သတင္း

၀ါရင့္ ႐ုပ္ရွင္၊ ဂီတအႏုပညာရွင္ႀကီး ဦးရန္ပိုင္စိုး ကြယ္္လြန္

၀ါရင့္႐ုပ္ရွင္၊ဂီတအႏုပညာရွင္ႀကီး ဦးရန္ပိုင္စိုး

ယေန႔ (ေအာက္တိုဘာ ၂၁ ရက္)

နံနက္ ၁၁ နာရီ ၁၀ မိနစ္ကကြယ္လြန္သြားေၾကာင္းသိရသည္

ျပည္ျမန္မာ

ဝါကြၽတ္ခ်ိန္ခါသမယကို ေရာက္ရွိလာခ်ိန္မွာေတာ့ အာဝါဟဝိဝါဟဆိုတဲ့ မဂၤလာပြဲေတြ၊ အလႉပြဲေတြကေတာ့ ျမန္မာႏိုင္ငံတစ္ဝန္းမွာ ၿခိမ့္ၿခိမ့္ညံလာေနပါၿပီ။

အဲဒီေတာ့ မဂၤလာအခမ္းအနားေတြ အစီအစဥ္ေတြမွာ မပါမျဖစ္တဲ့သူေတြကေတာ့ ဘိသိက္ဆရာေတြပါပဲ

ဘိသိက္ဆရာေတြထဲမွာဆိုရင္ အႏုပညာနယ္မွာ နာမည္ ေက်ာ္ၾကားသူ တစ္ေယာက္လည္းပါဝင္တယ္။

အခုေနာက္ပိုင္း ရန္ကုန္ၿမိဳ႕ေပၚက မဂၤလာအခမ္းအနားေတြမွာဆိုရင္ ဘိသိက္ဆိုတာနဲ႔ အႏုပညာရွင္ႀကီး ဦးရန္ပိုင္စိုးက မပါမျဖစ္။

ဦးရန္ပိုင္စိုးက ျမန္မာေတးသံရွင္တစ္ဦးဆိုရင္ လည္းမမွားသလို သ႐ုပ္ေဆာင္နယ္ပယ္က အႏုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။

အဲဒီလို အႏုပညာရွင္တစ္ဦးျဖစ္တဲ့ ဦးရန္ပိုင္စိုးက ဘိသိက္ေလာကထဲ ဘယ္လိုေရာက္လာသလဲဆိုတာက အံ့ၾသစရာပါ။

ဦးရန္ပိုင္စိုးကေတာ့ ေျပာတယ္။

တကယ္တမ္းေတာ့ သူ႔ရဲ႕အဓိက ေမဂ်ာက သီခ်င္းဆိုတာပါတဲ့။

ဒါဆိုဘိသိက္ဆရာတစ္ဦးအျဖစ္ ဘယ္လိုျဖစ္တည္လာတာလဲဆိုတာကို….

”အဲ့ဒါက ဒီလိုဗ်။ အခုဝါကြၽတ္ဆိုေတာ့ ကြၽန္ေတာ့္ေျပးျမင္ၾကမွာေပါ့။

တကယ္ေတာ့ေလ စကားေျပာေနရတာကို ကြၽန္ေတာ္က အေတာ္ ေလးႀကိဳက္တယ္။

အဲဒီေတာ့ အဆိုေတာ္ျဖစ္လာတယ္။ ကြၽန္ေတာ့္ေမဂ်ာေပါ့ဗ်ာ။ ေနာက္ေတာ့ ႐ုပ္ရွင္႐ိုက္တယ္။

ေနာက္ေတာ့ အသက္အ႐ြယ္ရလာေတာ့ အခမ္းအနားမႉးလုပ္တယ္။ မဂၤလာေဆာင္မွာေပါ့။

ေျပာရရင္ဗ်ာ ကြၽန္ေတာ္တို႔ဆိုတာက ႐ုပ္ရွင္႐ိုက္လို႔ တစ္လကိုး သီတင္းႀကိဳမခ်ိန္းဘူးေလဗ်ာ။

