နိုကိုဥ (သကြားမုန်လာဥ )
နိုကိုဥ ဖျော်ရည်
Beet root တစ်ဥ၊မုန်လာဥနီတစ်ဥ၊ ဂျင်းလက်တဆစ်၊ပန်းသီးစိမ်းတစ်လုံး၊လီမွန်တစ်ခြမ်းနဲ့ ရေ ၃၀၀ CCနဲ့ ဖျော်စပ်ထဲရောထည့်ကာ ဖျော်သောက်နိုင်ပါတယ်။
အနောက်နိုင်ငံတွေမှာ သွေးကျစေတယ်လို့ နာမည်ကြီးလှပါတယ်။
အမြင်အာရုံကြည်လင်စေမဲ့ နိုကိုဥ
အသက်အရွယ်ရလာပြီဆိုရင် အမွငျအာရုံတှေေ၀ဝါးလာတတျတာသဘာဝပါပဲ။ ဒီနေ့ခေတ်မှာဆို တီဗီ ဂိမ်း ဖေ့ဘုတ်တွေ အသုံးများလာကြလို့ ငယ်ငယ်ကတည်းက ပါဝါမျက်မှန်တွေ တပ်နေကြပါတယ်။
နိုကိုဥကတော့ ငယ်စဉ်ကပဲဖြစ်ဖြစ် အသက်အရွယ်ရလာရင်ဖြစ်ဖြစ် အမြင်အာရုံနဲ့ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံးတာကိုလည်း သက်သာစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေတဲ့အပြင် တခြားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။
နိုကိုဥကို သုပ်စားရအောင်
နိုကိုဥ ၂ ဥ (သို့) ၃ ဥ
ကြက်သွန်နီ ၂ လုံး
သံလွင်ဆီ အသန့်
ရှလကာရည်
ဆား
ပြင်ဆင်ခြင်း
နိုကိုဥကိုအခွံနွှာပြီး ရေ ၊ ဆားအနည်ငယ်ထည့်ပြီး ပြုတ်လိုက်ပါ။
ပွက်လာပြီဆိုရင် မီးဖိုပေါ်ကချ အအေးခံပြီး အတုံးသေးသေးလေးလှီးကာ ခွက်တစ်လုံးထဲထည့်ထားပါ။ ကြက်သွန်နီကို အခွံနွှာ အတုံးလေးတွေလှီးပြီး နိုကိုဥနဲ့ရောလိုက်ပါ။ ပြီးရင် သံလွင်ဆီအနည်း၊ ရှလကာရည်အနည်းငယ်နဲ့ ဆားအနည်းငယ်ထည့်ပါ။
ပြီးရင် သေချာနယ်ပေးပါ။ တကယ်လို့ စားမကောင်းရင်ဆားထပ်ထည့်ပြီး တခြားဟင်းခတ်မှုန့်တွေလည်း ထည့်လို့ရပါတယ်။ သုပ်ပြီးလို့ တစ်နာရီလောက်ထားပြီးမှ စားသုံးပေးပါ။
အသည်းနဲ့ အူမကြီးကို သန့်စင်စေတဲ့အပြင် အမြင်အာရုံကိုတိုးတက်လာစေပါတယ်။ နိုကိုဥသုပ်ကိုစားပေးဖို့ အကြံပြုပါရစေ။
နိုကိုဥရဲ့ အရသာက ချိုမြတာကြောင့် လူအများစု၊ အထူးသဖြင့် ကလေးငယ်တွေ ကြိုက်နှစ်သက်ကြပါတယ်။ အရသာရှိတဲ့ နိုကိုဥကိုစားပေးရင် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။
နိုကိုဥမှာ ဗိုက်တာမင် C အပြင် Anthocyanins၊ Isothiocyanates နဲ့ Glucosinolates တို့လိုမျိုး Antioxidants တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆိုပါ ကွန်ပေါင်းဟာ ခန္ဓာကိုယ်အတွင်းက ဆဲလ်စ်တွေကို Free Radical တွေကြောင့် ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ Antioxidants ကြွယ်ဝစွာပါဝင်နေတဲ့ အသီးအရွက်တွေရဲ့ ထုံးစံအတိုင်း ဆီးချိုရောဂါနဲ့ အစာခြေအင်္ဂါတွေနဲ့ စပ်ဆိုင်တဲ့ ရောဂါတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်သလို အရွယ်မတိုင်ခင် သေဆုံးနိုင်ချေကိုလည်း တားဆီးပေးနိုင်ပါတယ်။ Isothiocyanates နဲ့ Glucosinolates တို့ပါဝင်နေတာမို့ ကင်ဆာ၊ နှလုံးရောဂါနဲ့ ရောင်ရမ်းနာတွေကိုလည်း မဖြစ်အောင် တားဆီးနိုင်ပါတယ်။
