ၾကားသိရသမွ်

လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာအေရးနဲ႕ပတ္သက္ၿပီး ကုလသမဂၢထံသို႕ အကူအညီေတာင္းခံလိ္ုက္တဲ့ အလွမယ္ဟန္ေလး

Miss Grand Myanmar 2020” အလွမယ္ ဟန္ေလးဟာ ျမန္မာနိုင္ငံ က ျပည္သူေတြ ကို ရက္စက္မႈ ေတြကေန ကယ္တင္ဖို႔ နိုင္ငံတကာ အသိုက္အဝန္းဆီ မတ္လ ၃၁ ရက္ေန႔က ေတာင္းဆိုလိုက္ပါတယ္။ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္ေန႔တုန္းက ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ အလွမယ္ ေရြးခ်ယ္ပြဲ ေနာက္ဆုံး ဖိုင္နယ္မွာ ဆန္ခါတင္ အေယာက္ ၂၀ စာရင္းအထိ ပါဝင္ခဲ့တဲ့ အလွမယ္ ဟန္ေလးဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ဆႏၵျပပြဲ အေၿခ အေနေတြ ကို ၿပိဳင္ပြဲ စင္ျမင့္ထက္မွာ ကမၻာသိေအာင္ ထုတ္ေဖာ္ ေျပာဆို ခဲ့ၿပီးတဲ့ ေနာက္ လူေျပာမ်ားလာခဲ့သူ ျဖစ္ပါတယ္။ျမန္မာစစ္တပ္ဟာ ျပည္သူေတြအေပၚ အၾကမ္းဖက္မႈနဲ႔ အသုံးခ်ေနတာေတြကို ရပ္ သင့္တယ္ လို႔ အလွမယ္ ဟန္ေလးက ေျပာဆိုခဲ့ၿပီး၊ အဲဒီ ေျပာခဲ့တဲ့ စကားေတြ ေၾကာင့္ သူျမန္မာျပည္ကို ျပန္တဲ့အခါ သူကိုယ္တိုင္နဲ႔ သူ႔ရဲ့ မိသားစု ျပစ္ဒဏ္ ေပးခဲ့ရနိုင္ေခ် ရွိေနတယ္ လို႔လည္း ဆိုၾက ပါတယ္။

အလွမယ္ ဟန္ေလးက ေနာက္ဆုံးၿပိဳင္ပြဲ စင္ေပၚကို မတက္ခင္မွာ သူ႔ရဲ့နိုင္ငံသား ေတြက ျမန္မာနိုင္ငံကို ကူညီရန္ နိုင္ငံတကာ အသိုက္အ ဝန္း ထံ အကူအညီ ေတာင္းခံေပးဖို႔ အဲဒီ အခ်ိန္အခါကို အသုံးခ်သင့္တယ္လို႔ ေတာင္းဆိုမႈေတြ ရွိခဲ့တဲ့အေၾကာင္း ၿပီးခဲ့တဲ့ မတ္လ ၃၁ ရက္ ေန႔မွာ ျပန္ေျပာျပခဲ့ပါတယ္။ဟန္ေလးက “သူတို႔က မင္းစင္ေပၚကို ေရာက္တဲ့ အခ်ိန္မွာ ဒီမိုကေရစီ အတြက္ ေက်းဇူးျပဳၿပီး ေတာင္းဆိုေပးနိုင္မလားလို႔ ေမးၾကတယ္။ က်မက ဟုတ္ကဲ့ က်မ ေတာင္းဆိုေပးပါ့မယ္။ က်မက စင္ေပၚမွာရပ္ၿပီး က်မ ထုတ္ေဖာ္ေျပာဆိုေပးပါ့မယ္” လို႔ မ်က္ရည္ သုတ္ရင္း ေျပာ ခဲ့ပါတယ္။ၿပီးခဲ့တဲ့ ေနာက္ဆုံးၿပိဳင္ပြဲမွာ သူ႔ရဲ့ ေျပာစကားနဲ႔ ပတ္သက္ လို႔ သူ႔ရဲ့ မိသားစု အေျခအေနကို လူေတာ္ေတာ္ မ်ားမ်ားက စိုးရိမ္ေၾကာင္း ထုတ္ ေဖာ္ ေျပာဆိုခဲ့ ေပမယ့္ သူ႔ရဲ့ မိသားစုနဲ႔ မတ္လ ၃၀ ရက္ေန႔မွာ ဆက္သြယ္နိုင္ခဲ့ၿပီး သူတို႔ေတြ ေဘးကင္းၾကတယ္ လို႔ ဟန္ေလးက ဆိုပါတယ္။

ဟန္ေလးက “အေရးယူလုပ္ေဆာင္ဖို႔ ဘာေတြ ေစာင့္ဆိုင္း ေနတာလဲလို႔ ကုလသမဂၢကို က်မ ေျပာခ်င္ပါတယ္။ ဒါေၾကာင့္ပဲ ျမန္မာနိုင္ငံမွာ လူေတာ္ေတာ္မ်ားမ်ား ေသခဲ့ရပါၿပီ။ လုပ္ဖို႔အတြက္ အေရးအႀကီးဆုံး အရာကေတာ့ လူသားဆန္မႈအေၾကာင္း စဥ္းစားၿပီး ေက်းဇူ းျပဳၿပီး ခ်က္ခ်င္း အေရးယူေပးဖို႔ပါပဲ” လို႔ ဆိုပါတယ္။အေမရိကန္နိုင္ငံရဲ့ ပါဝင္ ပတ္သက္မႈကို ေမၽွာ္လင့္ ေနပါသလားလို႔ အေမရိကန္ ဂ်ာနယ္လစ္တဦးရဲ့ ေမးျမန္းမႈကိုေတာ့ ဟန္ေလးက “လူ ေတာ္ေတာ္မ်ားမ်ား ေသခဲ့ရၿပီးပါၿပီ။ နိုင္ငံတကာ အသိုက္အဝန္းက အေရးတႀကီး ၾကားဝင္ေပး သင့္ပါတယ္”လို႔ ျပန္လည္ ေျဖၾကားခဲ့ပါ တယ္။

