ဗဟုသုတ
ယောက်ျားများ၏ ချစ်ခင်မှု့စွဲလန်းမှု့များရလေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ အထင်ကရမှဲ့(၇)မျိုး…
အမျိုးသမီးများတွင်ရှိသော ထင်ရှားသော မှဲ့(၇)မျိုး ကို ဖော်ပြပေးလိုက်ပါတယ် …။
ရတနာဆံ ကျစ်လို့ခေါ်တဲ့ မှဲ့ရယ်၊ ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်၊ မျက်ရည်ခံမှဲ့ရယ်၊ ဘယ်ဘက်မျက်ရည်ခံမှဲ့(ညာရယ် နှုတ်တဆိတ် ဆိုတဲ့မှဲ့ရယ်)၊ ရွှေပိတုန်းစုပ် ဆိုတဲ့မှဲ့ရယ်၊ စံပယ်တင်(ညာဘက်)မှဲ့ရယ် ဆိုပြီးအမျိုးသမီးတွေ အတွက်အထင်ကရ မှဲ့(၇)မျိုး ရှိပါတယ် …။
အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို၇တနာရွှေအိုး လို့ခေါ်ပါတယ်။ အဲဒီမှဲ့ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်၀ ချမ်းသာလေ့ရှိတယ်၊ နာမည်ဂုဏ်သတင်း ကျော်ကြား တတ်ပါတယ် …။
နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းထဲ ကျနေရင်လည်းခနပဲ …။
မုချကြီးပွားချမ်း သာမယ့်သူတွေဖြစ်တယ်။ အဲဒီလို ရတနာရွှေအိုးမှဲ့ ပါနေတဲ့ အမျိုးသမီးတွေဟာ ကျော်နီပတ္တမြားစိန်နှစ် သက်ရာ တစ်ခုခုကို လက်သူကြွယ်မှာ ဝတ်ဆင်ထား ရင်ထူးထူးခြားခြားကံမြင့်မားမယ် …။
နောက်တစ်ခုက နဖူးရဲ့ဘယ်ဘက်မှာ ထင်ထင်ရှားရှားမှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလိုမှဲ့ရှိတဲ့ အမျိုးသမီးတွေ ကြတော့ပစ္စည်း ဥစ္စာကြွယ်ဝချမ်းသာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်တတ်ကြတယ် ။
နောက်ပြီး သားကောင်းသမီးကောင် တွေထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက်ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ်
ဘာသာရေးဆိုရင်လည်း အရမ်းစိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘဝတွင် ဘာသာတရား လိုက်စားမယ်ဆိုရင် တရားထူး တရားမြတ်တောင် ရနိုင်တယ်လို့ အဆိုရှိပါတယ် …။
နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်း နဲ့အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီးရှိနေ တယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည် ခံမှဲ့လို့ခေါ်တယ်။
ဘယ်လောက်ပဲ ငွေကြေးတွေ စည်းစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်၊ သောကများမယ်၊ ငယ်စဉ်ကလေးဘဝကတည်းက ကြန်းတမ်းတဲ့ ဘဝခရီးကို အကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်ပါတယ် …။
နောက်ပြီး အိမ်ထောင်ဆက် လဲများတတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆို ရင်လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကို လည်းမဝတ်သင့်ဘူး။ စိန်ဥဿဖယာပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ဝတ်ထားသင့်တယ် …။
နောက်မှဲ့ တစ်မျိုးကိုကြတော့ ညာဘက်အောက် မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီး ရှိနေတယ် ဆိုရင် မျက်ရည်ခံကြီး လို့ခေါ်တယ်၊
သူတို့ရဲ့ဘဝတစ်လျှောက် ဆုံးရှုံးမှု့ကြီးများစွာနဲ့ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့ အချိန်မှာ ဆင်းရဲဒုက္ခရောက် ရတတ်ပါတယ်။ မမျှော်လင့်ပဲ ခင်ပွန်း သည်သေဆုံး တတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်ပါတယ် …။
နောက်မှဲ့ တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ခေါ်တယ် ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှား အဲဒီမျက်ရည်ခံမှဲ့ကြီးရှိတဲ့ အမျိုးသမီးတွေဟာ
ဘာသာတရားကို အထူးလိုက်စားပြီး ကိုယ်ကျင့်တရားအထူးကောင်း မွန်အောင်နေထိုင် ရမယ်။ ကုသိုလ်ကောင်းမှု့ တရစပ် ပြုလုပ်ဆောင်ရွက်ရမယ်၊ အကျင့်သီလကို အကောင်းဆုံးဖြစ်အောင် နေထိုင်ရမယ် …။
မွေးနေ့တိုင်း ပန်းဆီမီးရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန် ဥဿဖယား လက်ဝတ်ရတနာတို့ကို ဝတ်ဆင် ဆောင်ထားသင့်ပါတယ် …။
နောက်မှဲ့ တစ်မျိုးကိုကြတော့ ညာဘက်အောက် မျက်ခမ်းနဲ့အထက် နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှာ းမှဲ့တစ်လုံ းတည်းထင်းထင် းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ် လို့ခေါ်တယ် အဲဒီ မှဲ့ပိုင်ရှင်တွေဟာ စကားပြော အတော်ပြေပြစ်ကြတယ် ချိုသာကြတယ် …။
စကားပြော ပရိယာယ်ကြွယ်၀ တယ်မူယာမာယာများတတ်ကြတယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့စွဲလန်းမှုကို ရလေ့ ရှိပါတယ် …။
အဲဒီမှဲ့ပိုင်ရှင်များဟာ စိန်ရယ်မြရယ် ပြောင်ခေါင်းစိမ်း ရတနာတို့ကို ဝတ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။
နောက်မှဲ့တစ်မျိုးကရွှေပိတုန်း စုပ်လို့ခေါ်တယ် ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှားမှဲ့တစ်လုံးတည်း ထင်းထင်းကြီးရှိနေတဲ့ မှဲ့ပေါ့ ချစ်ခင်နှစ်သက် သူများဝန်းရံနေတတ်တယ် …။
မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ် စန်းပွင့်တယ် အိမ်ထောင်ဘက်အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ် အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ဝတ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကိုတော့ လုံး၀ ရှောင်ထားသင့်ပါတယ် …။
နောက်ဆုံးတစ်မျို းကတော့ စံပယ်တင်မှဲ့လို့ခေါ်တယ်။ ဘယ်ဘက်ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှားမှဲ့ တစ်လုံးတည်းထင်း ထင်းကြီးရှိနေတဲ့ မှဲ့ကိုခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြား ထင်ရှားမယ်။
လူတစ်ဦးကိုအလွယ် တကူနှစ်သက် တတ်တယ် ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျို းဆောင်ရွက်လေ့ ရှိတယ် …။
သူတို့တွေရဲ့ အချစ်ရေးတွေ မှာတော့အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွကြုံ ရလေ့ရှိတတ်တယ် …။
သူတို့တွေအတွက် အကောင်းဆုံ းအဆောင်ကတော့ ပန်းပွင့်ပုံလည် ဆွဲတန်ဆာကို ရွှေနဲ့လုပ်ပြီးဆောင်ထားသင့်တယ် အဖြူရောင်ကျောက် မျက်ရတနာမျိုးစုံနဲ့ သင့်မြတ်ပါတယ် …။ ။
Credit
Zawgyi
Credit