တိုက်ပွဲရှောင်များအတွက် လှူဒါန်းသွားမည်ဟု သိန်းတစ်သောင်းခွဲကံထူးရှင်၏ ဖခင်ပြောကြား (၁၆)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်မှာနေတဲ့ တတိယတန်းကျောင်းသူလေး ကဆွတ်ခူးခဲ့ပါတယ်။ ကံထူးရှင် သမီးငယ်ဟာ ဦးအောင်ဆန်းဝင်းနဲ့ ဒေါ်မေကြီးဖြူတို့ရဲ့ သမီး မကြည်ဖြူစင်သိန်းဖြစ်ပြီး (ဃ-၃၁၃၁၀၂)နံပါတ်နဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့တာပါ။ ထီပေါက်တဲ့ငွေတွေကို ကလေးတွေရှေ့ရေးအတွက် စုဆောင်းပေးသွားမှာဖြစ်ပြီး တိုက်ပွဲ ရှောင်တွေနဲ့ ဒုက္ခရောက် နေသူတွေကိုလည်း လှူဒါန်းသွားမယ်လို့ သမီးငယ်ရဲ့ဖခင် ဦးအောင်ဆန်းဝင်းကပြောပါတယ်။ လစဉ်ကလေး နှစ်ယောက်နာမည်နဲ့ ထီထိုးပေးနေတာ ဖြစ်ပြီး ငါးစောင်တွဲမင်္ဂလာစုံတွဲကနေပေါက်ခဲ့တာပါ။ အဲဒီထီလက်မှတ်ကို မေ(၁၆)ရက် ကထိုးခဲ့တာဖြစ်ပြီး ထီအရောင်းကိုယ်စားလှယ်ရွေးပေးတဲ့ နံပါတ်ကိုထိုးခဲ့တာလို့ ဆိုပါတယ်။ အဲဒီကံထူးရှင်သမီးငယ်ဟာ ရခိုင်ပြည်နယ်အတွင်း သိန်းတစ်သောင်းခွဲဆု ပေါက်တဲ့ ပထမဆုံးကံထူးရှင်လည်း ဖြစ်ပါတယ်။ (၂၀၁၇)ခုနှစ်၊ ဧပြီ(၁)ရက်က ပထမဆုံး အကြိမ်ဖွင့်လှစ်တဲ့ အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းဆုကိုတော့ […]
ကိုအောင်ဝင်းတင် ကတော့ မကွေးတိုင်း၊သရက်မြို့သား တစ်ယောက်ဖြစ်ပါတယ်။ သူကဆိုင်ကယ်တွေကို အရမ်း ဝါသနာပါပြီး ကိုယ်တိုင် ပုံဖော်ထုတ်လုပ်ရတာ ကိုလည်း ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ပါတယ်။ သူနေထိုက်ရာ သရက်မြို့လေးမှာ “ကောင်းမွန်” ဆိုတဲ့ ဆိုင်ကယ်ပြင်ဆိုင်လေး ကိုလည်း ဖွင့်လှစ် ထားပါတ ယ်။ အခုလည်း ကိုယ်ပိုင် စိတ်ကူးအယူအဆတွေ နဲ့ ပေါင်းစပ်ပြီး ဆိုင်ကယ်နှစ်စီးကို ကားအဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ ဘတ်ဆုတ်လို့လဲ ရသလို့ အမြန်နှုန်းနဲ့လည်း မောင်းနှင်လို့ရပါတယ်။ ဓာတ်ဆီ ၁ လီတာကို မိုင်(၃၀)အထိ မောင်နှင်နိုင်ပြီး အရမ်းကို အဆင်ပြေပါ တယ်။ အခုထုတ်လုပ်တဲ့ အစီးက သူ့ရဲ့ တတိယမြောက် အစီးဖြစ်ပြီး အရင်ကလည်း နှစ်စီးထုတ်လုပ် ခဲ့ပေမယ့် စိတ်တိုင်းမကျတဲ့ အတွက် ပြန်ဖျက်ခဲ့တာပါ။ ငွေကြေးပြည့်စုံနေရင် ယခုလို ထုတ်လုပ်ဖို့သူ့အတွက်က […]
မိတ်ကပ် လောကမှာ ပရိသတ် အားပေးမှုတွေ များစွာနဲ့ အောင်မြင်နေတာ ကတော့ ခင်စန်းဝင်း ပဲဖြစ်ပါတယ်။ သူကတော့ မိတ်ကပ်လောကမှာ ထိပ်ဆုံးမှာ နှစ်ပေါင်းများစွာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေနိုင်သူပါ။ ပရိသတ်တွေရဲ့အချစ်တော်လည်း ဖြစ်ပါတယ်။ သူဟာနိုင်ငံကျော် အနုပညာရှင် တော်တော်များများ အားကိုးရတဲ့ သူလည်း ဖြစ်ပါတယ်။ နာမည်ကျော်တွေ ဖြစ်တဲ့ မိတ်ကပ်ပညာရှင် လင်းလင်း၊မထက်၊ညီညီမောင်တို့ လေးစားရတဲ့ သူတစ်ယောက်ပါ။ ဘဝကို ရိုးရှင်းစွာနဲ့ အေးချမ်းစွာ နေထိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။သူဟာ လူမှုကွန်ရက်ကနေ ပုံရိပ်လေးတွေကိုအမြဲ တင်ပေးလေ့ရှိပါတယ်။ ခုမှာလည်း သူမရဲ့ကားရဲ့ နောက်ကြည့်မှန်ကို ခိုးနေတဲ့သူတွေကို cctvကနေ ကြည့်ပြီး ဝေမျှထားတာပါ။ “သူခိုးဆိုတာ ဂြိုလ်နဲ့လား …ရုပ်ရှင်ထဲကလို လူဆိုးသူခိုး ဆိုတာ ရုပ်ရည်ကြမ်းတမ်းပြီး စက်စုပ်ရွံရှာစရာ မဟုတ်ဘူးနော် ဒီမနက် […]