ကြၽန္ေတာ္တို႔က ေနတိုးမဟုတ္ဘူး။ ေျပတီဦး မဟုတ္ဘူး ေလ။ သီခ်င္းဆိုလည္း အဲဒီလိုပဲေလ။

အခမ္းအနားမႉးအလုပ္က အလုပ္ပိုျဖစ္လာတယ္။

အခမ္းအနားမႉးအလုပ္ဆိုတာက ဟိုတယ္ရၿပီးတာနဲ႔ ဒီလူႀကီးပါတယ္ဆိုၿပီး ႀကိဳႀကိဳခ်ိန္း ၾကတဲ့အတြက္ အလုပ္ျဖစ္တာေပါ့။

ကိုယ့္ဘာသာကိုယ္ေတာင္ ငါတယ္ဟုတ္ပါလားေပါ့။

အခုဆိုရင္ ႀကိဳႀကိဳၿပီးေတာ့ ဘြတ္ကင္အလုပ္ခံရတယ္။

အခုဆိုရင္ ဒီလထဲကေနၿပီး ေတာ့ ၂ဝ၁၉ ခုႏွစ္ ဒီဇင္ဘာအထိကို ဘြတ္ကင္လာလုပ္ၿပီး ခ်ိတ္ၾကေတာ့ ကိုယ္ကိုယ္ တိုင္ေတာင္အံ့ၾသရတယ္။

အဲ့ဒီလိုနဲ႔ အလုပ္ကေလးေတြတြင္တြင္က်ယ္က်ယ္ လုပ္ကိုင္ ေနရတာ။

အဲဒီေတာ့ မဂၤလာပြဲလုပ္သူေတြ၊ ရွင္ျပဳမဂၤလာျပဳလုပ္သူေတြအားလုံးကို ေက်းဇူးအထူးတင္ပါတယ္”လို႔ ဦးရန္ပိုင္စိုးက ေျပာျပပါတယ္။

ဗုဒၶဘာသာ ျမန္မာႏိုင္ငံျဖစ္ေနတဲ့အတြက္ ရွင္ျပဳျခင္းမဂၤလာဘိသိက္အပါအဝင္ မဂၤလာေဆာင္ ဘိသိက္ဆိုတာလည္းရွိေနမွာျဖစ္တဲ့အတြက္

ဒီအလုပ္ေလးကို ႏွစ္ သက္တဲ့အျပင္ ပူးေပါင္းပါဝင္ခြင့္ရဖို႔လည္း အၿမဲတမ္းေမွ်ာ္လင့္ေနတယ္လို႔ဆိုပါ တယ္

”ကြၽန္ေတာ္တို႔ တိုင္းျပည္မွာက ဘိသိက္ဆိုတာရွိကိုရွိေနရမယ္။ နည္းတာနဲ႔ မ်ား တာပဲကြာတယ္။

ေရွးေခတ္ကတည္းက ေရွ႕ခုနစ္အိမ္ေနာက္ခုနစ္အိမ္ရွိကတည္းက မဂၤ လာေဆာင္ဆိုတာရွိတယ္ေလ။ ဖိုနဲ႔မေပါင္းစပ္ျခင္းဆိုတာလည္း အခ်ိန္တန္အ႐ြယ္ေရာက္ တဲ့အခ်ိန္မွာ ရွိကိုရွိရမယ့္ကိစၥပါ။