(၁) ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်
နိုကိုဥမှာ ဖိုင်တိုကမ်မီကယ်လ် အများအပြားပါဝင်တာကြောင့် ကင်ဆာကိုကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် Glucosinolates ပါဝင်တာကြောင့် အသည်းကနေ ကင်ဆာဖြစ်စေတဲ့ဓာတ်တွေကို ချေဖျက်ရာမှာ ကူညီနိုင်ပါတယ်။ နိုကိုဥမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် ဆဲလ်တွေမှာ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်ထိခိုက်ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။
(၂) ဗီတာမင်စီ များစွာပါဝင်ပါတယ်
နိုကိုဥတစ်ခွက်စာ ပမာဏမှာ ဗီတာမင်စီ တစ်နေ့တာလိုအပ်တဲ့ အတိုင်းအတာရဲ့ ၁၄၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ လတ်ဆတ်တဲ့ နိုကိုဥပင်စည်ပိုင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီ များများပါဝင်ပါတယ်။
(၃) ကိုယ်ခံစွမ်းအားစနစ်ကို တိုးစေပါတယ်
နိုကိုဥမှာ ဗီတာမင်စီများများပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး နာမကျန်းမှုကို တွန်းလှန်ပေးကာ ရောဂါဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) စွမ်းအင်ကို တိုးစေပါတယ်
နိုကိုဥမှာပါတဲ့ ဗီတာမင်စီဟာ ခန္ဓာကိုယ်မှ သံဓာတ်လို မရှိမဖြစ် သတ္တုဓာတ်စုပ်ယူမှုကို အားကောင်းစေတာကြောင့် စွမ်းအင်တိုးစေပါတယ်။
(၅) နှလုံး ကျန်းမာစေပါတယ်
နိုကိုဥမှာ ကိုလက်စထရောနဲ့ မကောင်းတဲ့ အဆီပါဝင်မှုလျော့နည်းပြီး ပိုတက်စီယမ်ပမာဏ များစွာပါဝင်ပါတယ်။ နိုကိုဥမှာပါတဲ့ ပိုတက်စီယမ်ဟာ ဆိုဒီယမ်ကြောင့် ထိခိုက်မှုကို လျော့ကျစေပြီး နှလုံးခုန်နှုန်းမှန်စေကာ သွေးတိုးကို ကျစေပါတယ်။
(၆) အစာခြေစနစ်ကို ကျန်းမာစေပါတယ်
နိုကိုဥတစ်ခွက်စာ ပမာဏမှာ တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၁၉ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အမျှင်ဓာတ်ဟာ အစာကြေညက်စေပြီး ပုံမှန် အူလှုပ်ရှားမှုကောင်းစေကာ ဇီဝရုပ်ဖြစ်ပျက်မှု ကျန်းမာစေတဲ့အပြင် အူတွေကို သန်စွမ်းစေပါတယ်။
(၇) ကိုယ်အလေးချိန် လျော့ကျစေပါတယ်
