ခေါင်းလျှော်ရည်ထဲ ဆားထည့်လျှော်တဲ့အခါ ရလာမယ့်ကောင်းကျိုးတွေ
မီးဖိုချောင်မှာ အမြဲတမ်းလိုလိုရှိနေတဲ့ဟင်းချက်စရာတွေအတွက် အသုံးဝင်တဲ့ဆားဟာ မထင်မှတ်ပဲ ဆံပင်အတွက်ပါ အသုံးဝင်တဲ့အလှကုန်ပစ္စည်းဖြစ်လာခဲ့ပါပြီ။
ခေါင်းလျှော်ရည်ထဲကို ဆားအနည်းငယ်ထည့်လျှော်ပေးသင့်တယ်ဆိုတဲ့ အလှအပဆောင်းပါးတစ်ခုကိုတွေ့ခဲ့လို့ ပရိသတ်ကြီးအတွက် အလှအပဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ခေါင်းလျှော်ရည်ထဲဘာလို့ဆားထည့်ပေးသင့်တာလဲ?
ဆားက သဘာဝဖြစ်တဲ့အတွက်ဘေးဥပါဒ်ဖြစ်မှာလည်းလုံးဝမစိုးရိမ်ရပါဘူး။ခေါင်းလျှော်ရည်ထဲကို ဆားစားပွဲတင်ဇွန်း ၂ဇွန်းစာလောက်ရောထည့်ပြီးလျှော်ပေးတာက…
အဆီပြန်ခြင်းကိုကာကွယ်ပေးတယ်
ခေါင်းလျှော်ရည်ထဲဆားထည့်လျှော်ပေးတာက ဦးရေပြားအဆီပြန်ခြင်းကို ကာကွယ်ပေးပါတယ်။လုံးဝအဆီမပြန်တာမျိုးမဟုတ်ပဲ လိုအပ်တဲ့အဆီပမာဏာပဲအဆီပြန်အောင်ထိန်းညှိပေးတာပါ။
အဆီပြန်တာကိုကာကွယ်ပေးတဲ့အတွက် ၂ရက်လောက်နဲ့အဆီပြန်တဲ့ဦးရေပြားဟာ စေးကပ်ကပ်ဖြစ်မနေတော့ပဲ သုံးရက်လောက်နေမှ ခေါင်းလျှော်ပေးလို့ရသွားပါတယ်။တစ်ပတ်လောက်နဲ့တင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။
ဗောက်ထခြင်းနဲ့ဦးရေပြားပြဿနာကိုဖြေရှင်းပေးတယ်
ခေါင်းလျှော်ရည်ထဲဆားအနည်းငယ်ထည့်လျှော်ပေးတာဟာ ဗောက်ထခြင်းကိုကာကွယ်ပေးပါသတဲ့။ဗောက်ထလို့စိတ်ညစ်စရာမလိုတော့ပါဘူးနော်။ပိုပြီးထိရောက်ချင်ရင် အိမ်သုံးဆားထက်ပင်လယ်ဆားကိုသုံးပေးပါ။
ပင်လယ်ဆားနဲ့ခေါင်းလျှော်ရည်ကို ရောစပ်ပြီးဦးရေပြားကိုအသာအယာ ၁၀ မိနစ်လောက်နှိပ်နယ်ပေးပါ။ဦးရေပြားကိုပါသန့်စင်ပြီးသားဖြစ်ပါလိ့မ်မယ်။
ဆံပင်ကျွတ်သက်သာစေတယ်
ဆံပင်တွေခဏခဏကျွတ်နေရင် ဒီနည်းလေးကိုသာသုံးပေးလိုက်ပါ။အပေါ်ကနည်းအတိုင်း ဦးခေါင်းကို၁၀မိနစ်လောက်နှိပ်နယ်ပေးပြီးလျှော်ကြည့်ပါ။အရင်လိုဆံပင်မကျွတ်တော့တာကို သတိထားမိပါလိမ့်မယ်။
ဒီတော့ဘယ်လိုဆားမျိုးက ဘာအတွက်အသုံးဝင်လဲ?
စားပြဲတင္ဆား
အိမ်သုံးဆားက ဆံပင်ကျွတ်ခြင်းကိုအထူးသက်သာစေတယ်
သဘာ၀ဆား
မသန့်စင်ရသေးပဲ သဘာဝအတိုင်းရရှိလာတဲ့ဆားက ဦးရေပြားပြဿနာတွေကိုကာကွယ်ပေးတယ်။ဆံပင်အတွက်လိုအပ်တဲ့ဓာတ်တွေဖြည့်ပေးတယ်။
ဆားခါး
ဆားခါးကတော့စိမ်နိုင်ရင် ခန္ဓာကိုယ်အတွက်ပါကောင်းမွန်စေပါတယ်။ဆားခါးက ဆံပင်အဆီပြန်တာကိုသက်သာစေသလို ဆံပင်ပျော့ဆေးနဲ့ရောစပ်သုံးရင် ဆံပင်လည်းအုံထူစေတယ်။ခေါင်းလျှော်ပြီး မိနစ် ၂၀လောက်နေမှ ရေနဲ့သန့်စင်ပါ။
ဆံပင်အတွက်ကောင်းမွန်တဲ့သဘာဝအလှကုန်ပစ္စည်းတစ်လက်ဖြစ်လို့ သေချာစမ်းသပ်သုံးကြည့်ကြဦးနော်
Credit
ေခါင္းေလၽွာ္ရည္ထဲ ဆားထည့္ေလၽွာ္တဲ့အခါ ရလာမယ့္ေကာင္းက်ိဳးေတြ
မီးဖိုေခ်ာင္မွာ အျမဲတမ္းလိုလိုရွိေနတဲ့ဟင္းခ်က္စရာေတြအတြက္ အသုံးဝင္တဲ့ဆားဟာ မထင္မွတ္ပဲ ဆံပင္အတြက္ပါ အသုံးဝင္တဲ့အလွကုန္ပစၥည္းျဖစ္လာခဲ့ပါၿပီ။
ေခါင္းေလၽွာ္ရည္ထဲကို ဆားအနည္းငယ္ထည့္ေလၽွာ္ေပးသင့္တယ္ဆိုတဲ့ အလွအပေဆာင္းပါးတစ္ခုကိုေတြ႕ခဲ့လို႔ ပရိသတ္ႀကီးအတြက္ အလွအပဗဟုသုတအေနနဲ႔ ျပန္လည္မၽွေဝေပးလိုက္ပါတယ္။
ေခါင္းေလၽွာ္ရည္ထဲဘာလို႔ဆားထည့္ေပးသင့္တာလဲ?
