Delivery ကုမၸဏီေတြကို သိန္းဆယ္နဲ႔ခ်ီၿပီး လိုက္လိမ္ေနတဲ့ ေလွကားမယ္ေတာ္ (ညီအကိုမ်ား ဂ႐ုစိုက္ၾကပါ)ေလွကား မယ္ေတာ္ရဲ႕ လိမ္လည္မႈ ျဖစ္စဥ္ (၂) ခုကို ေဖာ္ျပလိုက္ပါတယ္။
deli သမားေတြကို ေငြႀကိဳရွင္းခိုင္းၿပီး ပို႔ရမယ့္ လိပ္စာအတုနဲ႔ အထုပ္ထဲမွာ စကၠဴေတြထည့္ၿပီး လိမ္သြားတဲ့ ျဖစ္စဥ္ပါ။ ေအာက္မွာျဖစ္စဥ္မ်ားကို ေဖာ္ျပလိုက္ပါတယ္။
ဒီေန႔လဲ ေလွကားမယ္ေတာ္က ထပ္လိမ္လိုက္ပါၿပီ ၁လ၁ခါ လကုန္တိုင္းလိမ္ေနၾကဆိုေတာ့ လကုန္ခါနီးတိုင္း delivery new ေတြအတြက္ ပို႔စ္တင္ပါမယ္။ ကြၽန္မလဲ အလိမ္ခံရဖူးေတာ့ ကိုယ္ခ်င္းစာလို႔ ကြၽန္မစာေၾကာင့္ စိတ္အေႏွာက္အယွက္ ျဖစ္သြားရင္ ေတာင္းပန္ပါတယ္။ေလွကားမယ္ေတာ္က Ma Su cosmetic ဆိုပီးလိမ္တတ္ပါတယ္။
Su Pyae Sone online ဆိုပီးေတာ့လဲ လိမ္ဖူးတာ ေတြ႕ခဲ့ရပါတယ္။ ကြၽန္မသိသေလာက္အခ်က္အလက္ေတြကို ထုတ္ေဝတာပါ။ ေလွကားမယ္ေတာ္ပုံကိုလဲ ျပထားပါမယ္ ကိုယ္လိုေနာက္လူေတြမခံရေအာင္ ေစတနာနဲ႔ ေျပာျခင္းျဖစ္ပါတယ္။အိတ္ကိုသတိျပဳပါ။
လူကအသားျဖဴျဖဴ ဝဝကစ္ကစ္ မ်က္မွန္နဲ႔ပါ။ လမ္း၅၀ ၅၁လမ္း ၅၅လမ္း ၃၉လမ္း လကုန္ပိုင္းေလာက္က်ရင္ေရွာင္ပါ။ ေက်းဇူးတင္ပါတယ္။ ေလွခါးမယ္ေတာ္ဆိုၿပီး အရမ္းနာမည္ႀကီးေနလို႔ သူနဲ႔ပါတ္သက္ၿပီး ကိုယ့္အေတြ႕ အႀကဳံေလးေရးေပးပါ့မယ္။
တကယ့္ကို ပိပိရိရိနဲ႔ ႐ုပ္ေလးနဲ႔ မလိုက္ေအာင္ လိမ္ရဲတဲ့ လူလိမ္မပါ။ သူ႔ဖုန္းနံပါတ္ေတြ တင္မေနနဲ႔..အဲ့ဒီနံပါတ္ေတက ေသေအာင္ေခၚ မရေတာ့ဘူး။ကိုယ့္ကို ၂ႀကိမ္လိမ္ဖို႔ ႀကိဳးစားတာ ပထမတခါက ေအာက္တိုဘာ ၁၃ ရက္ေန႔က ဒါေပမဲ့..ပစၥည္းယူဖို႔ ခ်ိန္းၿပီးမွ ဘယ္သူဂ်င္းမိသြားလဲမသိဘူး..အဲ့ေန႔က ဖုန္းအဆက္သြယ္လုံးဝျပတ္(ဖုန္းပိတ္)သြားတယ္။
ေနာက္..ေအာက္တိုဘာ၂၃ ျပန္ေခၚတယ္ ေနာက္တလုံးနဲ႔ ပထမဆက္တဲ့ဖုန္းက အခိုးခံရလို႔တဲ့။ deli ကလဲအဆင္ေျပသြားလို႔ ျပန္မဆက္ျဖစ္တာပါတဲ့။ ရင္ထဲေတာ့ ခုတုတုနဲ႔..ေငြႀကိဳရွင္းေပးရမယ္ ၁၃သိန္းေက်ာ္ way က၁၈ way ok လာမယ္ဆိူၿပီးခ်ိန္းလိုက္တယ္။ ဗိုလ္တေထာင္ခ်ိန္းတာ။ ရတယ္လိပ္စာပို႔ လာယူမယ္ေပါ့။