နိုကိုဥတစ်ခွက်စာပမာဏမှာ ကယ်လိုရီ ၃၆ ပဲ ပါဝင်တာကြောင့် ပါဝင်တဲ့ကယ်လိုရီနဲ့စာရင် အာဟာရပါဝင်မှု အားကောင်းပါတယ်။ နိုကိုဥမှာပါတဲ့ အမျှင်ဓာတ်ကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကျန်းမာပြီး ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။
(၈) သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်
နိုကိုဥဟာ နှလုံးနဲ့ သွေးလှည့်ပတ်မှုစနစ်ကို ကျန်းမာစေပါတယ်။ အကြောင်းကတော့ နိုကိုဥမှာ ပြည့်ဝဆီပါဝင်မှု မရှိသလောက် နည်းလို့ပါ။
(၉) ကြွက်သားနဲ့ နာ့ဗ်ကြောလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်
နိုကိုဥအစိမ်းတစ်ခွက်မှာ ပိုတက်စီယမ် တစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၁၄ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ ပိုတက်စီယမ်ဟာ ကြွက်သားတွေရဲ့ ကာဗိုဟိုက်ဒရိတ် သိုလှောင်ပြီး လောင်စာအဖြစ် အသုံးပြုမှုမှာ ကူညီပေးပါတယ်။
(၁၀) အာဟာရပါဝင်မှု မြင့်မားပါတယ်
နိုကိုဥမှာပါဝင်တဲ့ ကယ်လိုရီနဲ့ယှဉ်ရင် အာဟာရပါဝင်မှု မြင့်မားပါတယ်။ အာဟာရတန်ဖိုး မြင့်မားစွာပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တချို့ကို နိုကိုဥဟင်းစားရုံနဲ့ ရရှိနိုင်ပါတယ်။
၎င်းတွင်ပါဝင်သော Oxalate သည် ကျောက်တည်တတ်သဖြင့် ကျောက်ကပ်နှင့်သည်းခြေအိတ် ပြဿနာရှိသူများ ရှောင်ကြည်သင့်ပါ သည်။ (crd)
နိုကိုဥ (သၾကားမုန္လာဥ )
နိုကိုဥ ေဖ်ာ္ရည္
Beet root တစ္ဥ၊မုန္လာဥနီတစ္ဥ၊ ဂ်င္းလက္တဆစ္၊ပန္းသီးစိမ္းတစ္လုံး၊လီမြန္တစ္ျခမ္းနဲ႔ ေရ ၃၀၀ CCနဲ႔ ေဖ်ာ္စပ္ထဲေရာထည့္ကာ ေဖ်ာ္ေသာက္နိုင္ပါတယ္။
အေနာက္နိုင္ငံေတြမွာ ေသြးက်ေစတယ္လို႔ နာမည္ႀကီးလွပါတယ္။
အျမင္အာ႐ုံၾကည္လင္ေစမဲ့ နိုကိုဥ
အသက္အရြယ္ရလာၿပီဆိုရင္ အမြင်အာ႐ုံေတွေ၀ဝါးလာတတ်တာသဘာဝပါပဲ။ ဒီေန႔ေခတ္မွာဆို တီဗီ ဂိမ္း ေဖ့ဘုတ္ေတြ အသုံးမ်ားလာၾကလို႔ ငယ္ငယ္ကတည္းက ပါဝါမ်က္မွန္ေတြ တပ္ေနၾကပါတယ္။
နိုကိုဥကေတာ့ ငယ္စဥ္ကပဲျဖစ္ျဖစ္ အသက္အရြယ္ရလာရင္ျဖစ္ျဖစ္ အျမင္အာ႐ုံနဲ႔ပတ္သတ္တဲ့ ျပႆနာေတြကို ေျဖရွင္းေပးနိုင္ပါတယ္။ ဒါ့အျပင္ အသည္းအဆီဖုံးတာကိုလည္း သက္သာေစၿပီး ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစတဲ့အျပင္ တျခားက်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။
နိုကိုဥကို သုပ္စားရေအာင္
နိုကိုဥ ၂ ဥ (သို႔) ၃ ဥ
ၾကက္သြန္နီ ၂ လုံး
သံလြင္ဆီ အသန႔္
ရွလကာရည္
ဆား
ျပင္ဆင္ျခင္း
နိုကိုဥကိုအခြံႏႊာၿပီး ေရ ၊ ဆားအနည္ငယ္ထည့္ၿပီး ျပဳတ္လိုက္ပါ။
