ဘယ္ေတာ့မွ လက္မေလ်ာ့ပဲ သင့္လက္ကိုဆုပ္ကိုင္ထားမယ့္သူမ်ိဳးဆိုတာ
လူတစ္ေယာက္ ကိုယ့္အေပၚတကယ္ေကာင္းျပီး သစၥာ႐ွိႏုိင္လားဆုိတာ ကိုယ္ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ေကာင္းေကာင္းသိႏုိင္ပါတယ္။
အခက္ခဲေတြ ၾကံဳေတြ႔ေနရတဲ့အခ်ိန္မွာ သူတကယ္ပဲသင့္အနား႐ွိႏုိင္လား။ သူ႕ရဲ႕အျပဳအမူေတြကို ေစာင့္ၾကည့္သင့္ပါတယ္။
ကိုယ္အဆင္ေျပေနခ်ိန္မွာေတာ့ ဒီလူဟာဘယ္ေလာက္ထိ အႏံြတာခံႏုိင္လဲဆိုတာ မသိႏုိင္ပါဘူး။
နည္းနည္းေလး ေငြေရးေၾကးေရးအဆင္မေျပတာနဲ႔ သူဟာ လွည့္ထြက္သြားမွာလား ။သင့္ကို ဘယ္လိုကူညီရမလဲဆိုျပီး အျမဲပ်ာယာခတ္ေနသူလား။
ဘယ္လိုအေျခအေနမ်ဳိးမွာပဲျဖစ္ျဖစ္ သူမင္းကိုလက္မလႊတ္သြားဘူးဆိုရင္ တစ္ဘဝစာအတြက္သစၥာ႐ွိတဲ့လူတစ္ေယာက္ကို မင္းပုိင္ဆုိင္ထားရပါျပီ။ ဒီလိုဆို မင္းသိပ္ကံေကာင္းပါတယ္။
နည္းနည္းအမွားလုပ္မိတာနဲ႔ အျပစ္ေျပာေနတာမ်ဳိး။ တစ္ယူူသန္အေတြးနဲ႔ သင့္ကိုအျဖစ္႐ွိတယ္လို႔ေတာင္ မေတြးတဲ့လူအနားမွာ မ႐ွိသင့္ပါဘူး။
ဘာလို႔ဆို သူ႔ေၾကာင့္ သင့္ရဲ႕အေရာင္ေသြးေတြက်ဆင္းေစပါတယ္။ သင့္မွာ႐ွိတဲ့ အရည္ခ်င္းေတြကို ေပ်ာက္ကြယ္ေစတယ္။
ဒီလိုေခတ္ၾကီးထဲမွာ ကိုယ့္အေပၚေကာင္းျပီး လက္မေလ်ာ့တဲ့သူမ်ဳိးဆိုတာ ႐ွားသြားပါျပီ။တကယ္ခ်စ္ျပီး ရင္ဆုိင္လက္တဲြရဲမွာသာ အဆင္ေျပမွာပါ။
ဒုကၡတြင္းထဲေရာက္လည္း ႏြံမနစ္သြားေအာင္ အားမာန္အျပည့္နဲ႔ ဆဲြေခၚတတ္သူကုိ ေက်းဇူးတင္ပါ။
သူဟာ သင့္ကိုဘယ္လိုျဖည့္ဆည္းေပးရမလဲပဲ စဥ္းစားေနတတ္ျပီး တစ္ခါတစ္ေလ သူ႔ကိုယ္သူေတာင္ ေမ့ေနတတ္တယ္။
တစ္ခုခုဆို သူ႔အတြက္ဆိုတာထက္ သင့္ကုိဦးစားေပးလိမ့္မယ္။ ဒီလိုလူမ်ဳိးကို သင္တန္ဖိုးထားပါ။
ဒုကၡေရာက္ေနခ်ိန္မွာ အတူ႐ွိခဲ့တဲ့သူဟာ သင့္တစ္ဘဝလံုးအတြက္ အျမဲတမ္းပံ့ပိုးေနမွာ မို႔လို႔ပါပဲ။
Credit:trend Myanmar
unicode