တိုတိုေျပာရရင္ ညေန၆နာရီခြဲ ေမွာင္ေလာက္တဲ့ အခ်ိန္မွ ဆုံျဖစ္တယ္။ သူခ်ိန္းထားတဲ့ တိုက္ေရွ႕မွာ ကဗ်ာကသီနဲ႔ တက္ဆီေပၚက ဆင္းလာတယ္။ အိတ္အမဲ ၃အိတ္မွာ ခုလိုပဲပါဆယ္ အိတ္လွလွေလးေတြ အစီစီအရီရီဒါနဲ႔ တိုက္ေလွခါးတခံခါးကိုဖြင့္ေတာ့ သူေျပာတဲ့ ငါးလႊာကို တက္မယ္ထင္တာ။
မယ္မင္းႀကီးမက အဲ့ေလွခါးမွာပဲ အေပးယူလုပ္တာ ကိုယ္ကမရဘူး အိမ္ေပၚသြားမယ္ ပစၥည္းစစ္မယ္ဆိုေတာ့ ဒီေအာက္မွာပဲယူပါတဲ့။ ဟိုတေန႔က deli အိမ္ေပၚမွာအပ္တာ deli သမားက ဖုန္းခိုးသြားလို႔ အေဖက ေသာင္းက်န္းေနလို႔ ခုအိမ္ေပၚမေခၚရဲဘူးတဲ့။စိတ္ထဲ ဘဝင္မက်ဘူး။
ထုတ္ထားတာ အားလုံးလွလွပပ အာ့ဆိုလဲ ကားကအက်ယ္ႀကီး ကားေပၚမွာ စစ္မယ္ဆိုေတာ့ ေကာင္မအခက္ေတြ႕ၿပီး အာ့ဆိုေနာက္ေန႔ ဆိုင္မွာခ်ိန္းၿပီး ဆိုင္လာယူပါတဲ့ အိုေကရတယ္ အစ္မက ပိုက္ဆံအမ်ားႀကီးႀကိဳရွင္းေပးရတာ..ပစၥည္းတခုခ်င္းေျဖၾကည့္ၿပီး စစ္လို႔ရမွ ေခၚလိုက္လို႔ အဲ့က်မွ အပ္ပါလို႔ေျပာပစ္လိုက္တယ္။
သူကအ႐ုပ္ကေလးတ႐ုပ္ လက္ေဆာင္ေပးတယ္။ အစ္မသမီးေလးအတြက္ပါတဲ့ ကိုယ္ေၾကာင္သြားတယ္။ အစ္မ wall ထဲဝင္ၾကည့္တာ အစ္မသမီးေလးရွိလို႔ လက္ေဆာင္ေပးဖို႔ဝယ္ထားတာယူသြားပါတဲ့ ေနာက္တႀကိမ္အတြက္ ျမဴဆြယ္လိုက္တာ။
မယူဘူးလုပ္ေတာ့ အတင္းေပးလိုက္တာ အဲ့အ႐ုပ္ကို တရက္အိမ္ထဲ မသြင္းရဲဘူး ဘာမွန္းမသိလို႔။ ေျပာခ်င္တာ တတ္ႏိုင္သူ deli စလုပ္သူကို ပစ္မွတ္ထားတာ။ ကိုယ္ကသတိထားေတာ့အလိမ္မခံလိူက္ရဘူး သူ႔မွာ အ႐ုပ္တ႐ုပ္နဲ႔ တက္စီဖိုး ဆုံးသြားတယ္။ အဲ့အေၾကာင္းစာ႐ိုက္ဖို႔ပ်င္းလို႔ မတင္ေတာ့ဘူးေနတာ ခုအလိမ္ခံရတာေတြ ေတြ႕ေနလို႔ ကိုယ္ေတြ႕ကိုတင္ေပးလိုက္တာ။
အသားျဖဴျဖဴ..ျပည့္ျပည့္ မ်က္ႏွာၾကည္ၾကည္နဲ႔ ကိုယ္နဲ႔ေတြ႕တုန္းက ဇာဂါဝန္အတိုနဲ႔ တကယ့္အလန္း ကဲ deli အကိုေမာင္ ညီမအစ္မေတြ ၾကည့္ေရွာင္ၾကေပေတာ့။
Crd..
