှိနေတယ်၊ heart attack ဖြစ်ဖို့ အခြေအနေများနေပြီဆိုတာ သိထားသင့်ပါတယ်။ မပေ့ါပါနဲ့။
penny
Zawgyi
အမ်ိဳးသမီးေတြမွာပဲ ေတြ႕ႏိုင္မယ့္ ႏွလုံးေရာဂါနဲ႔ ပတ္သတ္တဲ့ လကၡဏာရပ္(၆) ခု
ႏွလုံးေရာဂါဆိုတာ က်ား၊ မမေ႐ြး အသက္အ႐ြယ္မေ႐ြး ျဖစ္ပြားတတ္တဲ့ ေရာဂါလကၡဏာတစ္ခုပါ။ အခန႔္မသင့္ရင္ အသက္အႏၲရာယ္ဆုံးရႈံးသြားႏိုင္တာေၾကာင့္ မေပါ့ဆသင့္တဲ့ေရာဂါတစ္ခုလည္းျဖစ္ပါတယ္။
ဒီေတာ့ အမ်ိဳးသမီးေတြအတြက္ သီးသန႔္ ႏွလုံးေရာဂါနဲ႔ ပတ္သက္တဲ့လကၡဏာရပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ အဲဒါေတြကေတာ့..
(၁) ခႏၶာကိုယ္အႏွံ႔နာက်င္မႈေတြ
ေက်ာဖက္၊ လည္ပင္းနဲ႔ဂုတ္၊ ေမး႐ိုးတစ္ေလွ်ာက္အျပင္ လက္ေမာင္းႏွစ္ဖက္မွာပါ ႐ုတ္တရက္စူးစူးဝါးဝါးနာက်င္ခံစားလာရပါလိမ့္မယ္။ တစ္ခါတစ္ေလက်ရင္ ညအိပ္ေနရင္း နာလာလို႔ လန႔္ႏိုးတာမ်ိဳးေတာင္ရွိတတ္ပါတယ္။ ဒီလိုဆိုရင္ ဆရာဝန္နဲ႔ အျမန္ဆုံး သြားေရာက္ျပသသင့္ေနပါၿပီ။
(၂) ဗိုက္မေကာင္းတာမ်ိဳး
အစာအဆိပ္သင့္သလိုလို၊ အပူအစပ္စားတာမ်ားလို႔ ဗိုက္ေအာင့္သလို ျဖစ္ေနေပမယ့္လို႔ ဗိုက္တစ္ဝွက္မွာ ဖိအားႀကီးတစ္ခုလို ခံစားေနရၿပီးေတာ့ ခပ္စူးစူးေအာင့္ေနမယ္ဆိုရင္ အစာအိမ္အခ်ဥ္ေပါက္ေနတာ ျဖစ္ႏိုင္သလို ႏွလုံးေရာဂါလည္းျဖစ္ႏိုင္တဲ့ေအြက္ေၾကာင့္ မေပါ့သင့္ပါဘူး။ အျမန္ဆုံး သြားေရာက္စစ္ေဆးပါ။
(၃) ေခြၽးေစထြက္တာ
ပူလို႔ေခြၽးထြက္တာမ်ိဳးမဟုတ္ဘဲ ခႏၶာကိုယ္တစ္ခုလုံး ေအးစက္ေတာင့္တင္းၿပီး ေျခဖ်ား၊ လက္ဖ်ားနဲ႔ ဆံစပ္နဲ႔ ဂုတ္ဖက္ေတြမွာ ေခြၽးေစးေတြ ထြက္ေနမ္ဆိုရင္ ႏွလုံးမွာ ဖိအားတစ္ခုခုရွိေနၿပီျဖစ္တဲ့အတြက္ ခႏၶာကိုယ္က လကၡဏာျပတာပါ။
(၄) ေလမစပ္တာ
လႈပ္လႈပ္ရွားရွားေလး ဘာမဟုတ္တာလုပ္လိုက္ရင္ကို ေမာလာၿပီး ေလမစပ္ခ်င္ေတာ့သလို ျဖစ္ေနမယ္ဆိုရင္ သင့္ႏွလုံးဟာ အားနည္းေနၿပီဆိုတာ အေသခ်ာပါပဲ။
(၅) မူးေဝျခင္း
အၾကာႀကီးလည္း အနားယူတယ္၊ အိပ္လည္းအိပ္ထားတယ္၊ ပင္ပင္ပမ္းပမ္းလည္း ဘာမွမလုပ္ထားဘဲနဲ႔ေတာင္မွပဲ သင္ဟာ ေမာပမ္းႏြမ္းလ်ေနမယ္ဆိုရင္ သင့္ရဲ႕ႏွလုံးေသြးေၾကာမွာ ျပႆနာျဖစ္ေနႏိုင္တဲ့အတြက္ ကြၽမ္းက်င္ဆရာဝန္နဲ႔ အျမန္ဆုံးသြားျပေပးပါလို႔ အႀကံေပးခ်င္ပါတယ္။
(၆) ႏွလုံးေအာင့္ျခင္း
တစ္ခါတစ္ေလ စိတ္ဖိဆီးမႈေၾကာင့္ ဒါမွမဟုတ္ အထိုင္အထေတြမွာ ေလညပ္သြားလို႔ ရင္ဘတ္ေအာင့္တတ္ေပမယ့္လို႔ ႏွလုံးဖက္က ပူၿပီးစူးစူးဝါးဝါး အဆက္မျပတ္ေအာင့္ေနမယ္ဆိုရင္ေတာ့ သင့္ရဲ႕ ႏွလုံးမွာ ျပႆနာရွိေနတယ္၊ heart attack ျဖစ္ဖို႔ အေျခအေနမ်ားေနၿပီဆိုတာ သိထားသင့္ပါတယ္။ မေပ့ါပါနဲ႔။
penny