အပျိုဖော်ဝင်စ မိန်းခလေးငယ်လေးများကို ဖတ်စေချင်ပါတယ်
အပျိုဖော်ဝင်စ လှသွေးကြွ
အပျိုဖော်ဝင် စငယ်သွေးကြွလှပ ဆိုသောစကားသည် မိန်းခလေးတယောက်
အပျိုစဖြစ်စတွင် လှပမူကိုတင်စားထားခြင်းဖြစ်ပါတယ် ။
မိန်းခလေးငယ် တစ်ယောက် အပျိုစဖြစ် စသော ကိုယ်ခန္ဓာပြောင်း လဲမူကို သိထားသင့်သော
အချက်များကို OnDoctor တွင် အမေးများလေ့ရှိ ပါတယ်။
မိဘများအနေဖြင့် လည်းမိမိသမီးငယ် ကို ပြောင်းလဲလာသော လူနေမူပတ်ဝန်း ကျင်စိတ်မချ မူကြောင့်
အပျိုဖော်ဝင် သည့်အချက် များကို စောစီးစွာ သတိထားသိချင်သော ဆန္ဒကြောင့်မေး ကြပါတယ်။
(1)အပျိုစဖြစ်သောအသက်အရွယ်
မိန်းခလေး တစ်ယောက်အနေဖြင့် အသက် ၈နှစ်မှ ၁၃နှစ်ကြား အပျိုစဖြစ်ပါတယ် ။
အဝလွန်သောမိန်းခလေးများ အပျိုစဖြစ်သော အသက်အရွယ်စောလေ့ရှိပြီး
ပိန်သော မိန်းခလေးများသည် နောက်ကျလေ့ရှိပါတယ်။
အသက်၁၂နှစ်အရွယ်တွင် ရင်သားဖွံ့ ဖြိုးမူမရှိဘဲ အသက်၁၅နှစ် ထိရာသီလာ ရန်နောက်ကျသည့်အခါ
ဆရာဝန် နှင့်သေချာစမ်းသပ် ရန်လိုအပ်ပါတယ်။
(2)ဟော်မုန်းအပြောင်းအလဲ
အပျိုစဖြစ်ချိန် အတွင်းကိုယ်ခန္ဓာမှ ထွက်သောဟော် မုန်းကြောင့် သားဥအိမ်မှ အမျိုးသမီးဟော မုန်းအီစတိုဂျင်ထွက်ပါတယ် ။
အဆိုပါဟော်မုန်းကြောင့် တဖြေးဖြေး အပျိုအဖြစ် စတင်ပြောင်းလဲ လာပါတယ် ။
ဟော်မုန်းအတက် အကျပေါ်မူ တည်ရျ်လည်း အပျိုစဖြစ်စစိတ် အခြေအနေသည် လည်း အပြောင်းအလဲမြန် တတ်ပါတယ်။
(3)ဖွံ့ဖြိုးမူနှင့်ကိုယ်အလေးချိန်တိုးလာခြင်း
မိန်းခလေး အများစုရဲ့ဖွံ့ဖြိုးသည် တရှိန်ထိုးတိုး တက်ပြီး အစောပိုင်းတွင် ယောကျာၤးလေးများ ထက်ပိုမိုမြန်ဆန်ပါတယ် ။
ထို့ကြောင့် အလယ်တန်းကျောင်းတွင် မိန်းခလေးများသည်ယောကျာၤးလေးများထက် အရပ်ပိုရှည်ပါတယ်။
မိန်းခလေးရဲ့ဖွံဖြိုးမူသည် သိသာစွာပြောင်း လဲလာသည်မှာ အဆီများ ၈%မှ ၂၁%ထိတိုး လာသောကြောင့်ပါ။
အဆိုပါအဆီများသည် မျိုးပွားမူ အတွက်နှင့် ရာသီစက်ဝန်းအ တွက်လည်းလိုအပ်ပါတယ်။
(4)ရင်သားဖွံဖြိူးမူ
