ပန်းရောင်
အစိမ်းရောင်
အဝါရောင်
အနက်ရောင်
အဖြူရောင်
unicode
ကြိုက်တဲ့ အသည်းလေးရွေးလိုက်ပါ.. သင့်အချစ်ရေးနဲ့ပတ်သတ်ပြီး ပြောပြပေးမယ်..
ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးဟာ ဘယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်လဲ?
ထူးခြားတဲ့နေ့တစ်နေ့မှာ ချစ်ရတဲ့သူနဲ့ဖြတ်သန်းရတာလဲ စိတ်ချမ်းသာရခြင်းတစ်မျိုးပါပဲ။
လာမယ့်ချစ်သူများနေ့အတွက်ရော ရင်ခုန်နေကြပြီလား… စုံတွဲမရှိသေးတဲ့ သူတွေအတွက်လည်း အချိန်တန်ရင်တော့ ဖူးစာဆုံမှာပါလို့ အားပေးချင်ပါတယ်။
အခုတော့ ဒီက ကြိုက်နှစ်သက်ရာ အသည်းလေးတစ်ခုကိုရွေးချယ်ပြီး ချစ်သူရှိတဲ့သူတွေကလည်း ကိုယ့်ရဲ့အချစ်ရေးနဲ့ ချစ်သူမရှိသူတွေကလည်း အပျော်အနေနဲ့ စမ်းကြည့်လို့ရပါတယ်။ ကဲ… စပြီနော် !
ပန်းရောင်
ပန်းရောင်အသည်းလေးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ချစ်စရာကောင်းတဲ့ ချစ်သူများနေ့လေးကိုပိုင်ဆိုင်ရမှာပါ။
ညစာစား၊ ရုပ်ကြည့်ပြီး ကြည်နူးစရာကောင်တဲ့ စပါယ်ရှယ်ဒိတ်ကိုပြုလုပ်ရမယ့်အပြင် စိတ်အသည်းယားစရာ စကားလေးတွေနဲ့ အချိန်ဖြုန်းကြမယ်။
ချစ်သူများနေ့မှာသင်တို့နှစ်ယောက်ရဲ့စိတ်ချင်းတွေ ပိုမိုနီးစပ်မှုရှိပြီး အရင်ကထက် ပိုချစ်နိုင်သွားမှာပါ။
အစိမ်းရောင်
အိုး.. အစိမ်းရောင်ရွေးမိတယ်ဆိုရင်တော့ သင်ဟာချစ်သူများနေ့ကို တစ်ယောက်တည်း အေးဆေးဖြတ်သန်းပြီး သူများအတွဲတွေကို J ဝင်ရင်းပဲ ထိုတစ်နေ့တာကိုကုန်ဆုံးမယ်ထင်ပါရဲ့။
အစိမ်းရောင်ရွေးချယ်သူဟာ သူများအပေါ် အနည်းငယ်တော့ မနာလိုစိတ်ဝင်တတ်တယ်။ တစ်ယောက်တည်းသမားဆိုရင် အိမ်မှာပဲ အေးဆေးနေပြီး ဒိတ်လုပ်ဖို့လည်း စိတ်မဝင်စားဖြစ်နေတယ်။
အဝါရောင်
သင်ဟာ အဝါရောင်ကိုရွေးချယ်သူဆို သင့်ရဲ့ချစ်သူများနေ့ဟာ နွေးထွေးပြီးသက်တောင့်သက်သာရှိတယ်။
ချစ်တဲ့သူနဲ့ အပြင်တွေလျှောက်မသွားပဲ အိမ်မှာပဲဖြစ်ဖြစ် အေးဆေးကော်ဖီသောက်ရင်း၊ စကားတွေပြော အချိန်တွေကုန်ဆုံးမယ်။
သင်တို့နှစ်ယောက်လုံးဟာ အေးဆေးသမားတွေဖြစ်ပြီး ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းချင်ကြသူတွေဖြစ်ပါတယ်။
အနက်ရောင်
အနက်ရောင်ကို ရွေးချယ်မယ်ဆို သင်တို့ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးဟာ နည်းနည်းတော့ ခက်ခဲနေတယ်။
သင်တို့ဆက်ဆံရေးကို အဆုံးသတ်ချင်နေတာလည်းဖြစ်နိုင်သလို၊ ခဏခဏ ရန်ဖြစ်၊ စကားများနေရလို့ စိတ်ပျက်နေတဲ့အခြေအနေပါ။
ချစ်သူများနေ့အတွက်လည်း သင့်မှာ ဘာအစီစဉ်မှမရှိဘူး။ အဆုံးသတ်ဖို့ခက်ခဲနေသလို စိတ်ကလည်းမပြတ်သားတာမို့ ရှေ့တိုးရခက်နေပါတယ်။
အဓိက အကြံပေးချင်တာကတော့ သင်တို့နှစ်ယောက် ဘယ်လိုမှ ရှေ့ဆက်လို့လည်းမဖြစ်၊ အရမ်းလည်းစိတ်ကုန်နေပြီဆို ကိုယ်လမ်းကိုယ်လျှောက်ပြီး တစ်ယောက်တည်းနေလိုက်တာက ပိုပြီး စိတ်ချမ်းသာမှုရစေပါတယ်။
အဖြူရောင်
အဖြူရောင်လေးလို သင်တို့ချစ်ခြင်းကလည်း သန့်စင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုတွေနဲ့တည်ဆောက်ထားတာပါ။
တစ်ယောက်ကိုယ် တစ်ယောက်ဘယ်လောက်ချစ်တယ်ဆိုတာ သင်တိုနှစ်ယောက်သာလျှင် အသိဆုံးပါ။ လုံလောက်တဲ့ ယုံကြည်မှုနဲ့တည်ဆောက်ထားတဲ့ ဆက်ဆံရေးမို့လို့ ဘယ်သူတွေကြားဝင်ပြီး မွှေပါစေ.. ပြတ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
…စာဖတ်သူတွေရော ဘယ်လိုအသည်းလေးတွေ ရွေးချယ်လိုက်ကြလဲ? ကိုယ်ရွေးချယ်လိုက်တဲ့ အသည်းလေးနဲ့ပတ်သတ်ပြီး ထင်မြင်ချက်လေးတွေ ပေးခဲ့ပါဦး !