က်မၼာေရး ဗဟုသုတ

ဆေးဘက်ဝင် ဂုံခါး၏ အရွက် အမြစ်အရိုးတို့၏အသုံးဝင်ပုံများ

ဆေးဘက်ဝင် ဂုံခါး၏ အရွက် အမြစ်အရိုးတို့၏အသုံးဝင်ပုံများ

ဂုံခါးသည် နွယ်ပင်ဖြစ်၏၊ နွယ်တွင် အမွှေး များရှိသည်၊

ကြီးရင့်သောအကိုင်းများသည် ခြေသလုံးအရွယ်ပင်ရှိသည်၊

အရွက်သည် ဗျက်ကျယ်သော နှလုံးပုံရှိကာ အဖျားသွယ်သည်၊

အရွက်အရောင် အဖြူရောင်အနဲငယ်စွတ်သည်၊

အဖြူရောင်မွှေးများအောက်ဖက်တွင်ဖုံးထားသည်။

ရွက်ထီးရွက်ဆိုင်ထွက်သည်၊ အဖြူရောင်ပန်းလေးများပွင့်သည်၊

ဟင်းချိုချက်သော ဂုံပင် ခေါ် ဂုံချိုပင်ကမူ အဝါရောင်ဖြော့ဖြော့ပန်းလေးတွေပွင့်သည်

အရွက်က အနဲငယ်သွယ်ပြီး ovate or elliptic ရှိသည်

ဆေးဝင်သည့် အမြစ် အရွက်..

ပူ၏ ခါး၏ စပ်၏ ချို၏ ဝမ်းမီးကိုတောက်စေ၏ အစာကြေစေ၏

လေသလိပ်ကို နိုင်၏ လူကို ဝဖြိုးစေ၏ ဒူလာသရော ပါဒရက် ရောဂါများပျောက်စေ၏

ကာမအားတိုးစေပြီး ရသာယန အသက်ရှည်စေဖသာအပင်ဖြစ်သည်၊

ဆေးဘက်ဝင်ပုံ

၁။ သားသည်မိခင်များ နိုထွက်နည်းလျှင် အရွက်ကို ဟင်းချိုသောက်လျှင် နို့ရွှင်စေသည်။

၂။ နှလုံးအားနည်းသောရောဂါများအတွက် အမြစ်ကို

၃ခွက်တခွက်တင်ပြုတ်ရည်ပြု၍ တနေ့၂ကြိမ်သောက်ပါက သက်သာစေသည်။

၃။ မှတ်ဥာဏ်အားနည်းသောရောဂါ အတွက် အမြစ်ကို ရှဉ့်မတက်ဥ နှင့်ရောကြိတ်၍

ထောပတ် ပျားရည် များဖြင့် သောက်ပါက မှတ်ဥာဏ်တိုးတက်ကောင်းမွန်စေသည်။

အရိုး-အရွက်-အပွင့်-အမြစ် ပဉ္စငါးပါး လုံးခါးသည်။

အရွက်-အပွင့်-အမြစ်များကိုအဖျားဖြတ်ဆေးများတွင်၄င်း-လျှာပွတ်ဆေးများတွင်၄င်း အသုံးပြုကြသည်။

ဆေးအဘိဓာန်များတွင်

ဂုံခါးရွက်သည် အဆိပ်အတောက်များကို၄င်း အဖျားနာ-ငှက် ဖျားနာများကိုနိင်သည်။

အပွင့်သည် သွေးချောက်၍ကြုံလှီသောအနာ-ချောင်းဆိုးနာ ဆာလောင်သောအနာ-ချွေးထွက်နည်းသော အနာတို့ကိုနိုင်သည်။

အမြစ်သည် ကျောတင်းသောအနာ-ဝမ်းပြည့်နာ-ဝမ်း၌အလုံးရှိသောအနာကိုနိုင်၏။

အဆိပ်အတောက်နှင့်အဖျားတို့ပယ်ဖျောက်စေတတ်၏။

သွေး သည်ခြေ သလိပ်နာ-လည်ချောင်းနာလျှာနာ-အာခြောက်သွေ့သောအနာတို့ကိုနိုင်၏ဟုဖွင့်ဆိုသည်။