အပျိုစဖြစ်သည်နှင့် တင်။ ရင်သားသိသား စွာစတင်ဖွံ့ဖြိုးပြောင်းလဲ လာပါတယ်။ အချို့အမျိုးသမီးများသည် ရင်သားမဖွံ့ ဖြိုးသောကြောင့် စိတ်ပူတတ်ကြ ပါတယ်။
အချို့မူ လျင်မြန်စွာကြီး ထွားသော်လည်း အချို့မူ တဖြေးဖြေး သာအချိန်ကြာကြီး ထွားလာပါတယ် ။ နို့သီးခေါင်း အရောင် နှင့်ဖွံဖြိုးမူ သိသာလာပါလိမ့်မယ်။
(5)ရာသီစက်ဝန်း
ရင်သားဖွံ့ဖြို့မူရှိ လာရာမှ နှစ်အနည်းငယ် အတွင်းပထမဦး ဆုံးရာသီစက်ဝန် းစတင်ဖြစ်ပေါ်ပါတယ် ။
ရာသီလာချိန်သည် ၂ ရက်မှ ၈ ရက်ထိကြာမြင့်တတ်ပြီး ၂၁ ရက်မှ ၃၅ ရက်စက်ဝန်း တပတ်လည်ဖြစ်ပေါ်လေ့ ရှိပါတယ်။
(6)အဖြူဆင်းခြင်း
ဟော်မုန်းပြောင်းလဲ မူများကြောင့် အဖြူဆင်းနိုင် သော်လည်း ပစ်ခြင်း။ ယားခြင်း။ အနံ့ပြင်းခြင်း စသည်တို့ခံစား ရပါကဆရာဝန် နှင့်ပြသရန် လိုအပ်ပါတယ်။
(7)ကိုယ်ခန္ဓာအမွှေးများ
အပျိုစဖြစ် သည်နှင့် ချိုင်းကြား။ မိန်းမကိုယ်တွင် အမွှေးများပေါက် လာပြီးအချို့တွင် အပေါ်နူတ်ခမ်းပေါ်တွင် အနည်းငယ်ပေါက် တတ်ပါတယ် ။
အမွှေးအမျှင် များသည် တဖြေးဖြေး များပြားလာနိုင်ပါ တယ် ။
အကယ်ရျ် မိန်းခလေးများ အနေဖြင့် ဟော်မုန်းမူမ မှန်မူကြောင့် ရင်ဘတ်။မေးစေ့များပါ ပေါက်လာပါက သေချာဆရာဝန်နဲ့ပြသပါ။
(8)ချွေးထွက်များခြင်း
ဟော်မုန်းပြောင်းလဲ မူကြောင့် ကိုယ်ခန္ဓာမှချွေး ထွက်များရျ် အနံ့အသက် မကောင်းခြင်း စသည်တို့ဖြစ်လာတတ်ပါတယ် ။
ချိုင်းချွေးနံ့ပျောက်ဆေးစသည်တို့ကို စတင်သုံးစွဲနိုင် ပါတယ်။
(9)ဝက်ခြံပေါက်ခြင်း
ဟော်မုန်းပြောင်း လဲမူများကြောင့် မိန်းခလေးများရဲ့မျက်နှာ တွင် ဝက်ခြံမျိုး စုံပေါက်နိုင် ပါတယ်။ အလှပြင်ပစ္စည်းများသေ ချာစွာရွေးချယ်သုံးစွဲသင့်ပါတယ် ။
မသက်သာပါက အရေပြားအထူး ကုဆရာဝန် နှင့်သေချာကုသပါ။
(10)စိတ်လူပ်ရှားခြင်း
အပျိုဖော်ဝင်စ အချိန်တွင် စိတ်ခံစားမူသည် အချိန်နှင့်အမျှပြောင်း လဲတတ်ပြီး ဝမ်းနည်းလွယ်ခြင် း။
တက်ကြွခြင် း။စိတ်ခံစားမူ ပြင်းထန်ခြင်းခြင်း စသည့်အပြောင်း အလဲများခံစား ရနိုင်ပါတယ် ။
Credit