ဘယ်တော့မှ လက်မလျော့ပဲ သင့်လက်ကိုဆုပ်ကိုင်ထားမယ့်သူမျိုးဆိုတာ
လူတစ်ယောက် ကိုယ့်အပေါ်တကယ်ကောင်းပြီး သစ္စာရှိနိုင်လားဆိုတာ ကိုယ်ဒုက္ခရောက်နေတဲ့အချိန်မှာ ကောင်းကောင်းသိနိုင်ပါတယ်။
အခက်ခဲတွေ ကြုံတွေ့နေရတဲ့အချိန်မှာ သူတကယ်ပဲသင့်အနားရှိနိုင်လား။ သူ့ရဲ့အပြုအမူတွေကို စောင့်ကြည့်သင့်ပါတယ်။
ကိုယ်အဆင်ပြေနေချိန်မှာတော့ ဒီလူဟာဘယ်လောက်ထိ အနွံတာခံနိုင်လဲဆိုတာ မသိနိုင်ပါဘူး။
နည်းနည်းလေး ငွေရေးကြေးရေးအဆင်မပြေတာနဲ့ သူဟာ လှည့်ထွက်သွားမှာလား ။သင့်ကို ဘယ်လိုကူညီရမလဲဆိုပြီး အမြဲပျာယာခတ်နေသူလား။
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူမင်းကိုလက်မလွှတ်သွားဘူးဆိုရင် တစ်ဘဝစာအတွက်သစ္စာရှိတဲ့လူတစ်ယောက်ကို မင်းပိုင်ဆိုင်ထားရပါပြီ။ ဒီလိုဆို မင်းသိပ်ကံကောင်းပါတယ်။
နည်းနည်းအမှားလုပ်မိတာနဲ့ အပြစ်ပြောနေတာမျိုး။ တစ်ယူူသန်အတွေးနဲ့ သင့်ကိုအဖြစ်ရှိတယ်လို့တောင် မတွေးတဲ့လူအနားမှာ မရှိသင့်ပါဘူး။
ဘာလို့ဆို သူ့ကြောင့် သင့်ရဲ့အရောင်သွေးတွေကျဆင်းစေပါတယ်။ သင့်မှာရှိတဲ့ အရည်ချင်းတွေကို ပျောက်ကွယ်စေတယ်။
ဒီလိုခေတ်ကြီးထဲမှာ ကိုယ့်အပေါ်ကောင်းပြီး လက်မလျော့တဲ့သူမျိုးဆိုတာ ရှားသွားပါပြီ။တကယ်ချစ်ပြီး ရင်ဆိုင်လက်တွဲရဲမှာသာ အဆင်ပြေမှာပါ။
ဒုက္ခတွင်းထဲရောက်လည်း နွံမနစ်သွားအောင် အားမာန်အပြည့်နဲ့ ဆွဲခေါ်တတ်သူကို ကျေးဇူးတင်ပါ။
သူဟာ သင့်ကိုဘယ်လိုဖြည့်ဆည်းပေးရမလဲပဲ စဉ်းစားနေတတ်ပြီး တစ်ခါတစ်လေ သူ့ကိုယ်သူတောင် မေ့နေတတ်တယ်။
တစ်ခုခုဆို သူ့အတွက်ဆိုတာထက် သင့်ကိုဦးစားပေးလိမ့်မယ်။ ဒီလိုလူမျိုးကို သင်တန်ဖိုးထားပါ။
ဒုက္ခရောက်နေချိန်မှာ အတူရှိခဲ့တဲ့သူဟာ သင့်တစ်ဘဝလုံးအတွက် အမြဲတမ်းပံ့ပိုးနေမှာ မို့လို့ပါပဲ။
Credit:trend Myanmar