zawgyi
Delivery ကုမ္ပဏီတွေကို သိန်းဆယ်နဲ့ချီပြီး လိုက်လိမ်နေတဲ့ လှေကားမယ်တော် (ညီအကိုများ ဂရုစိုက်ကြပါ)လှေကား မယ်တော်ရဲ့ လိမ်လည်မှု ဖြစ်စဉ် (၂) ခုကို ဖော်ပြလိုက်ပါတယ်။
deli သမားတွေကို ငွေကြိုရှင်းခိုင်းပြီး ပို့ရမယ့် လိပ်စာအတုနဲ့ အထုပ်ထဲမှာ စက္ကူတွေထည့်ပြီး လိမ်သွားတဲ့ ဖြစ်စဉ်ပါ။ အောက်မှာဖြစ်စဉ်များကို ဖော်ပြလိုက်ပါတယ်။
ဒီနေ့လဲ လှေကားမယ်တော်က ထပ်လိမ်လိုက်ပါပြီ ၁လ၁ခါ လကုန်တိုင်းလိမ်နေကြဆိုတော့ လကုန်ခါနီးတိုင်း delivery new တွေအတွက် ပို့စ်တင်ပါမယ်။ ကျွန်မလဲ အလိမ်ခံရဖူးတော့ ကိုယ်ချင်းစာလို့ ကျွန်မစာကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။လှေကားမယ်တော်က Ma Su cosmetic ဆိုပီးလိမ်တတ်ပါတယ်။
Su Pyae Sone online ဆိုပီးတော့လဲ လိမ်ဖူးတာ တွေ့ခဲ့ရပါတယ်။ ကျွန်မသိသလောက်အချက်အလက်တွေကို ထုတ်ဝေတာပါ။ လှေကားမယ်တော်ပုံကိုလဲ ပြထားပါမယ် ကိုယ်လိုနောက်လူတွေမခံရအောင် စေတနာနဲ့ ပြောခြင်းဖြစ်ပါတယ်။အိတ်ကိုသတိပြုပါ။
လူကအသားဖြူဖြူ ဝဝကစ်ကစ် မျက်မှန်နဲ့ပါ။ လမ်း၅၀ ၅၁လမ်း ၅၅လမ်း ၃၉လမ်း လကုန်ပိုင်းလောက်ကျရင်ရှောင်ပါ။ ကျေးဇူးတင်ပါတယ်။ လှေခါးမယ်တော်ဆိုပြီး အရမ်းနာမည်ကြီးနေလို့ သူနဲ့ပါတ်သက်ပြီး ကိုယ့်အတွေ့ အကြုံလေးရေးပေးပါ့မယ်။
တကယ့်ကို ပိပိရိရိနဲ့ ရုပ်လေးနဲ့ မလိုက်အောင် လိမ်ရဲတဲ့ လူလိမ်မပါ။ သူ့ဖုန်းနံပါတ်တွေ တင်မနေနဲ့..အဲ့ဒီနံပါတ်တေက သေအောင်ခေါ် မရတော့ဘူး။ကိုယ့်ကို ၂ကြိမ်လိမ်ဖို့ ကြိုးစားတာ ပထမတခါက အောက်တိုဘာ ၁၃ ရက်နေ့က ဒါပေမဲ့..ပစ္စည်းယူဖို့ ချိန်းပြီးမှ ဘယ်သူဂျင်းမိသွားလဲမသိဘူး..အဲ့နေ့က ဖုန်းအဆက်သွယ်လုံးဝပြတ်(ဖုန်းပိတ်)သွားတယ်။
နောက်..အောက်တိုဘာ၂၃ ပြန်ခေါ်တယ် နောက်တလုံးနဲ့ ပထမဆက်တဲ့ဖုန်းက အခိုးခံရလို့တဲ့။ deli ကလဲအဆင်ပြေသွားလို့ ပြန်မဆက်ဖြစ်တာပါတဲ့။ ရင်ထဲတော့ ခုတုတုနဲ့..ငွေကြိုရှင်းပေးရမယ် ၁၃သိန်းကျော် way က၁၈ way ok လာမယ်ဆိူပြီးချိန်းလိုက်တယ်။ ဗိုလ်တထောင်ချိန်းတာ။ ရတယ်လိပ်စာပို့ လာယူမယ်ပေါ့။
