အထွေအထွေဗဟုသုတ

“ခင်ပွန်းက ဇနီးကို သိပ်ချစ်တယ်ဆိုတာ လူ့ပတ်ဝန်းကျင်မှာ အင်မတန်မှ ‘မင်္ဂလာ’ မည်ပါတယ်”

“ခင်ပွန်းက ဇနီးကို သိပ်ချစ်တယ်ဆိုတာ လူ့ပတ်ဝန်းကျင်မှာ အင်မတန်မှ ‘မင်္ဂလာ’ မည်ပါတယ်”

ခင်ပွန်းနဲ့ဇနီး အပေးအယူ မျှတစွာ ချစ်တယ်ဆိုတာလဲ အင်မတန်မှ ကျတ်သရေရှိပါတယ်.. ထားပါတော့! ပြောချင်တာက …

ခင်ပွန်းတစ်ယောက်ဟာ ဇနီးကို အလိုလိုက် ချစ်တတ်ပြီဆိုရင် ထိုခင်ပွန်းရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေက ‘ဟေ့ကောင် မယားကြောက်’ ဘာညာဆိုပြီး စကြ နောက်ကြ လှောင်ပြောင်ကြတယ် !

ပိုဆိုးတာက ” မိန်းမဆိုတာ ကြောက်စရာ မဟုတ်ဘူး ကိုယ့်လုပ်စာ ထိုင်စားနေတဲ့သူ အချိန်တန်ရင် လစာလေးအပ်” ”အိမ်က မိန်းမကြီးကို နားထားလိုက်ပါကွာ အပြင်မှာ အလန်းတွေ တပုံကြီး” စသဖြင့် စိတ်ထားယုတ်တဲ့ မိတ်ဆွေတွေက မြှောက်ပင့် ပေးတတ်ကြတယ်…

သေးသိမ်တဲ့ ခပ်ညံ့ညံ့ ဆွေမျိုး အသိုင်းအဝိုင်းတွေက ကဲ့ရဲ့ပစ်တင်ကြတယ်… မခံချိ မခံသာ အတင်းပြောကြတယ်” အဲ့ကောင် မိန်းမမှ မိန်းမဖြစ်နေတာ မိန်းမ ဘာလုပ်ချင်တယ်ဆို အကုန် လုပ်ပေးနေတာ ဘာညာပေါ့လေ’ ! တကယ်တော့ ခင်ပွန်းကောင်းဟူသည်

ဇနီးအပေါ် နိုင်ထက်စီးနင်း မပြုတဲ့သူ .. မိမိဇနီးက အမြဲတမ်း လေးစားချစ်ခင်နေအောင် ပြုမူနေထိုက်တက်သူ.. အိမ်ထောင် ဦးစီးတာဝန်ကို အပြည့်အဝ လုပ်ကိုင် ဆောင်ရွက်နိုင်သူ ခင်ပွန်းသည် မိမိဇနီးကို သဲသဲလှုပ် ချစ်တာ အပြစ်လား.?

ကျွန် မ ရဲ့ အ မြင် မှာ တော့ ထို ကဲ့ သို့ သော ခင် ပွန်း မျိုး ကို ‘မ ယား ကြောက်’ လို့ ဘယ် တော့ မှ မ မြင် ပါ..

ထိုကဲ့သို့သော ခင်ပွန်းမျိုးသည် ဇနီးတိုင်း တောင့်တ လိုချင်သော သူမျိုး ဖြစ်ပါလိမ့်မယ်… အိမ်ထောင်ရေးတခု ခိုင်မြဲဖို့ ခင်ပွန်းနဲ့ ဇနီး အပြန်အလှန် ချစ်ခြင်း မေတ္တာတခု ရှိသင့်ပါတယ်…

ဇ နီး တစ် ယောက် ရဲ့ ပျော် ရွှင် မှု့ သည် မိ မိ ခင် ပွန်း ၏ ချစ် ခြင်း မေ တ္တာပဲ ဖြစ် ပါ တယ် ..

ပျော်ရွှင်သော ဇနီးတစ်ယောက်၏ ဘဝတွင် သိက္ခာရှိ၍ လေးစားထိုက်သော ခင်ပွန်းကောင်း ရှိနေပါလိမ့်မယ်… အမြဲတမ်း ငေးငိုင် မှိုင်တွေနေသော ဇနီး၏ နောက်ကွယ်တွင် သိက္ခာမဲ့၍ ဖောက်ပြန်တက်သော ခင်ပွန်းဆိုးများ ရှိနေပါလိမ့်မယ် ..

ပစ္စည်းဥစ္စာ ဆင်းရဲတဲ့ ဇနီးသည် ခင်ပွန်းကောင်း ရှိပါက စိတ်ပျော်ရွှင်နိုင်မည် ဖြစ်သော်လည်း ဥစ္စာချမ်းသာတဲ့ ဇနီးသည် ခင်ပွန်းကောင်း မရှိပါက စိတ် ပျော်ရွှင်နိုင်မည် မဟုတ်ပေ…

ထိုကြောင့် ခင်ပွန်းတို့သည် မိမိ၏ ဇနီးကို ချစ်မြဲချစ်ကြပါ.. ဒါဟာ ရှက်စရာ မဟုတ်ပါ.. အထင်ကြီးလေးစား ချီးကျူး စရာပါ… ခင်ပွန်းကောင်းတွေရဲ့ အပြုအမူပါ…

မိမိက ချစ်ပြ ဂရုစိုက်ပြလို့ ဇနီးဆီက ရရှိလာမဲ့ တုံ့ပြန်မှု့က ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးတခုကို ပိုင်ဆိုင်ရမှာပါ…

စစ် မှန် တဲ့ ချစ် ခြင်း မေ တ္တာ တွေ နဲ့ ချစ် ပြ လိုက် ပါ..

မယုံမရှိပါနဲ့.. သင်တို့ရဲ့အိမ်ထောင်ရေး ဂေဟာလေးက အမြဲတမ်း သာယာနေမှာ မလွဲပါပဲ… ယောကျာ်းတိုင်း ခင်ပွန်းကောင်းများ ဖြစ်ကြပါစေ.. ဇနီးတိုင်း သဲသဲလှုပ် ချစ်တက်သော ခင်ပွန်းကောင်းများကို ပိုင်ဆိုင်နိုင်ပါစေ။

Credit to Original writer