မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ်(၀၄/၂၀၂၁)(၂၀၂၁ ခုနှစ်၊ ဧပြီလ(၃)ရက်နေ့ မြန်မာစံတော်ချိန်(၀၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) မုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၀၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး၊
မြန်မာနိုင်ငံ၊ မြိတ်မြို့ (Myeik)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၁၀)မိုင်ခန့်၊ ထားဝယ်မြို့(Dawei)၏ အနောက်တောင်ဘက် ရေမိုင် (၁၄၀)မိုင်ခန့်၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အရှေ့တောင်ဘက်
ရေမိုင်(၂၃၅)မိုင်ခန့်နှင့် ရန်ကုန်မြို့ (Yangon) ၏ တောင်- အရှေ့တောင်ဘက်ရေမိုင် (၂၇၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၀၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၂.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၆.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား(၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး
လေတိုက်နှုန်းမှာ တစ်နာရီလျှင်(၃၅) မိုင်နှုန်းဖြစ်ပါသည်။
(ဂ)နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ၊မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် (၂.၄.၂၀၂၁)ရက်နေ့မှ (၇.၄.၂၀၂၁)ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း
ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကာ၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
(င)အကြံပြုချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်
ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်
အသိပေးနှိုးဆော်အပ်ပါသည်။
Credit- Moe Za La
Zawgyi
မုန္တိုင္းငယ္သတိေပးခ်က္အမွတ္စဥ္(၀၄/၂၀၂၁)(၂၀၂၁ ခုႏွစ္၊ ဧၿပီလ(၃)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္(၀၁:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)
(က) မုန္တိုင္းငယ္အေျခအေန
(၁) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၀:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရကပၸလီပင္လယ္ျပင္ေျမာက္ပိုင္းတြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္(Depression)သည္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ အနည္းငယ္ ေ႐ြ႕လ်ားခဲ့ၿပီး၊
ျမန္မာႏိုင္ငံ၊ ၿမိတ္ၿမိဳ႕ (Myeik)၏ အေနာက္-အေနာက္ေတာင္ဘက္ ေရမိုင္(၁၁၀)မိုင္ခန႔္၊ ထားဝယ္ၿမိဳ႕(Dawei)၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၁၄၀)မိုင္ခန႔္၊ ကိုကိုးကြၽန္းၿမိဳ႕ (Coco Island)၏ အေရွ႕ေတာင္ဘက္
ေရမိုင္(၂၃၅)မိုင္ခန႔္ႏွင့္ ရန္ကုန္ၿမိဳ႕ (Yangon) ၏ ေတာင္- အေရွ႕ေတာင္ဘက္ေရမိုင္ (၂၇၅)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။
(၂) မုန္တိုင္းငယ္(Depression)၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားႏိုင္ပါသျဖင့္ လိေမၼာ္ေရာင္အဆင့္ဟု သတ္မွတ္ပါသည္။
(ခ) မုန္တိုင္းငယ္၏တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း
အဆိုပါ မုန္တိုင္းငယ္(Depression)သည္ ျမန္မာစံေတာ္ခ်ိန္ (၀၀:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ(၁၂.၂)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၉၆.၈)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ ေလဖိအား(၁၀၀၀)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံး
ေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္(၃၅) မိုင္ႏႈန္းျဖစ္ပါသည္။
(ဂ)ေနာက္(၂၄)နာရီအတြင္းခန႔္မွန္းခ်က္
အဆိုပါ မုန္တိုင္းငယ္(Depression)သည္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ ေ႐ြ႕လ်ားကာ၊မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းသို႔ ဦးတည္ေ႐ြ႕လ်ားႏိုင္သည္ဟု ခန႔္မွန္းရပါသည္။
(ဃ) သတိေပးႏႈိးေဆာ္ခ်က္
အဆိုပါ အားေကာင္းေသာ မုန္တိုင္းငယ္(Deep Depression)၏အရွိန္ေၾကာင့္ (၂.၄.၂၀၂၁)ရက္ေန႔မွ (၇.၄.၂၀၂၁)ရက္ေန႔အတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊
ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ ေနျပည္ေတာ္၊ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲမိုးထစ္ခ်ဳန္း႐ြာၿပီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္း ေဒသႀကီး၊ ဧရာဝတီတိုင္း
ေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ေနရာကြက္၍မိုးႀကီးျခင္းမ်ားျဖစ္ေပၚႏိုင္ကာ၊ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းႀကီးမည္။
မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၁၀)ေပမွ (၁၂)ေပခန႔္ ရွိႏိုင္ပါသည္။
(င)အႀကံျပဳခ်က္
အဆိုပါ အားေကာင္းေသာမုန္တိုင္းငယ္(Deep Depression)၏ အရွိန္ေၾကာင့္မိုး႐ြာသြန္းျခင္းႏွင့္အတူေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းမ်ားျဖစ္ေပၚႏိုင္ပါသျဖင့္ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ႏွင့္
ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ျမစ္ဝကြၽန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိကမ္းနီး၊ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္းႀကိဳတင္သတိျပဳႏိုင္ပါရန္
အသိေပးႏႈိးေဆာ္အပ္ပါသည္။
Credit- Moe Za La