ၾကားသိရသမွ်

အဖေနဲ့အမေကို တန်ဖိုးထားပြီး ချစ်ကြသောသားသမီးတိုင်း မျက်ရည်ဝဲတဲ့အထိ နက်ရှိုင်းလှတဲ့ စာ

အဖေနဲ့အမေကို တန်ဖိုးထားပြီး ချစ်ကြသောသားသမီးတိုင်း မျက်ရည်ဝဲတဲ့အထိ နက်ရှိုင်းလှတဲ့ စာ

ငါ ကျေနပ်ပါပြီ ငါ အိပ်ရာထဲလဲတဲ့အခါ မိုးလင်းတဲ့အခါ

ငယ်စဉ်ကလေ မင်းတို့ရဲ့ မျက်နှာနုလေးကို အေးမှာဆိုးလို့

ငါနေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ပေမဲ့ ငါ့ကိုတော့

ရေအေးနဲ့ သစ်ပေးရင်ပဲကျေနပ်ပါပြီ။

အစာကျွေးတဲ့အခါ ငယ်စဉ်ကလေ မင်းတို့ကြီးထွားရှင်သန်ဖို့

ဈေးကြီးတဲ့ အာဟာရမုန့်တွေ ငါဝအောင်ကျွေးခဲ့ပေမဲ့

ငါ့ကိုတော့ အစာကျေတဲ့ ဆန်ပြုတ်ကျဲလေးကျွေးရင်ပဲ ကျေနပ်ပါပြီ။

ငါအစားမဝင်တဲ့အခါ ငယ်စဉ်ကလေ ထမင်းတစ်ပန်းကန် စားကုန်ဖို့

အိမ်ရှေ့ အိမ်နောက်လှည့်ပတ်ပြေးလွား နာရီရှည်ကြာလို့

ငါမညောင်းခဲ့ပေမဲ့ ငါ့ကိုတော့ မိနစ်ပိုင်းလောက်

အားစိုက်ကျွေးရင်ပဲ ကျေနပ်ပါပြီ။

ငါအိပ်မပျော်တဲ့ အခါငယ်စဉ်ကလေ လေးထိုးလို့ ဖျားလို့ ဝမ်းလျှောလို့

ရောဂါစုံဖြစ်တတ်တဲ့ မင်းတို့တစ်တွေကို ပြုစုယုယရင်း

တစ်လ မအိပ်ရလို့လည်း ငါမငြီးငြူခဲ့ပေမဲ့ ဝေဒနာကြောင့်

အိပ်မပျော်တဲ့ငါ့ကို တစ်ရက် နှစ်ရက်သီးခံကြည့်ပေးရင်ဘဲ ကျေနပ်ပါပြီ။

ငါမထနိုင်တဲ့ အခါ ငယ်စဉ်ကလေ ရက်ပေါင်းများစွာ ချိုမိုင်မိုင်ဆိုပေးရင်း

လက်ကလေးတွေ သန်မာအောင် ကြိုးစားပေးခဲ့တဲ့ ငါ့ကို

မင်းတို့ လက်ကလေးတွေကို ခဏတာအသုံးချပြီး ထူပေးကြရင်ဘဲ ကျေနပ်ပါပြီ။

ငါတွေ့ချင်တဲ့အခါ ငယ်စဉ်ကလေ လပေါင်များစွာ ခြေကိုဖြောင့်စဉ်းပြီး

သီချင်းဆိုပေးရင်း ခြေထောက်လေးတွေ သန်မာအောင် နှိပ်နယ်ပေးခဲ့တဲ့

ငါဆီ မင်းတို့ ခြေထောက်လေးတွေ အသုံးချပြီး ခဏလာတွေ့ရင်ဘဲ ကျေနပ်ပါပြီ။

ငါမလှုပ်ရှားနိုင်တဲ့အခါ ငယ်စဉ်ကလေ နူးညံပေ့ဆိုတဲ့ အဝတ်အထည်နဲ့တောင်

နာမှာစိုးလို့ အသာအယာလေး ဝတ်ပေးခဲ့တဲ့ ငါ့ကို အရှက်လုံစွာ ဖုံးပေးရင်ပဲ ကျေနပ်ပါပြီ။

ငါထွက်သွားတဲ့အခါ ထိုအချိန်မှလေ ငါ့သား ငါ့သမီး ငါ့မြေးမြစ် တို့

နောင်တအမွေ မရစေချင်လို့ ပြုစုခွင့်ရတုန်း

ပြုစုနိုင်ကြဖို့ အခွင့်ပေးတာဝန်ကျေခဲ့ပါရစေ။

#credit

အေဖနဲ႔အေမကို တန္ဖိုးထားၿပီး ခ်စ္ၾကေသာသားသမီးတိုင္း မ်က္ရည္ဝဲတဲ့အထိ နက္ရႈိင္းလွတဲ့ စာ

