က်မၼာေရး ဗဟုသုတ

ဒီလိုလက္ခဏာတွေပြနေရင်တော့သင့်အဆုတ်ကိုဆရာဝန်နဲ့အမြန်ဆုံးစစ်ဆေးသင်ပါပြီ

ဒီလိုလက္ခဏာတွေပြနေရင်တော့သင့်အဆုတ်ကိုဆရာဝန်နဲ့အမြန်ဆုံးစစ်ဆေးသင်ပါပြီ

ခေတ်ကတိုးတက်လာပြီး လူသားအရင်းအမြစ်ကများပြားလာတဲ့အချိန်မှာ

သန့်စင်တဲ့လေထုကလည်း ရှားသထက်ရှားပါးလာပါတယ်။

ဒီတော့ လူသားတွေရဲ့အဆုတ်ကို ပိုပိုပြီး ထိခိုက်လာစေပါတယ်။

အဆုတ်ထိခိုက်ပျက်စီးနေတဲ့ထဲမှာ သင်ပါနေပြီဆိုတာကိုတော့ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။

ဒါတွေဖြစ်လာရင် မပေါ့ဆဘဲ ဆေးစစ်ကုသမှုခံယူပြီး အဆုတ်ကိုသေချာဂရုစိုက်သင့်ပါတယ်။

ပခုံးနဲ့နောက်ကျောနာကျင်ကိုက်ခဲခြင်း – နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်နေရာတွေမှာ

တစ်ချက်တစ်ချက်စူးပြီးနာတာမျိုး ဆက်တိုက်ဖြစ်နေရင် အဆုတ်ကင်ဆာ အစပြုခြင်းလို့ ယူဆနိုင်ပါတယ်။

ဒီလိုနာကျင် ကိုက်ခဲတာတွေက အဆုတ်ကင်ဆာကြောင့်လို့ တစ်ထစ်ချပြောလို့မရပေမယ့်

ပုံမှန်ကျန်းမာရေးကောင်းနေတဲ့လက္ခဏာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့ပြပြီးစစ်ဆေးကြည့်တာ ပိုကောင်းပါလိမ့်မယ်။

အဆက်မပြတ် ချောင်းဆိုးခြင်း – ချောင်းဆိုးတာက အအေးမိလို့လည်းဖြစ်နိုင်ပေမယ့် အဆက်မပြတ် ချောင်းဆိုးမယ်၊

ချွဲကျပ်မယ်၊ ချွဲအရောင်ကပုံမှန်မဟုတ်တဲ့အရောင်မျိုးဖြစ်မယ်၊ အနံ့အသက်ဆိုးတွေထွက်နေမယ် ဆိုရင်တော့

ဒါတွေဟာ အဆုတ်မှာရောဂါတစ်ခုခုဖြစ်နေတဲ့လက္ခဏာပါ။ ချောင်းဆိုးတဲ့အချိန် သွေးပါတယ်ဆိုရင်တော့

ဆရာဝန်နဲ့ချက်ချင်းပြဖို့လိုနေတဲ့ အရေးပေါ်အခြေအနေမျိုးဖြစ်နေပါပြီ။

အသက်ရှူရတိုတောင်းခြင်း – အသက်ရှူသွင်းတဲ့အခါ အဆုတ်ထဲအထိရှူသွင်းလို့မရဘဲ လေကပြန်ထွက်သွားပြီး

ရှူထုတ်လိုက်တဲ့အခါမှာလည်း ခန္ဓာကိုယ်ထဲကထွက်လာတဲ့ လေကုန်သည်အထိရှူထုတ်လို့မရဘဲ ဖြစ်နေရင်

ဒါကို အသက်ရှူရတိုတောင်းတယ်လို့ပြောလို့ရပါတယ်။ အဲ့ဒီလိုဖြစ်နေတဲ့အခါ အဆုတ်ထဲကို

အော်စီဂျင်ရောက်ရှိမှုနည်းလာပြီး မောဟိုက်နေစေပါတယ်။ ဒါကလည်း အဆုတ်မကောင်းတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

