ပီတိဖြစ်ပါတယ်
ကိုယ်ကတော့ အားပေးတယ် ”
ဖြစ်လည်းဖြစ်ပါတယ်
————————
သမီးဖြစ်သူအိမ်ထောင်ပြုသွားတဲ့ အပေါ်ဖခင်တစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို ဖွင့်ဟလာတဲ့အဆိုတော်ချစ်ကောင်း
ပရိတ်သတ်ကြီးရေ ဂီတလောက မှာ အဖေရောသမီးရော ပရိတ်သတ်အချစ်ကို သိမ်းပိုက်ထား သူတွေကတော့
အဆိုတော်ချစ်ကောင်းနဲ့ အဆိုတော် အိမ့်ချစ်ပဲ ဖြစ်ပါတယ်နော်
လက်တလောမှာတော့ အဆိုတော်အိမ့် ချစ်က ချစ်သူနဲ့ ရွှေလက်တွဲ ကာ လက်ထပ်သွားပြီပဲ ဖြစ်ပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သတ်ပြီး ဖခင်ဖြစ်သူချစ် ကောင်းက မီဒီယာတစ်ခုမှာ အခုလိုဖြေခဲ့ပါတယ်။
“သမီး အိမ်ထောင်ပြုသွားတာ တစ်ခုခု ကို လက်လွှတ်လိုက်ရ သလို ခံစားရတယ်။
ဒါပေမယ့် ပျော်လဲ ပျော်ပါတယ်။
သမီး ကို ဆုံးရှုံးခဲ့ရလို့ အဖေ တစ်ယောက် အနေနဲ့ ခံစားလိုက်ရပေမယ့် သူ့ ဘာသာ သူ ရပ်တည်နိုင်တော့မယ် ဆိုတဲ့ အတွက် ဝမ်းသာ ပေးပါတယ်။
ကိုယ်တွေလည်းဒီဘဝကို ဖြတ်သန်းရတာပဲပေါ့နော်
လူပျို အပျိုဘဝကနေခဲ့တယ် အိမ်ထောင်တွေကျတယ်
ကိုယ့်ဘဝကိုယ် ရပ်တည်ကြရတယ်
သမီးတစ်ယောက်အနေနဲ့ဆုံးရှုံးတာတော့ အဖေတစ်ယောက်အနေနဲ့ ခံစားလိုက်ရတယ် ဆိုတာကို ဖြေပြီးတော့ တွေးနိုင်တယ်
ပီတိဖြစ်ပါတယ်
“သူ့ကို အိမ်ထောင်ပြုတာကိုယ်ကတောင်နောက်ကျတယ်ပြောနေတာ
အသက်လည်း ၃၀ ပြည့်တော့မယ်ဆိုတော့ ကိုယ်ကိုတိုင်ကတောင် အကြံပေးနေတာပါ
သမီးနော် အပျိုကြီးဖြစ်သွားမယ် အကိုတို့လောကမှာဆိုရှိတယ်
မကော်တို့ မမီတို့ အဲ့လမ်းစဉ်လိုက်မလို့လားပေါ့
ယူတော့ ချစ်သူတွေဘာတွေရှိရင်လည်းပြော အိမ်ထောင်တော့ကျသင့်ပြီ မငယ်တော့ဘူး နောက်တောင်ကျတယ်
ကိုယ်ကတော့ အားပေးတယ် ”
“ကိုယ်ကတော့ သားတစ်ယောက်တိုးတယ်ပဲ ခံစားမိပါတယ် အားတစ်ခုတိုးတာပေါ့
သမက်ဆိုတာလည်း သားပဲလေ သူ့ကိုသားမက်ဆိုတာမျိုးထက် သားတစ်ယောက်လို ချစ်ရအားကိုးရတဲ့ကလေးပဲဖြစ်စေချင်တယ်
ဖြစ်လည်းဖြစ်ပါတယ်
အချိန်တိုအတွင်းမှာ သူဖြစ်တယ် ဝမ်းသာပါတယ်” ဆိုပြီးဖွင့်ဟလာခဲ့တာပါ။
ချစ်ကောင်းက သမီးဖြစ်သူအိမ့်ချစ် မင်္ဂလာဆောင်သွားတဲ့အပေါ် ဖခင်တစ်ယောက် အနေနဲ့
သမီးကို ဆုံးရှုံးခဲ့ရတဲ့အတွက် ရင်တွင်းခံစားချက်တွေကို ဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်နော်
အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်နော်
Credit