တိုတိုပြောရရင် ညနေ၆နာရီခွဲ မှောင်လောက်တဲ့ အချိန်မှ ဆုံဖြစ်တယ်။ သူချိန်းထားတဲ့ တိုက်ရှေ့မှာ ကဗျာကသီနဲ့ တက်ဆီပေါ်က ဆင်းလာတယ်။ အိတ်အမဲ ၃အိတ်မှာ ခုလိုပဲပါဆယ် အိတ်လှလှလေးတွေ အစီစီအရီရီဒါနဲ့ တိုက်လှေခါးတခံခါးကိုဖွင့်တော့ သူပြောတဲ့ ငါးလွှာကို တက်မယ်ထင်တာ။
မယ်မင်းကြီးမက အဲ့လှေခါးမှာပဲ အပေးယူလုပ်တာ ကိုယ်ကမရဘူး အိမ်ပေါ်သွားမယ် ပစ္စည်းစစ်မယ်ဆိုတော့ ဒီအောက်မှာပဲယူပါတဲ့။ ဟိုတနေ့က deli အိမ်ပေါ်မှာအပ်တာ deli သမားက ဖုန်းခိုးသွားလို့ အဖေက သောင်းကျန်းနေလို့ ခုအိမ်ပေါ်မခေါ်ရဲဘူးတဲ့။စိတ်ထဲ ဘဝင်မကျဘူး။
ထုတ်ထားတာ အားလုံးလှလှပပ အာ့ဆိုလဲ ကားကအကျယ်ကြီး ကားပေါ်မှာ စစ်မယ်ဆိုတော့ ကောင်မအခက်တွေ့ပြီး အာ့ဆိုနောက်နေ့ ဆိုင်မှာချိန်းပြီး ဆိုင်လာယူပါတဲ့ အိုကေရတယ် အစ်မက ပိုက်ဆံအများကြီးကြိုရှင်းပေးရတာ..ပစ္စည်းတခုချင်းဖြေကြည့်ပြီး စစ်လို့ရမှ ခေါ်လိုက်လို့ အဲ့ကျမှ အပ်ပါလို့ပြောပစ်လိုက်တယ်။
သူကအရုပ်ကလေးတရုပ် လက်ဆောင်ပေးတယ်။ အစ်မသမီးလေးအတွက်ပါတဲ့ ကိုယ်ကြောင်သွားတယ်။ အစ်မ wall ထဲဝင်ကြည့်တာ အစ်မသမီးလေးရှိလို့ လက်ဆောင်ပေးဖို့ဝယ်ထားတာယူသွားပါတဲ့ နောက်တကြိမ်အတွက် မြူဆွယ်လိုက်တာ။
မယူဘူးလုပ်တော့ အတင်းပေးလိုက်တာ အဲ့အရုပ်ကို တရက်အိမ်ထဲ မသွင်းရဲဘူး ဘာမှန်းမသိလို့။ ပြောချင်တာ တတ်နိုင်သူ deli စလုပ်သူကို ပစ်မှတ်ထားတာ။ ကိုယ်ကသတိထားတော့အလိမ်မခံလိူက်ရဘူး သူ့မှာ အရုပ်တရုပ်နဲ့ တက်စီဖိုး ဆုံးသွားတယ်။ အဲ့အကြောင်းစာရိုက်ဖို့ပျင်းလို့ မတင်တော့ဘူးနေတာ ခုအလိမ်ခံရတာတွေ တွေ့နေလို့ ကိုယ်တွေ့ကိုတင်ပေးလိုက်တာ။
အသားဖြူဖြူ..ပြည့်ပြည့် မျက်နှာကြည်ကြည်နဲ့ ကိုယ်နဲ့တွေ့တုန်းက ဇာဂါဝန်အတိုနဲ့ တကယ့်အလန်း ကဲ deli အကိုမောင် ညီမအစ်မတွေ ကြည့်ရှောင်ကြပေတော့။
Crd..