အသားနဲ့မျက်လုံးဝါနေခြင်း – အသားအရောင်နဲ့ မျက်လုံးအရောင်က ပုံမှန်မဟုတ်ဘဲ

အနည်းငယ်ဝါနေတာမျိုးကို အဆုတ်မကောင်းတဲ့လက္ခဏာလို့ သိတဲ့သူနည်းပါတယ်။ အသားဝါ၊

မျက်လုံးဝါရင် အသည်းကြောင့်လို့ပဲထင်ကြတာပါ။ တကယ်တော့ ဒါဟာ အဆုတ်ကင်ဆာရဲ့လက္ခဏာတစ်ခုပါ။

အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့ အသားဝါ၊မျက်လုံးဝါတာ တွဲပြီးဖြစ်နေပြီဆိုရင်တော့ အဆုတ်ကင်ဆာဖြစ်နိုင်ချေများနေပါတယ်။

ဒါကြောင့် ဒီလိုတွေဖြစ်နေရင် ချက်ချင်းဆေးစစ်ဖို့လိုပါတယ်။

အမြဲလိုလို မောပန်းနွမ်းနယ်နေခြင်း – အလုပ်လုပ်ရလို့၊ သွားလာလှုပ်ရှားနေရလို့ ပင်ပန်းတာက သဘာဝပါပဲ။

ဒီလိုမဟုတ်ဘဲ အိပ်ရေးဝဝအိပ်လည်းပင်ပန်း၊ ဘာမှမလုပ်ဘဲနေလည်းပင်ပန်း၊

ပင်ပန်းနေလို့အစားစားချင်စိတ်ရှိလားဆိုတော့လည်းမရှိ၊

ဒါမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ အဆုတ်မှာပြဿနာတစ်ခုခုရှိနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

Zawgyi

ေခတ္ကတိုးတက္လာၿပီး လူသားအရင္းအျမစ္ကမ်ားျပားလာတဲ့အခ်ိန္မွာ

သန႔္စင္တဲ့ေလထုကလည္း ရွားသထက္ရွားပါးလာပါတယ္။

ဒီေတာ့ လူသားေတြရဲ႕အဆုတ္ကို ပိုပိုၿပီး ထိခိုက္လာေစပါတယ္။

အဆုတ္ထိခိုက္ပ်က္စီးေနတဲ့ထဲမွာ သင္ပါေနၿပီဆိုတာကိုေတာ့ ဒီအခ်က္ေတြကိုၾကည့္ၿပီးသိနိုင္ပါတယ္။

ဒါေတြျဖစ္လာရင္ မေပါ့ဆဘဲ ေဆးစစ္ကုသမႈခံယူၿပီး အဆုတ္ကိုေသခ်ာဂ႐ုစိုက္သင့္ပါတယ္။

ပခုံးနဲ႕ေနာက္ေက်ာနာက်င္ကိုက္ခဲျခင္း ေနာက္ေက်ာ၊ ပခုံးနဲ႕ ရင္ဘတ္ေနရာေတြမွာ

တစ္ခ်က္တစ္ခ်က္စူးၿပီးနာတာမ်ိဳး ဆက္တိုက္ျဖစ္ေနရင္ အဆုတ္ကင္ဆာ အစျပဳျခင္းလို႔ ယူဆနိုင္ပါတယ္။

ဒီလိုနာက်င္ ကိုက္ခဲတာေတြက အဆုတ္ကင္ဆာေၾကာင့္လို႔ တစ္ထစ္ခ်ေျပာလို႔မရေပမယ့္

ပုံမွန္က်န္းမာေရးေကာင္းေနတဲ့လကၡဏာေတာ့မဟုတ္တာေၾကာင့္ ဆရာဝန္နဲ႕ျပၿပီးစစ္ေဆးၾကည့္တာ ပိုေကာင္းပါလိမ့္မယ္။

အဆက္မျပတ္ ေခ်ာင္းဆိုးျခင္း ေခ်ာင္းဆိုးတာက အေအးမိလို႔လည္းျဖစ္နိုင္ေပမယ့္ အဆက္မျပတ္ ေခ်ာင္းဆိုးမယ္၊

