က်မၼာေရး ဗဟုသုတ

ဆီးချိုသမားဖြစ်သော အနာနှင့် လမ်းဆုံးနေသော ဆီးချိုရောဂါအတွက် ခရေရွက်လက်တစ်ဆုပ်

ဆီးချိုသမားဖြစ်သော အနာနှင့် လမ်းဆုံးနေသော ဆီးချိုရောဂါအတွက် ခရေရွက်လက်တစ်ဆုပ်

တန်ဖိုးကြီး အင်္ဂလိပ်ဆေးတွေ ဝယ်ပြီး အမြဲမမှီဝဲနိုင်သူတွေ အတွက်ပါ။

ဆေးနည်း

ခရေပင်က ခရေရွက် လက်တစ်ဆုပ်​ရေဆေးသန့်စင်ပြီး ပြုတ်ပါ။

ပြုတ်ပြီးသောဆေးရည်ကို နံနက်စာစားပြီး ရေနွေးကြမ်း တစ်ခွက်စာ ။

ညနေစာစားပြီး တစ်ခွက်သောက်ရင် ဆီးချိုကို ထိန်းနိုင်တယ် ပြောပါတယ်။

ကုသိုလ်တော်ဘုရားဝင်းမှာ ဝေယျာဝစ္စလုပ်နေတဲ့ အဘတစ်ဦးမှ ာခြေမခလုတ်တိုက်မိရာက အနာမကျက်နိုင်ပဲ ခြေတရွတ်ဆွဲ သွားနေတာ။ ဘုရားလာနေကျ ဆရာဝန်ကြီးတစ်ဦးက ဆေးခန်းခေါ်စစ်ဆေးပေးရာ ဆီးချိုအဆင့် ( ၁၂ ) အထိ တက်နေတယ် ပြောပါတယ်။ဆီးချိုဆေးတွေ ပေးလို့ အနာလည်း သက်သာသွားပါတယ် ။ ဒါပေမဲ့ ကံဆိုးတာက သူ့ကိုကုပေးတဲ့ ဆရာဝန်ကြီးက မလာတော့ပါဘူ း။ သားသမီးတွေခေါ်လို့ နိုင်ငံခြားမှာနေဖို့ ထွက်သွားပြီလို့ ကြားသိရပါတယ်တဲ့။

ဒီနောက်ပိုင်းမှာတော့ ဘုရားလာသူတွေ သဒ္ဓာကြေးပေးတဲ့ ပိုက်ဆံနဲ့ ဆီးချိုကျဆေးကို ဆရာဝန်ကြီးပေးနေကျ အတိုင်းဝယ်သောက်ပေမဲ့ နောက်ပိုင်းမှ ာမှန်မှန်ဝယ် မသောက်နိုင်ခဲ့ဘူ း။ အနာဟောင်းတစ်ခုက ပြန်ထပြီး ရောင်ကိုင်းလာပါတယ်။

ဒါပေမဲ့ တလောက လက်တွေ့ဆီးချိုပျောက်တဲ့ ဘုန်းတော်ကြီး တစ်ပါးက မိန့်လို့ဘုရားထဲက ခရေပင်ကြီးက အရွက်ကို နေ့စဉ်လက်တစ်ဆုပ်ခူးပြီး ပြုပ်သောက်ရာက ဆီးချိုအနာများ ကျက်ပြီး လူလည်း နေကောင်းကျန်းမာလာပါတယ်။ခြေထောက်ထုံကျင်လို့ တရားမထိုင်နိုင်တာလည်း ပြန်ထိုင်နိင်လာတယ် လို့ ပြောပါတယ်။ ဆီးချိုသမားများဟာ ထုံကျင်ရောဂါနဲ့ အခန့်မသင့်ရင် လေငန်းလေဖြတ် ပါဖြစ်နိုင်ပါတယ် ။

ဆီးချိုရောဂါက ဆေးမီးတိုကောင်းတာ နဲ့တွေ့ရင် အမြစ်ပြတ်ပျောက်နိုင်ပေမဲ့ တစ်ယောက်တစ်မျိုး ဖြစ်နိုင်ပါတယ်။ သင်္ဘောသီးစိမ်း ရေနွေးနဲ့ ဆီးချိုမပျောက်တဲ့သူတွေ ကြောင်လျာသီးနဲ့ မပျောက်တဲ့သူတွေ ခွေးတောက်ရွက်နဲ့၊ကြက်ဟင်းခါးရွက်နဲ့ဆီးချိုမကျသူတွေ ခရေရွက်လက်တစ်ဆုပ် နည်းကို စမ်းကြည့်ကြပါ။ ။

မှတ်ချက်

ခရေရွက်ကို မြေအိုးဖြင့်ကျိုချက်လျှင်ပိုပြီးကောင်းကြောင်းကို တိုင်းရင်းဆေးဆရာကြီး တစ်ဦးမှ ပြောပြသည်ကို ဖြည့်စွက်လိုက်ပါတယ်။ ။အားလုံးကျန်းမာရွှင်လန်း ပြီးအေးချမ်းကြပါစေ..