အဲဒီအတြက္ မဂၤလာေဆာင္ဆိုတာ ရွိကိုရွိေနမယ္။ မဂၤ လာရွင္ျပဳနားသရွိေနမယ္။

အဲဒီေတာ့ ဘိသိက္ဆိုတာလည္းရွိေနမယ္။ ခပ္ေသးေသး လုပ္တာနဲ႔ႀကီးႀကီးလုပ္တာပဲရွိတယ္ေလ

ကြၽန္ေတာ္တို႔အတြက္ေတာ့ ထမင္းေကြၽးတဲ့ ေက်းဇူးရွင္ ေတြပါ။ ေက်းဇူးအထူးတင္ပါတယ္”လို႔ ဦးရန္ပိုင္စိုးက ေျပာျပေပးခဲ့ပါတယ္။

ထက္လူ

(Unicode)

ဝါရင့်ရုပ်ရှင်၊ဂီတအနုပညာရှင်ကြီး ဦးရန်ပိုင်စိုး

ယနေ့ (အောက်တိုဘာ ၂၁ ရက်)

နံနက် ၁၁ နာရီ ၁၀ မိနစ်ကကွယ်လွန်သွားကြောင်းသိရသည်

ဝါရင့်ရုပ်ရှင်၊ဂီတအနုပညာရှင်ကြီး ဦးရန်ပိုင်စိုး

ယနေ့ (အောက်တိုဘာ ၂၁ ရက်)

နံနက် ၁၁ နာရီ ၁၀ မိနစ်ကကွယ်လွန်သွားကြောင်းသိရသည်

ဝါကျွတ်ချိန်ခါသမယကို ရောက်ရှိလာချိန်မှာတော့ အာဝါဟဝိဝါဟဆိုတဲ့ မင်္ဂလာပွဲတွေ၊ အလှူပွဲတွေကတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ ခြိမ့်ခြိမ့်ညံလာနေပါပြီ။

အဲဒီတော့ မင်္ဂလာအခမ်းအနားတွေ အစီအစဉ်တွေမှာ မပါမဖြစ်တဲ့သူတွေကတော့ ဘိသိက်ဆရာတွေပါပဲ။

ဘိသိက်ဆရာတွေထဲမှာဆိုရင် အနုပညာနယ်မှာ နာမည် ကျော်ကြားသူ တစ်ယောက်လည်းပါဝင်တယ်။

အခုနောက်ပိုင်း ရန်ကုန်မြို့ပေါ်က မင်္ဂလာအခမ်းအနားတွေမှာဆိုရင် ဘိသိက်ဆိုတာနဲ့ အနုပညာရှင်ကြီး ဦးရန်ပိုင်စိုးက မပါမဖြစ်။

ဦးရန်ပိုင်စိုးက မြန်မာတေးသံရှင်တစ်ဦးဆိုရင် လည်းမမှားသလို သရုပ်ဆောင်နယ်ပယ်က အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

အဲဒီလို အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဦးရန်ပိုင်စိုးက ဘိသိက်လောကထဲ ဘယ်လိုရောက်လာသလဲဆိုတာက အံ့သြစရာပါ။

ဦးရန်ပိုင်စိုးကတော့ ပြောတယ်။

တကယ်တမ်းတော့ သူ့ရဲ့အဓိက မေဂျာက သီချင်းဆိုတာပါတဲ့။

ဒါဆိုဘိသိက်ဆရာတစ်ဦးအဖြစ် ဘယ်လိုဖြစ်တည်လာတာလဲဆိုတာကို….

”အဲ့ဒါက ဒီလိုဗျ။ အခုဝါကျွတ်ဆိုတော့ ကျွန်တော့်ပြေးမြင်ကြမှာပေါ့။

တကယ်တော့လေ စကားပြောနေရတာကို ကျွန်တော်က အတော် လေးကြိုက်တယ်။

အဲဒီတော့ အဆိုတော်ဖြစ်လာတယ်။ ကျွန်တော့်မေဂျာပေါ့ဗျာ။ နောက်တော့ ရုပ်ရှင်ရိုက်တယ်။

နောက်တော့ အသက်အရွယ်ရလာတော့ အခမ်းအနားမှူးလုပ်တယ်။ မင်္ဂလာဆောင်မှာပေါ့

ပြောရရင်ဗျာ ကျွန်တော်တို့ဆိုတာက ရုပ်ရှင်ရိုက်လို့ တစ်လကိုး သီတင်းကြိုမချိန်းဘူးလေဗျာ။