ခြၽဲက်ပ္မယ္၊ ခြၽဲအေရာင္ကပုံမွန္မဟုတ္တဲ့အေရာင္မ်ိဳးျဖစ္မယ္၊ အနံ႕အသက္ဆိုးေတြထြက္ေနမယ္ ဆိုရင္ေတာ့

ဒါေတြဟာ အဆုတ္မွာေရာဂါတစ္ခုခုျဖစ္ေနတဲ့လကၡဏာပါ။ ေခ်ာင္းဆိုးတဲ့အခ်ိန္ ေသြးပါတယ္ဆိုရင္ေတာ့

ဆရာဝန္နဲ႕ခ်က္ခ်င္းျပဖို႔လိုေနတဲ့ အေရးေပၚအေျခအေနမ်ိဳးျဖစ္ေနပါၿပီ။

အသက္ရႉရတိုေတာင္းျခင္း အသက္ရႉသြင္းတဲ့အခါ အဆုတ္ထဲအထိရႉသြင္းလို႔မရဘဲ ေလကျပန္ထြက္သြားၿပီး

ရႉထုတ္လိုက္တဲ့အခါမွာလည္း ခႏၶာကိုယ္ထဲကထြက္လာတဲ့ ေလကုန္သည္အထိရႉထုတ္လို႔မရဘဲ ျဖစ္ေနရင္

ဒါကို အသက္ရႉရတိုေတာင္းတယ္လို႔ေျပာလို႔ရပါတယ္။ အဲ့ဒီလိုျဖစ္ေနတဲ့အခါ အဆုတ္ထဲကို

ေအာ္စီဂ်င္ေရာက္ရွိမႈနည္းလာၿပီး ေမာဟိုက္ေနေစပါတယ္။ ဒါကလည္း အဆုတ္မေကာင္းတဲ့ လကၡဏာတစ္ရပ္ပါပဲ။

အသားနဲ႕မ်က္လုံးဝါေနျခင္း အသားအေရာင္နဲ႕ မ်က္လုံးအေရာင္က ပုံမွန္မဟုတ္ဘဲ

အနည္းငယ္ဝါေနတာမ်ိဳးကို အဆုတ္မေကာင္းတဲ့လကၡဏာလို႔ သိတဲ့သူနည္းပါတယ္။ အသားဝါ၊

မ်က္လုံးဝါရင္ အသည္းေၾကာင့္လို႔ပဲထင္ၾကတာပါ။ တကယ္ေတာ့ ဒါဟာ အဆုတ္ကင္ဆာရဲ႕လကၡဏာတစ္ခုပါ။

အေပၚမွာေျပာခဲ့တဲ့အခ်က္ေတြနဲ႕ အသားဝါ၊မ်က္လုံးဝါတာ တြဲၿပီးျဖစ္ေနၿပီဆိုရင္ေတာ့ အဆုတ္ကင္ဆာျဖစ္နိုင္ေခ်မ်ားေနပါတယ္။

ဒါေၾကာင့္ ဒီလိုေတြျဖစ္ေနရင္ ခ်က္ခ်င္းေဆးစစ္ဖို႔လိုပါတယ္။

အၿမဲလိုလို ေမာပန္းႏြမ္းနယ္ေနျခင္း အလုပ္လုပ္ရလို႔၊ သြားလာလႈပ္ရွားေနရလို႔ ပင္ပန္းတာက သဘာဝပါပဲ။

ဒီလိုမဟုတ္ဘဲ အိပ္ေရးဝဝအိပ္လည္းပင္ပန္း၊ ဘာမွမလုပ္ဘဲေနလည္းပင္ပန္း၊

ပင္ပန္းေနလို႔အစားစားခ်င္စိတ္ရွိလားဆိုေတာ့လည္းမရွိ၊

ဒါမ်ိဳးေတြျဖစ္ေနတယ္ဆိုရင္ေတာ့ အဆုတ္မွာျပႆနာတစ္ခုခုရွိေနျခင္းေၾကာင့္ျဖစ္နိုင္ပါတယ္။