 

Crd GM Media

Miss Grand Myanmar 2020” အလှမယ် ဟန်လေးဟာ မြန်မာနိုင်ငံ က ပြည်သူတွေ ကို ရက်စက်မှု တွေကနေ ကယ်တင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းဆီ မတ်လ ၃၁ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အလှမယ် ရွေးချယ်ပွဲ နောက်ဆုံး ဖိုင်နယ်မှာ ဆန်ခါတင် အယောက် ၂၀ စာရင်းအထိ ပါဝင်ခဲ့တဲ့ အလှမယ် ဟန်လေးဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြပွဲ အခြေ အနေတွေ ကို ပြိုင်ပွဲ စင်မြင့်ထက်မှာ ကမ္ဘာသိအောင် ထုတ်ဖော် ပြောဆို ခဲ့ပြီးတဲ့ နောက် လူပြောများလာခဲ့သူ ဖြစ်ပါတယ်။မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ အသုံးချနေတာတွေကို ရပ် သင့်တယ် လို့ အလှမယ် ဟန်လေးက ပြောဆိုခဲ့ပြီး၊ အဲဒီ ပြောခဲ့တဲ့ စကားတွေ ကြောင့် သူမြန်မာပြည်ကို ပြန်တဲ့အခါ သူကိုယ်တိုင်နဲ့ သူ့ရဲ့ မိသားစု ပြစ်ဒဏ် ပေးခဲ့ရနိုင်ချေ ရှိနေတယ် လို့လည်း ဆိုကြ ပါတယ်။

အလှမယ် ဟန်လေးက နောက်ဆုံးပြိုင်ပွဲ စင်ပေါ်ကို မတက်ခင်မှာ သူ့ရဲ့နိုင်ငံသား တွေက မြန်မာနိုင်ငံကို ကူညီရန် နိုင်ငံတကာ အသိုက်အ ဝန်း ထံ အကူအညီ တောင်းခံပေးဖို့ အဲဒီ အချိန်အခါကို အသုံးချသင့်တယ်လို့ တောင်းဆိုမှုတွေ ရှိခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ မတ်လ ၃၁ ရက် နေ့မှာ ပြန်ပြောပြခဲ့ပါတယ်။ဟန်လေးက “သူတို့က မင်းစင်ပေါ်ကို ရောက်တဲ့ အချိန်မှာ ဒီမိုကရေစီ အတွက် ကျေးဇူးပြုပြီး တောင်းဆိုပေးနိုင်မလားလို့ မေးကြတယ်။ ကျမက ဟုတ်ကဲ့ ကျမ တောင်းဆိုပေးပါ့မယ်။ ကျမက စင်ပေါ်မှာရပ်ပြီး ကျမ ထုတ်ဖော်ပြောဆိုပေးပါ့မယ်” လို့ မျက်ရည် သုတ်ရင်း ပြော ခဲ့ပါတယ်။ပြီးခဲ့တဲ့ နောက်ဆုံးပြိုင်ပွဲမှာ သူ့ရဲ့ ပြောစကားနဲ့ ပတ်သက် လို့ သူ့ရဲ့ မိသားစု အခြေအနေကို လူတော်တော် များများက စိုးရိမ်ကြောင်း ထုတ် ဖော် ပြောဆိုခဲ့ ပေမယ့် သူ့ရဲ့ မိသားစုနဲ့ မတ်လ ၃၀ ရက်နေ့မှာ ဆက်သွယ်နိုင်ခဲ့ပြီး သူတို့တွေ ဘေးကင်းကြတယ် လို့ ဟန်လေးက ဆိုပါတယ်။

ဟန်လေးက “အရေးယူလုပ်ဆောင်ဖို့ ဘာတွေ စောင့်ဆိုင်း နေတာလဲလို့ ကုလသမဂ္ဂကို ကျမ ပြောချင်ပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ လူတော်တော်များများ သေခဲ့ရပါပြီ။ လုပ်ဖို့အတွက် အရေးအကြီးဆုံး အရာကတော့ လူသားဆန်မှုအကြောင်း စဉ်းစားပြီး ကျေးဇူ းပြုပြီး ချက်ချင်း အရေးယူပေးဖို့ပါပဲ” လို့ ဆိုပါတယ်။အမေရိကန်နိုင်ငံရဲ့ ပါဝင် ပတ်သက်မှုကို မျှော်လင့် နေပါသလားလို့ အမေရိကန် ဂျာနယ်လစ်တဦးရဲ့ မေးမြန်းမှုကိုတော့ ဟန်လေးက “လူ တော်တော်များများ သေခဲ့ရပြီးပါပြီ။ နိုင်ငံတကာ အသိုက်အဝန်းက အရေးတကြီး ကြားဝင်ပေး သင့်ပါတယ်”လို့ ပြန်လည် ဖြေကြားခဲ့ပါ တယ်။

Crd GM Media