ပြက္လာၿပီဆိုရင္ မီးဖိုေပၚကခ် အေအးခံၿပီး အတုံးေသးေသးေလးလွီးကာ ခြက္တစ္လုံးထဲထည့္ထားပါ။ ၾကက္သြန္နီကို အခြံႏႊာ အတုံးေလးေတြလွီးၿပီး နိုကိုဥနဲ႔ေရာလိုက္ပါ။ ၿပီးရင္ သံလြင္ဆီအနည္း၊ ရွလကာရည္အနည္းငယ္နဲ႔ ဆားအနည္းငယ္ထည့္ပါ။
ၿပီးရင္ ေသခ်ာနယ္ေပးပါ။ တကယ္လို႔ စားမေကာင္းရင္ဆားထပ္ထည့္ၿပီး တျခားဟင္းခတ္မႈန႔္ေတြလည္း ထည့္လို႔ရပါတယ္။ သုပ္ၿပီးလို႔ တစ္နာရီေလာက္ထားၿပီးမွ စားသုံးေပးပါ။
အသည္းနဲ႔ အူမႀကီးကို သန႔္စင္ေစတဲ့အျပင္ အျမင္အာ႐ုံကိုတိုးတက္လာေစပါတယ္။ နိုကိုဥသုပ္ကိုစားေပးဖို႔ အႀကံျပဳပါရေစ။
နိုကိုဥရဲ့ အရသာက ခ်ိဳျမတာေၾကာင့္ လူအမ်ားစု၊ အထူးသျဖင့္ ကေလးငယ္ေတြ ႀကိဳက္ႏွစ္သက္ၾကပါတယ္။ အရသာရွိတဲ့ နိုကိုဥကိုစားေပးရင္ ေအာက္ပါက်န္းမာေရး အက်ိဳးေက်းဇူးေတြကို ရရွိနိုင္မွာျဖစ္ပါတယ္။
နိုကိုဥမွာ ဗိုက္တာမင္ C အျပင္ Anthocyanins၊ Isothiocyanates နဲ႔ Glucosinolates တို႔လိုမ်ိဳး Antioxidants ေတြ ႂကြယ္ဝစြာပါဝင္ေနပါတယ္။ အဆိုပါ ကြန္ေပါင္းဟာ ခႏၶာကိုယ္အတြင္းက ဆဲလ္စ္ေတြကို Free Radical ေတြေၾကာင့္ ထိခိုက္မႈမရွိေအာင္ ကာကြယ္ေပးနိုင္ပါတယ္။ Antioxidants ႂကြယ္ဝစြာပါဝင္ေနတဲ့ အသီးအရြက္ေတြရဲ့ ထုံးစံအတိုင္း ဆီးခ်ိဳေရာဂါနဲ႔ အစာေျခအဂၤါေတြနဲ႔ စပ္ဆိုင္တဲ့ ေရာဂါေတြျဖစ္နိုင္ေခ်ကို ေလၽွာ့ခ်ေပးနိုင္သလို အရြယ္မတိုင္ခင္ ေသဆုံးနိုင္ေခ်ကိုလည္း တားဆီးေပးနိုင္ပါတယ္။ Isothiocyanates နဲ႔ Glucosinolates တို႔ပါဝင္ေနတာမို႔ ကင္ဆာ၊ ႏွလုံးေရာဂါနဲ႔ ေရာင္ရမ္းနာေတြကိုလည္း မျဖစ္ေအာင္ တားဆီးနိုင္ပါတယ္။
(၁) ကင္ဆာကို ကာကြယ္ေပးနိုင္ပါတယ္
နိုကိုဥမွာ ဖိုင္တိုကမ္မီကယ္လ္ အမ်ားအျပားပါဝင္တာေၾကာင့္ ကင္ဆာကိုကာကြယ္ေပးနိုင္ပါတယ္။ အထူးသျဖင့္ Glucosinolates ပါဝင္တာေၾကာင့္ အသည္းကေန ကင္ဆာျဖစ္ေစတဲ့ဓာတ္ေတြကို ေခ်ဖ်က္ရာမွာ ကူညီနိုင္ပါတယ္။ နိုကိုဥမွာ အင္တီေအာက္ဆီးဒင့္ ပါဝင္မႈမ်ားတာေၾကာင့္ ဆဲလ္ေတြမွာ ဖရီးရယ္ဒီကယ္ေၾကာင့္ ထိခိုက္မႈမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ဖရီးရယ္ဒီကယ္ထိခိုက္ရင္ ကင္ဆာျဖစ္ေစနိုင္ပါတယ္။
(၂) ဗီတာမင္စီ မ်ားစြာပါဝင္ပါတယ္
နိုကိုဥတစ္ခြက္စာ ပမာဏမွာ ဗီတာမင္စီ တစ္ေန႔တာလိုအပ္တဲ့ အတိုင္းအတာရဲ့ ၁၄၀ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။ လတ္ဆတ္တဲ့ နိုကိုဥပင္စည္ပိုင္းမွာ အစြမ္းထက္ အင္တီေအာက္ဆီးဒင့္တစ္မ်ိဳးျဖစ္တဲ့ ဗီတာမင္စီ မ်ားမ်ားပါဝင္ပါတယ္။
(၃) ကိုယ္ခံစြမ္းအားစနစ္ကို တိုးေစပါတယ္