ကျွန်တော်တို့က နေတိုးမဟုတ်ဘူး။ ပြေတီဦး မဟုတ်ဘူး လေ။ သီချင်းဆိုလည်း အဲဒီလိုပဲလေ။

အခမ်းအနားမှူးအလုပ်က အလုပ်ပိုဖြစ်လာတယ်။

အခမ်းအနားမှူးအလုပ်ဆိုတာက ဟိုတယ်ရပြီးတာနဲ့ ဒီလူကြီးပါတယ်ဆိုပြီး ကြိုကြိုချိန်း ကြတဲ့အတွက် အလုပ်ဖြစ်တာပေါ့။

ကိုယ့်ဘာသာကိုယ်တောင် ငါတယ်ဟုတ်ပါလားပေါ့။

အခုဆိုရင် ကြိုကြိုပြီးတော့ ဘွတ်ကင်အလုပ်ခံရတယ်။

အခုဆိုရင် ဒီလထဲကနေပြီး တော့ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာအထိကို ဘွတ်ကင်လာလုပ်ပြီး ချိတ်ကြတော့ ကိုယ်ကိုယ် တိုင်တောင်အံ့သြရတယ်။

အဲ့ဒီလိုနဲ့ အလုပ်ကလေးတွေတွင်တွင်ကျယ်ကျယ် လုပ်ကိုင် နေရတာ။

အဲဒီတော့ မင်္ဂလာပွဲလုပ်သူတွေ၊ ရှင်ပြုမင်္ဂလာပြုလုပ်သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်”လို့ ဦးရန်ပိုင်စိုးက ပြောပြပါတယ်။

ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဖြစ်နေတဲ့အတွက် ရှင်ပြုခြင်းမင်္ဂလာဘိသိက်အပါအဝင် မင်္ဂလာဆောင် ဘိသိက်ဆိုတာလည်းရှိနေမှာဖြစ်တဲ့အတွက်

ဒီအလုပ်လေးကို နှစ် သက်တဲ့အပြင် ပူးပေါင်းပါဝင်ခွင့်ရဖို့လည်း အမြဲတမ်းမျှော်လင့်နေတယ်လို့ဆိုပါ တယ်။

”ကျွန်တော်တို့ တိုင်းပြည်မှာက ဘိသိက်ဆိုတာရှိကိုရှိနေရမယ်။ နည်းတာနဲ့ များ တာပဲကွာတယ်

ရှေးခေတ်ကတည်းက ရှေ့ခုနစ်အိမ်နောက်ခုနစ်အိမ်ရှိကတည်းက မင်္ဂ လာဆောင်ဆိုတာရှိတယ်လေ။

ဖိုနဲ့မပေါင်းစပ်ခြင်းဆိုတာလည်း အချိန်တန်အရွယ်ရောက် တဲ့အချိန်မှာ ရှိကိုရှိရမယ့်ကိစ္စပါ။

အဲဒီအတွက် မင်္ဂလာဆောင်ဆိုတာ ရှိကိုရှိနေမယ်။ မင်္ဂ လာရှင်ပြုနားသရှိနေမယ်။

အဲဒီတော့ ဘိသိက်ဆိုတာလည်းရှိနေမယ်။ ခပ်သေးသေး လုပ်တာနဲ့ကြီးကြီးလုပ်တာပဲရှိတယ်လေ။

ကျွန်တော်တို့အတွက်တော့ ထမင်းကျွေးတဲ့ ကျေးဇူးရှင် တွေပါ။ ကျေးဇူးအထူးတင်ပါတယ်”လို့ ဦးရန်ပိုင်စိုးက ပြောပြပေးခဲ့ပါတယ်။

ထက်လူ