Zawgyi

ဂုံခါးသည္ ႏြယ္ပင္ျဖစ္၏၊ ႏြယ္တြင္ အေမႊး မ်ားရွိသည္၊

ႀကီးရင့္ေသာအကိုင္းမ်ားသည္ ေျခသလုံးအ႐ြယ္ပင္ရွိသည္၊

အ႐ြက္သည္ ဗ်က္က်ယ္ေသာ ႏွလုံးပုံရွိကာ အဖ်ားသြယ္သည္၊

အ႐ြက္အေရာင္ အျဖဴေရာင္အနဲငယ္စြတ္သည္၊

အျဖဴေရာင္ေမႊးမ်ားေအာက္ဖက္တြင္ဖုံးထားသည္။

႐ြက္ထီး႐ြက္ဆိုင္ထြက္သည္၊ အျဖဴေရာင္ပန္းေလးမ်ားပြင့္သည္၊

ဟင္းခ်ိဳခ်က္ေသာ ဂုံပင္ ေခၚ ဂုံခ်ိဳပင္ကမူ အဝါေရာင္ေျဖာ့ေျဖာ့ပန္းေလးေတြပြင့္သည္

အ႐ြက္က အနဲငယ္သြယ္ၿပီး ovate or elliptic ရွိသည္

ေဆးဝင္သည့္ အျမစ္ အ႐ြက္..

ပူ၏ ခါး၏ စပ္၏ ခ်ိဳ၏ ဝမ္းမီးကိုေတာက္ေစ၏ အစာေၾကေစ၏

ေလသလိပ္ကို နိုင္၏ လူကို ဝၿဖိဳးေစ၏ ဒူလာသေရာ ပါဒရက္ ေရာဂါမ်ားေပ်ာက္ေစ၏

ကာမအားတိုးေစၿပီး ရသာယန အသက္ရွည္ေစဖသာအပင္ျဖစ္သည္၊

ေဆးဘက္ဝင္ပုံ

၁။ သားသည္မိခင္မ်ား နိုထြက္နည္းလွ်င္ အ႐ြက္ကို ဟင္းခ်ိဳေသာက္လွ်င္ နို႔႐ႊင္ေစသည္။

၂။ ႏွလုံးအားနည္းေသာေရာဂါမ်ားအတြက္ အျမစ္ကို

၃ခြက္တခြက္တင္ျပဳတ္ရည္ျပဳ၍ တေန႕၂ႀကိမ္ေသာက္ပါက သက္သာေစသည္။

၃။ မွတ္ဥာဏ္အားနည္းေသာေရာဂါ အတြက္ အျမစ္ကို ရွဥ့္မတက္ဥ ႏွင့္ေရာႀကိတ္၍

ေထာပတ္ ပ်ားရည္ မ်ားျဖင့္ ေသာက္ပါက မွတ္ဥာဏ္တိုးတက္ေကာင္းမြန္ေစသည္။

အရိုး-အ႐ြက္-အပြင့္-အျမစ္ ပၪၥငါးပါး လုံးခါးသည္။

အ႐ြက္-အပြင့္-အျမစ္မ်ားကိုအဖ်ားျဖတ္ေဆးမ်ားတြင္၄င္း-လွ်ာပြတ္ေဆးမ်ားတြင္၄င္း အသုံးျပဳၾကသည္။

ေဆးအဘိဓာန္မ်ားတြင္

ဂုံခါး႐ြက္သည္ အဆိပ္အေတာက္မ်ားကို၄င္း အဖ်ားနာ-ငွက္ ဖ်ားနာမ်ားကိုနိင္သည္။

အပြင့္သည္ ေသြးေခ်ာက္၍ႀကဳံလွီေသာအနာ-ေခ်ာင္းဆိုးနာ ဆာေလာင္ေသာအနာ-ေခြၽးထြက္နည္းေသာ အနာတို႔ကိုနိုင္သည္။

အျမစ္သည္ ေက်ာတင္းေသာအနာ-ဝမ္းျပည့္နာ-ဝမ္း၌အလုံးရွိေသာအနာကိုနိုင္၏။

အဆိပ္အေတာက္ႏွင့္အဖ်ားတို႔ပယ္ေဖ်ာက္ေစတတ္၏။

ေသြး သည္ေျခ သလိပ္နာ-လည္ေခ်ာင္းနာလွ်ာနာ-အာေျခာက္ေသြ႕ေသာအနာတို႔ကိုနိုင္၏ဟုဖြင့္ဆိုသည္။