နိုကိုဥမွာ ဗီတာမင္စီမ်ားမ်ားပါဝင္တာေၾကာင့္ ကိုယ္ခံစြမ္းအားစနစ္ကို အားေကာင္းေစၿပီး နာမက်န္းမႈကို တြန္းလွန္ေပးကာ ေရာဂါေဝဒနာေတြမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။
(၄) စြမ္းအင္ကို တိုးေစပါတယ္
နိုကိုဥမွာပါတဲ့ ဗီတာမင္စီဟာ ခႏၶာကိုယ္မွ သံဓာတ္လို မရွိမျဖစ္ သတၱဳဓာတ္စုပ္ယူမႈကို အားေကာင္းေစတာေၾကာင့္ စြမ္းအင္တိုးေစပါတယ္။
(၅) ႏွလုံး က်န္းမာေစပါတယ္
နိုကိုဥမွာ ကိုလက္စထေရာနဲ႔ မေကာင္းတဲ့ အဆီပါဝင္မႈေလ်ာ့နည္းၿပီး ပိုတက္စီယမ္ပမာဏ မ်ားစြာပါဝင္ပါတယ္။ နိုကိုဥမွာပါတဲ့ ပိုတက္စီယမ္ဟာ ဆိုဒီယမ္ေၾကာင့္ ထိခိုက္မႈကို ေလ်ာ့က်ေစၿပီး ႏွလုံးခုန္ႏႈန္းမွန္ေစကာ ေသြးတိုးကို က်ေစပါတယ္။
(၆) အစာေျခစနစ္ကို က်န္းမာေစပါတယ္
နိုကိုဥတစ္ခြက္စာ ပမာဏမွာ တစ္ေန႔တာလိုအပ္တဲ့ အမၽွင္ဓာတ္ရဲ့ ၁၉ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။ အမၽွင္ဓာတ္ဟာ အစာေၾကညက္ေစၿပီး ပုံမွန္ အူလႈပ္ရွားမႈေကာင္းေစကာ ဇီဝ႐ုပ္ျဖစ္ပ်က္မႈ က်န္းမာေစတဲ့အျပင္ အူေတြကို သန္စြမ္းေစပါတယ္။
(၇) ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစပါတယ္
နိုကိုဥတစ္ခြက္စာပမာဏမွာ ကယ္လိုရီ ၃၆ ပဲ ပါဝင္တာေၾကာင့္ ပါဝင္တဲ့ကယ္လိုရီနဲ႔စာရင္ အာဟာရပါဝင္မႈ အားေကာင္းပါတယ္။ နိုကိုဥမွာပါတဲ့ အမၽွင္ဓာတ္ေၾကာင့္ ဇီဝ႐ုပ္ျဖစ္ပ်က္မႈက်န္းမာၿပီး ကိုယ္အေလးခ်ိန္ကို ထိန္းေပးပါတယ္။
(၈) ေသြးလွည့္ပတ္မႈစနစ္ကို ေကာင္းမြန္ေစပါတယ္
နိုကိုဥဟာ ႏွလုံးနဲ႔ ေသြးလွည့္ပတ္မႈစနစ္ကို က်န္းမာေစပါတယ္။ အေၾကာင္းကေတာ့ နိုကိုဥမွာ ျပည့္ဝဆီပါဝင္မႈ မရွိသေလာက္ နည္းလို႔ပါ။
(၉) ႂကြက္သားနဲ႔ နာ့ဗ္ေၾကာလုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစပါတယ္
နိုကိုဥအစိမ္းတစ္ခြက္မွာ ပိုတက္စီယမ္ တစ္ေန႔တာလိုအပ္တဲ့ ပမာဏရဲ့ ၁၄ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။ ပိုတက္စီယမ္ဟာ ႂကြက္သားနဲ႔ နာ့ဗ္ေၾကာလုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစပါတယ္။ ပိုတက္စီယမ္ဟာ ႂကြက္သားေတြရဲ့ ကာဗိုဟိုက္ဒရိတ္ သိုေလွာင္ၿပီး ေလာင္စာအျဖစ္ အသုံးျပဳမႈမွာ ကူညီေပးပါတယ္။
(၁၀) အာဟာရပါဝင္မႈ ျမင့္မားပါတယ္
နိုကိုဥမွာပါဝင္တဲ့ ကယ္လိုရီနဲ႔ယွဥ္ရင္ အာဟာရပါဝင္မႈ ျမင့္မားပါတယ္။ အာဟာရတန္ဖိုး ျမင့္မားစြာပါဝင္တာေၾကာင့္ တစ္ေန႔တာလိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္တခ်ိဳ႕ကို နိုကိုဥဟင္းစား႐ုံနဲ႔ ရရွိနိုင္ပါတယ္။
၎တြင္ပါဝင္ေသာ Oxalate သည္ ေက်ာက္တည္တတ္သျဖင့္ ေက်ာက္ကပ္ႏွင့္သည္းေျခအိတ္ ျပႆနာရွိသူမ်ား ေရွာင္ၾကည္သင့္ပါ သည္။ (crd)