ငါ ေက်နပ္ပါၿပီ ငါ အိပ္ရာထဲလဲတဲ့အခါ မိုးလင္းတဲ့အခါ

ငယ္စဥ္ကေလ မင္းတို႔ရဲ႕ မ်က္ႏွာႏုေလးကို ေအးမွာဆိုးလို႔

ငါေန႔စဥ္ ေရေႏြးနဲ႔ သစ္ေပးခဲ့ေပမဲ့ ငါ့ကိုေတာ့

ေရေအးနဲ႔ သစ္ေပးရင္ပဲေက်နပ္ပါၿပီ။

အစာေကြၽးတဲ့အခါ ငယ္စဥ္ကေလ မင္းတို႔ႀကီးထြားရွင္သန္ဖို႔

ေစ်းႀကီးတဲ့ အာဟာရမုန္႔ေတြ ငါဝေအာင္ေကြၽးခဲ့ေပမဲ့

ငါ့ကိုေတာ့ အစာေက်တဲ့ ဆန္ျပဳတ္က်ဲေလးေကြၽးရင္ပဲ ေက်နပ္ပါၿပီ။

ငါအစားမဝင္တဲ့အခါ ငယ္စဥ္ကေလ ထမင္းတစ္ပန္းကန္ စားကုန္ဖို႔

အိမ္ေရွ႕ အိမ္ေနာက္လွည့္ပတ္ေျပးလြား နာရီရွည္ၾကာလို႔

ငါမေညာင္းခဲ့ေပမဲ့ ငါ့ကိုေတာ့ မိနစ္ပိုင္းေလာက္

အားစိုက္ေကြၽးရင္ပဲ ေက်နပ္ပါၿပီ။

ငါအိပ္မေပ်ာ္တဲ့ အခါငယ္စဥ္ကေလ ေလးထိုးလို႔ ဖ်ားလို႔ ဝမ္းေလွ်ာလို႔

ေရာဂါစုံျဖစ္တတ္တဲ့ မင္းတို႔တစ္ေတြကို ျပဳစုယုယရင္း

တစ္လ မအိပ္ရလို႔လည္း ငါမၿငီးျငဴခဲ့ေပမဲ့ ေဝဒနာေၾကာင့္

အိပ္မေပ်ာ္တဲ့ငါ့ကို တစ္ရက္ ႏွစ္ရက္သီးခံၾကည့္ေပးရင္ဘဲ ေက်နပ္ပါၿပီ။

ငါမထႏိုင္တဲ့ အခါ ငယ္စဥ္ကေလ ရက္ေပါင္းမ်ားစြာ ခ်ိဳမိုင္မိုင္ဆိုေပးရင္း

လက္ကေလးေတြ သန္မာေအာင္ ႀကိဳးစားေပးခဲ့တဲ့ ငါ့ကို

မင္းတို႔ လက္ကေလးေတြကို ခဏတာအသုံးခ်ၿပီး ထူေပးၾကရင္ဘဲ ေက်နပ္ပါၿပီ။

ငါေတြ႕ခ်င္တဲ့အခါ ငယ္စဥ္ကေလ လေပါင္မ်ားစြာ ေျခကိုေျဖာင့္စဥ္းၿပီး

သီခ်င္းဆိုေပးရင္း ေျခေထာက္ေလးေတြ သန္မာေအာင္ ႏွိပ္နယ္ေပးခဲ့တဲ့

ငါဆီ မင္းတို႔ ေျခေထာက္ေလးေတြ အသုံးခ်ၿပီး ခဏလာေတြ႕ရင္ဘဲ ေက်နပ္ပါၿပီ။

ငါမလႈပ္ရွားႏိုင္တဲ့အခါ ငယ္စဥ္ကေလ ႏူးညံေပ့ဆိုတဲ့ အဝတ္အထည္နဲ႔ေတာင္

နာမွာစိုးလို႔ အသာအယာေလး ဝတ္ေပးခဲ့တဲ့ ငါ့ကို အရွက္လုံစြာ ဖုံးေပးရင္ပဲ ေက်နပ္ပါၿပီ။

ငါထြက္သြားတဲ့အခါ ထိုအခ်ိန္မွေလ ငါ့သား ငါ့သမီး ငါ့ေျမးျမစ္ တို႔

ေနာင္တအေမြ မရေစခ်င္လို႔ ျပဳစုခြင့္ရတုန္း

ျပဳစုႏိုင္ၾကဖို႔ အခြင့္ေပးတာဝန္ေက်ခဲ့ပါရေစ။

#credit