
credit


credit
သဖန်းဆိပ်ဆည်ထဲက ဘုရားကြီးဖြစ်ပါတယ်…မိုးရာသီ ရေပြည့်ချိန်မှာ ရေအောက်မှာ စံနေတော်မှုပြီး နွေရာသီ ရေကျမှ ခုလို ပြန်ပေါ်လာတာဖြစ်ပါတယ် ၁၉၉၈ခုနှစ်က ဆည်တည်တော့ ရွာတွေရွှေ့ပြောင်းကြရတယ် တချို့မရွေ့ပြောင်းနိုင်တဲ့ အရာတွေ ရေအောက်ရောက်သွား တယ်… ဆည်ရေလျော့တဲ့အခါ မွေးရပ်ရွာက ဘုရားကြီးကို သွားဖူးကြတယ် လှေပေါ်ကနေ ဘုရားဖူးနေတဲ့သူတွေ ကြည့်ပြီး မျက်ရည်စို့ရတယ် သဖန်းဆိပ်ဆည်ကြီးကနေ ပေးဝေတဲ့ ရေတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေ လယ်ယာစိုက်ပျိုးရေးအတွက် များစွာ အဆင်ပြေကြပါတယ် သဖန်းဆိပ်ဆည်ကြီးကနေ ထုတ်လုပ်ပြီး ပေးဝေတဲ့ လျှပ်စစ်မီးတွေကြောင့် ဒေသတော်တော်များများ မီးတွေလင်းနေပါပြီ… အများကောင်းကျိုးအတွက် ပေးဆပ်ခဲ့ကြရတဲ့ သဖန်းဆိပ်ဆည် ဧရိယာထဲက ဒေသခံတွေရဲ့ ရင်ထဲက နာကျင်မှုတွေကတော့ ခုထိရှိနေဆဲပါ… အများအကျိုးအတွက် ပေးဆပ်ခဲ့ကြတာပဲဆိုပြီး ဂုဏ်ယူခဲ့ကြပေမယ့်လည်း ခုလို ဆည်ရေတွေကျချိန် နေရာဟောင်းလေးကို အလွမ်းပြေလာကြည့်မိတိုင်း သူတို့တတွေ မျက်ရည်ဝဲနေဆဲပါပဲ […]
နိုင်ငံတော်မှပေးဝေသော ဆန်၊ ဆီနှင့်၊ ငွေကြေးများ မရရှိဟုဆိုကာ ရပ်ကွက်နေ ပြည်သူတစ်ချို့ ပြောဆို ဇူလိုင်(၁၃) AlinnMyay(အလင်းမြေ) မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက် အပိုင်း ၁ မှ ရပ်ကွက်နေပြည်သူတစ်ချို့သည် ပထမအကြိမ် နိုင်ငံတော်မှ ဆန်၊ဆီ ပေးဝေတုန်းကလည်း မရရှိ၊ ဒုတိယအကြိမ် ပိုက်ဆံပေးဝေတဲ့အခါမှာလည်း မရရှိဟု ဆိုတာ ရင်ဖွင့် ပြောဆိုလာခဲ့ကြပါတယ်။ ယနေ့မှာတော့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံ ထပ်မံမေးမြန်းရာတွင် မရသေးပဲ ကျန်ရှိနေသူအချို့ကို ထပ်မံစာရင်းကောက်ယူကာ ပေးဝေပေးခဲ့ပြီဖြစ်ကြောင်း ပြောပါတယ်။ AlinnMyay(အလင်းမြေ) ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး သတင်းမှန်မီဒီယာ Credit to AlinnMyay Zawgyi နိုင်ငံတော်မှပေးဝေသော ဆန်၊ ဆီနှင့်၊ ငွေကြေးများ မရရှိဟုဆိုကာ ရပ်ကွက်နေ ပြည်သူတစ်ချို့ ပြောဆို ဇူလိုင်(၁၃) AlinnMyay(အလင်းမြေ) […]
မင်းအောင်လှိုင်ကို “ဂုဏ်သရေရှိ ဝန်ကြီးချုပ်” ဟု အမည်တပ် စာပေးပို့သည့် HRW မြန်မာပြည်သူများကိုတောင်းပန် ဂုဏ်သရေရှိ လူကြီးမင်း မစ္စတာမင်းအောင်လှိုင် သို့… လိပ်မူပြီးရေးတဲ့ စာက အစစ်လို့ HRW Myanmar က သူတို့ twitter ကနေ ပြီးခဲ့တဲ့ တစ်နာရီခန့်က ကြေညာပါတယ်။ ဒါကြောင့် စာကို အစစ်/အတု အငြင်းပွားနေစရာ မလိုတော့ဘဲ အစစ်ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်။ . မင်းအောင်လှိုင်ကို HRW (Human Rights Watch Myanmar) က စာပေးပို့တာမှာ တခြားအဖွဲ့တွေရဲ့ သဘောတူညီမှု မရယူခဲ့ဘဲ ‘ကံမကောင်းစွာနဲ့ လိပ်မူ’ ပေးပို့လိုက်မိတာလို့ HRW Myanmar က ဝန်ခံထားပါတယ်။ ဒါကြောင့် စာကလည်း အစစ်ဖြစ်ပြီး ပေးပို့တာကလည်း အစစ်ဖြစ်ပါတယ်။ […]