ဆားက သဘာဝျဖစ္တဲ့အတြက္ေဘးဥပါဒ္ျဖစ္မွာလည္းလုံးဝမစိုးရိမ္ရပါဘူး။ေခါင္းေလၽွာ္ရည္ထဲကို ဆားစားပြဲတင္ဇြန္း ၂ဇြန္းစာေလာက္ေရာထည့္ၿပီးေလၽွာ္ေပးတာက…
အဆီျပန္ျခင္းကိုကာကြယ္ေပးတယ္
ေခါင္းေလၽွာ္ရည္ထဲဆားထည့္ေလၽွာ္ေပးတာက ဦးေရျပားအဆီျပန္ျခင္းကို ကာကြယ္ေပးပါတယ္။လုံးဝအဆီမျပန္တာမ်ိဳးမဟုတ္ပဲ လိုအပ္တဲ့အဆီပမာဏာပဲအဆီျပန္ေအာင္ထိန္းညႇိေပးတာပါ။
အဆီျပန္တာကိုကာကြယ္ေပးတဲ့အတြက္ ၂ရက္ေလာက္နဲ႔အဆီျပန္တဲ့ဦးေရျပားဟာ ေစးကပ္ကပ္ျဖစ္မေနေတာ့ပဲ သုံးရက္ေလာက္ေနမွ ေခါင္းေလၽွာ္ေပးလို႔ရသြားပါတယ္။တစ္ပတ္ေလာက္နဲ႔တင္ သိသာတဲ့ရလဒ္ကိုျမင္ေတြ႕ရမွာပါ။
ေဗာက္ထျခင္းနဲ႔ဦးေရျပားျပႆနာကိုေျဖရွင္းေပးတယ္
ေခါင္းေလၽွာ္ရည္ထဲဆားအနည္းငယ္ထည့္ေလၽွာ္ေပးတာဟာ ေဗာက္ထျခင္းကိုကာကြယ္ေပးပါသတဲ့။ေဗာက္ထလို႔စိတ္ညစ္စရာမလိုေတာ့ပါဘူးေနာ္။ပိုၿပီးထိေရာက္ခ်င္ရင္ အိမ္သုံးဆားထက္ပင္လယ္ဆားကိုသုံးေပးပါ။
ပင္လယ္ဆားနဲ႔ေခါင္းေလၽွာ္ရည္ကို ေရာစပ္ၿပီးဦးေရျပားကိုအသာအယာ ၁၀ မိနစ္ေလာက္ႏွိပ္နယ္ေပးပါ။ဦးေရျပားကိုပါသန႔္စင္ၿပီးသားျဖစ္ပါလိ့မ္မယ္။
ဆံပင္ကၽြတ္သက္သာေစတယ္
ဆံပင္ေတြခဏခဏကၽြတ္ေနရင္ ဒီနည္းေလးကိုသာသုံးေပးလိုက္ပါ။အေပၚကနည္းအတိုင္း ဦးေခါင္းကို၁၀မိနစ္ေလာက္ႏွိပ္နယ္ေပးၿပီးေလၽွာ္ၾကည့္ပါ။အရင္လိုဆံပင္မကၽြတ္ေတာ့တာကို သတိထားမိပါလိမ့္မယ္။
ဒီေတာ့ဘယ္လိုဆားမ်ိဳးက ဘာအတြက္အသုံးဝင္လဲ?
စားျပဲတငၧား
အိမ္သုံးဆားက ဆံပင္ကၽြတ္ျခင္းကိုအထူးသက္သာေစတယ္
သဘာ၀ဆား
မသန႔္စင္ရေသးပဲ သဘာဝအတိုင္းရရွိလာတဲ့ဆားက ဦးေရျပားျပႆနာေတြကိုကာကြယ္ေပးတယ္။ဆံပင္အတြက္လိုအပ္တဲ့ဓာတ္ေတြျဖည့္ေပးတယ္။
ဆားခါး
ဆားခါးကေတာ့စိမ္နိုင္ရင္ ခႏၶာကိုယ္အတြက္ပါေကာင္းမြန္ေစပါတယ္။ဆားခါးက ဆံပင္အဆီျပန္တာကိုသက္သာေစသလို ဆံပင္ေပ်ာ့ေဆးနဲ႔ေရာစပ္သုံးရင္ ဆံပင္လည္းအုံထူေစတယ္။ေခါင္းေလၽွာ္ၿပီး မိနစ္ ၂၀ေလာက္ေနမွ ေရနဲ႔သန႔္စင္ပါ။
ဆံပင္အတြက္ေကာင္းမြန္တဲ့သဘာဝအလွကုန္ပစၥည္းတစ္လက္ျဖစ္လို႔ ေသခ်ာစမ္းသပ္သုံးၾကည့္ၾကဦးေနာ္
Credit