ျမန္မာအိုင္ေဒါ Season-3 ၿပိဳင္ပြဲကေနတဆင့္ ပရိသတ္အခ်စ္ကိုသိမ္းပိုက္ခဲ့တဲ့ ေငြဇင္လႈိင္းကေတာ့ တမူးသူေလးတစ္ေယာက္လည္း ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြလုပ္ဖို႔အတြက္ ရန္ကုန္မွာအမ်ားဆုံးေနထိုင္ေလ့ရွိေပမယ့္လည္း ရံဖန္ရံခါ ေမြးရပ္ေျမဇာတိၿမိဳ႕ေလးကိုျပန္ကာ အလြမ္းသယ္ေလ့ရွိသူပါ။ လြန္ခဲ့တဲ့ရက္ပိုင္းက တမူးၿမိဳ႕က အိမ္ေလးနဲ႔ ငါတို႔အိမ္ေလးရဲရဲနီ ျပည္သူခ်စ္တဲ့ NLD ၿပိဳင္ပြဲကို ဝင္ၿပိဳင္ခဲ့တဲ့ေငြဇင္လႈိင္းကေတာ့ ဒီေန႔မွာ ပရိသတ္ႀကီးအတြက္ သတင္းေကာင္းေလးကို မွ်ေဝခဲ့ပါတယ္။
လတ္တေလာကာလကေတာ့ (၂၀၂၀) ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ကာလလည္း ျဖစ္တာေၾကာင့္ ႏိုင္ငံသားတိုင္း ကိုယ္ယုံၾကည္ရာပါတီကို လြတ္လပ္စြာမဲဆြယ္ခြင့္ရွိသလို အိမ္ေတာ္ေတာ္မ်ားမ်ားရဲ႕အေရွ႕မွာလည္း ကိုယ္ယုံၾကည္ရာပါတီရဲ႕ အလံအသီးသီးကို စိုက္ထူထားတာကိုေတြ႕ရမွာပါ။ ေငြဇင္လႈိင္းတို႔မိသားစုကေတာ့ NLD ပါတီကို လက္ခံယုံၾကည္သူေတြျဖစ္တာေၾကာင့္ အေမစုပုံေတြ၊ NLD အလံေတြနဲ႔ တစ္အိမ္လုံးကို အလွဆင္ထားခဲ့ၿပီး ဒီၿပိဳင္ပြဲေလးကို ဝင္ၿပိဳင္ျဖစ္ခဲ့တာပါ။
ေငြဇင္လႈိင္းကေတာ့ ဆန္ခါတင္အဆင့္မွာ ပါလာကတည္းက ဆုရရ၊ မရရ ဝမ္းသာၾကည္ႏူးစြာမွ်ေဝခဲ့သူျဖစ္ၿပီး မေန႔က ဖိုင္နယ္အဆင့္ေ႐ြးခ်ယ္ပြဲမွာေတာ့ ပထမဆုရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္ ပရိသတ္ႀကီးေရ.. ေနာက္ဆုံးအဆင့္ေ႐ြးခ်ယ္မႈကိုေတာ့ ပရိသတ္ေတြရဲ႕ Like and React ေပးတာနဲ႔ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး ေငြဇင္လႈိင္းတို႔ အိမ္ကေတာ့ Like 7.5K နဲ႔အႏိုင္ရရွိသြားခဲ့တာမို႔ အားလုံးရဲ႕အခ်စ္ေတြနဲ႔ ပထမဆု ရခဲ့ၿပီျဖစ္ေၾကာင္း ေငြဇင္လႈိင္းကေတာ့ ဝမ္းသာဂုဏ္ယူစြာနဲ႔မွ်ေဝေပးခဲ့တာပဲ ျဖစ္ပါတယ္။
Unicode,
မြန်မာအိုင်ဒေါ Season-3 ပြိုင်ပွဲကနေတဆင့် ပရိသတ်အချစ်ကိုသိမ်းပိုက်ခဲ့တဲ့ ငွေဇင်လှိုင်းကတော့ တမူးသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေလုပ်ဖို့အတွက် ရန်ကုန်မှာအများဆုံးနေထိုင်လေ့ရှိပေမယ့်လည်း ရံဖန်ရံခါ မွေးရပ်မြေဇာတိမြို့လေးကိုပြန်ကာ အလွမ်းသယ်လေ့ရှိသူပါ။ လွန်ခဲ့တဲ့ရက်ပိုင်းက တမူးမြို့က အိမ်လေးနဲ့ ငါတို့အိမ်လေးရဲရဲနီ ပြည်သူချစ်တဲ့ NLD ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တဲ့ငွေဇင်လှိုင်းကတော့ ဒီနေ့မှာ ပရိသတ်ကြီးအတွက် သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။
လတ်တလောကာလကတော့ (၂၀၂၀) ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလလည်း ဖြစ်တာကြောင့် နိုင်ငံသားတိုင်း ကိုယ်ယုံကြည်ရာပါတီကို လွတ်လပ်စွာမဲဆွယ်ခွင့်ရှိသလို အိမ်တော်တော်များများရဲ့အရှေ့မှာလည်း ကိုယ်ယုံကြည်ရာပါတီရဲ့ အလံအသီးသီးကို စိုက်ထူထားတာကိုတွေ့ရမှာပါ။ ငွေဇင်လှိုင်းတို့မိသားစုကတော့ NLD ပါတီကို လက်ခံယုံကြည်သူတွေဖြစ်တာကြောင့် အမေစုပုံတွေ၊ NLD အလံတွေနဲ့ တစ်အိမ်လုံးကို အလှဆင်ထားခဲ့ပြီး ဒီပြိုင်ပွဲလေးကို ဝင်ပြိုင်ဖြစ်ခဲ့တာပါ။
ငွေဇင်လှိုင်းကတော့ ဆန်ခါတင်အဆင့်မှာ ပါလာကတည်းက ဆုရရ၊ မရရ ဝမ်းသာကြည်နူးစွာမျှဝေခဲ့သူဖြစ်ပြီး မနေ့က ဖိုင်နယ်အဆင့်ရွေးချယ်ပွဲမှာတော့ ပထမဆုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ် ပရိသတ်ကြီးရေ.. နောက်ဆုံးအဆင့်ရွေးချယ်မှုကိုတော့ ပရိသတ်တွေရဲ့ Like and React ပေးတာနဲ့ရွေးချယ်ခဲ့တာဖြစ်ပြီး ငွေဇင်လှိုင်းတို့ အိမ်ကတော့ Like 7.5K နဲ့အနိုင်ရရှိသွားခဲ့တာမို့ အားလုံးရဲ့အချစ်တွေနဲ့ ပထမဆု ရခဲ့ပြီဖြစ်ကြောင်း ငွေဇင်လှိုင်းကတော့ ဝမ်းသာဂုဏ်ယူစွာနဲ့မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။