Credit to original writer

Via. .. Sai Min Thant

ဆီးခ်ိဳသမားျဖစ္ေသာ အနာႏွင့္ လမ္းဆုံးေနေသာ ဆီးခ်ိဳေရာဂါအတြက္ ခေရရြက္လက္တစ္ဆုပ္

တန္ဖိုးႀကီး အဂၤလိပ္ေဆးေတြ ဝယ္ၿပီး အျမဲမမွီဝဲနိုင္သူေတြ အတြက္ပါ။

ေဆးနည္း

ခေရပင္က ခေရရြက္ လက္တစ္ဆုပ္​ေရေဆးသန္႔စင္ၿပီး ျပဳတ္ပါ။

ျပဳတ္ၿပီးေသာေဆးရည္ကို နံနက္စာစားၿပီး ေရေႏြးၾကမ္း တစ္ခြက္စာ ။

ညေနစာစားၿပီး တစ္ခြက္ေသာက္ရင္ ဆီးခ်ိဳကို ထိန္းနိုင္တယ္ ေျပာပါတယ္။

ကုသိုလ္ေတာ္ဘုရားဝင္းမွာ ေဝယ်ာဝစၥလုပ္ေနတဲ့ အဘတစ္ဦးမွ ာေျခမခလုတ္တိုက္မိရာက အနာမက်က္နိုင္ပဲ ေျခတရြတ္ဆြဲ သြားေနတာ။ ဘုရားလာေနက် ဆရာဝန္ႀကီးတစ္ဦးက ေဆးခန္းေခၚစစ္ေဆးေပးရာ ဆီးခ်ိဳအဆင့္ ( ၁၂ ) အထိ တက္ေနတယ္ ေျပာပါတယ္။ဆီးခ်ိဳေဆးေတြ ေပးလို႔ အနာလည္း သက္သာသြားပါတယ္ ။ ဒါေပမဲ့ ကံဆိုးတာက သူ႔ကိုကုေပးတဲ့ ဆရာဝန္ႀကီးက မလာေတာ့ပါဘူ း။ သားသမီးေတြေခၚလို႔ နိုင္ငံျခားမွာေနဖို႔ ထြက္သြားၿပီလို႔ ၾကားသိရပါတယ္တဲ့။

ဒီေနာက္ပိုင္းမွာေတာ့ ဘုရားလာသူေတြ သဒၶာေၾကးေပးတဲ့ ပိုက္ဆံနဲ႔ ဆီးခ်ိဳက်ေဆးကို ဆရာဝန္ႀကီးေပးေနက် အတိုင္းဝယ္ေသာက္ေပမဲ့ ေနာက္ပိုင္းမွ ာမွန္မွန္ဝယ္ မေသာက္နိုင္ခဲ့ဘူ း။ အနာေဟာင္းတစ္ခုက ျပန္ထၿပီး ေရာင္ကိုင္းလာပါတယ္။

ဒါေပမဲ့ တေလာက လက္ေတြ႕ဆီးခ်ိဳေပ်ာက္တဲ့ ဘုန္းေတာ္ႀကီး တစ္ပါးက မိန႔္လို႔ဘုရားထဲက ခေရပင္ႀကီးက အရြက္ကို ေန႔စဥ္လက္တစ္ဆုပ္ခူးၿပီး ျပဳပ္ေသာက္ရာက ဆီးခ်ိဳအနာမ်ား က်က္ၿပီး လူလည္း ေနေကာင္းက်န္းမာလာပါတယ္။ေျခေထာက္ထုံက်င္လို႔ တရားမထိုင္နိုင္တာလည္း ျပန္ထိုင္နိင္လာတယ္ လို႔ ေျပာပါတယ္။ ဆီးခ်ိဳသမားမ်ားဟာ ထုံက်င္ေရာဂါနဲ႔ အခန႔္မသင့္ရင္ ေလငန္းေလျဖတ္ ပါျဖစ္နိုင္ပါတယ္ ။

ဆီးခ်ိဳေရာဂါက ေဆးမီးတိုေကာင္းတာ နဲ႔ေတြ႕ရင္ အျမစ္ျပတ္ေပ်ာက္နိုင္ေပမဲ့ တစ္ေယာက္တစ္မ်ိဳး ျဖစ္နိုင္ပါတယ္။ သေဘၤာသီးစိမ္း ေရေႏြးနဲ႔ ဆီးခ်ိဳမေပ်ာက္တဲ့သူေတြ ေၾကာင္လ်ာသီးနဲ႔ မေပ်ာက္တဲ့သူေတြ ေခြးေတာက္ရြက္နဲ႔၊ၾကက္ဟင္းခါးရြက္နဲ႔ဆီးခ်ိဳမက်သူေတြ ခေရရြက္လက္တစ္ဆုပ္ နည္းကို စမ္းၾကည့္ၾကပါ။ ။

မွတ္ခ်က္

ခေရရြက္ကို ေျမအိုးျဖင့္က်ိဳခ်က္လၽွင္ပိုၿပီးေကာင္းေၾကာင္းကို တိုင္းရင္းေဆးဆရာႀကီး တစ္ဦးမွ ေျပာျပသည္ကို ျဖည့္စြက္လိုက္ပါတယ္။ ။အားလုံးက်န္းမာရႊင္လန္း ၿပီးေအးခ်မ္းၾကပါေစ..

Credit to original writer

Via. .. Sai Min Thant