မျက်ရည်ကျတယ် ၀မ်းနည်းလို့ လွမ်းဆွေးလို့ ဆိုပြီး တရားသေမတွက်စေချင်ဘူး … ၀မ်းသာလို့ကျတဲ့ မျက်ရည်တွေ ရှိသလို နောင်တတွေနဲ့ နာကျင်လို့ ကျတဲ့ မျက်ရည်တွေလဲ အများသားပါ ။ မျက်ရည်ဆိုတာ … ဦးနှောက်က စီးဆင်းလာတာမဟုတ်ပဲ နှလုံးသားက ဖြတ်သန်းစီးဆင်းလာတာမျိုးပါ ။
ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်ပါ … မျက်ရည်ကျတယ်ဆိုကတည်းက စကားနဲ့ ပြောမထွက်တဲ့ ၀မ်းသာမှု နာကျင်မှုတွေကို နှလုံးသားက အလိုလိုဘာသာပြန်ပြတယ်လို့ပဲ မှတ်ယူလို့ရတယ် ။ တစ်ချို့ စကားလုံးတွေက … နှုတ်က မထွက်လာတတ်ပဲ မျက်ရည်နဲ့ ပြတတ်ကြတယ် ။
ရည်းစားနဲ့ကွဲလို့ မျက်ရည်ကျတဲ့အခါ … သူ ၀မ်းနည်းနေတာလို့ပဲ ပုံသေ မှတ်ယူလို့မရဘူး … အချိန်တွေဖြုန်းခဲ့မိပါလား ယုံကြည်ခဲ့မိပါလား … ဒါမှမဟုတ် တခြားအကြောင်းအရာတွေနဲ့ နာကျင်နေရတာလဲ ဖြစ်နိုင်တယ် ။ ကျွန်မ မျက်ရည်ကျခဲ့တုန်းက … သူငယ်ချင်းတွေက အားပေးနှစ်သိမ့်ကြတယ် … မတန်ပါဘူး မငိုပါနဲ့ တဲ့ ကျွန်မစိတ်ထဲမှာ အဲ့လို မျက်ရည်နဲ့မတန်တဲ့လူအနား ဘာကြောင့် ကပ်တွယ်ခဲ့မိလဲဆိုတဲ့ နောင်တတွေ ရနေတာပါ ပြန်ပြီး လွမ်းဆွေးတောင့်တနေတာ မဟုတ်ဘူး ။
မျက်ရည်ကျရင် ရှုံးတယ်ဆိုပြီးလဲ ပြောတတ်ကြသေးတယ် ။ တကယ်တော့ အနိုင်အရှုံးဆိုတာ မျက်ရည်နဲ့ မဆိုင်ဘူးလေ ။ ကိုယ် ဘာဖြစ်နေပါတယ် ကိုယ် ဘာတွေခံစားနေရတယ်ဆိုတာကို ထုတ်ပြောခွင့် မရှိတဲ့ဘ၀မှာ မျက်ရည်ကျခွင့်လေးတော့ ရချင်မိတယ် ။ ဒါအရှုံးပေးတာ မဟုတ်ဘူး ပျော့ညံ့တာ မဟုတ်ဘူး … ကိုယ့်ဒဏ်ရာကို မျက်ရည်နဲ့ ခဏ မြောချပြီး မေ့ထားလိုက်တာမျိုးပါ ။
အဆင်ပြေပါတယ်ဆိုတဲ့စကားနောက်မှာ ဝဲတဲ့ မျက်ရည်တွေက ကိုယ့်ကြောင့် သူပူသွားမှာ စိုးတဲ့ စေတနာတွေပါတယ် … ဖုန်၀င်သွားလို့ပါဆိုပြီး လိမ်ခဲ့တဲ့ မျက်ရည်တွေမှာ ကိုယ့်ကြောင့် သူအဆင်မပြေဖြစ်သွားမှာ စိုးတဲ့စိတ်တွေပါတယ် ။
အဓိပ္ပါယ်တွေ အများကြီးမဖွဲ့ပါနဲ့ ခေါင်းစဥ်တွေ အများကြီး မတပ်ပါနဲ့မိန်းကလေးတစ်ယောက်ရဲ့စိတ်ကို နားလည်ပေးရတာထက် သူကျတဲ့မျက်ရည်တွေကို အဓိပ္ပါယ်ဖော်ရတာ ပိုခက်တယ် ။ နားမလည်ရင် နားမလည်သလိုပဲထားလိုက်ပါ … ပြန်ပြီး မကြင်နာချင်ချင်နေ အပြစ်တွေတော့ မတင်နဲ့ …
မိန်းမသားတို့အတွက်
သျှင်ယွန်း
မျက်ရည်တစ်စက်မှာ … အဓိပ္ပါယ်တွေ အများကြီးရှိနေနိုင်ပါတယ်
…. မျက်ရည်ကျတယ် ဝမ်းနည်းလို့ လွမ်းဆွေးလို့ ဆိုပြီး တရားသေမတွက်စေချင်ဘူး … ဝမ်းသာလို့ကျတဲ့ မျက်ရည်တွေ ရှိသလို နောင်တတွေနဲ့ နာကျင်လို့ ကျတဲ့ မျက်ရည်တွေလဲ အများသားပါ ။ မျက်ရည်ဆိုတာ … ဦးနှောက်က စီးဆင်းလာတာမဟုတ်ပဲ နှလုံးသားက ဖြတ်သန်းစီးဆင်းလာတာမျိုးပါ ။
ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်ပါ … မျက်ရည်ကျတယ်ဆိုကတည်းက စကားနဲ့ ပြောမထွက်တဲ့ ဝမ်းသာမှု နာကျင်မှုတွေကို နှလုံးသားက အလိုလိုဘာသာပြန်ပြတယ်လို့ပဲ မှတ်ယူလို့ရတယ် ။ တစ်ချို့ စကားလုံးတွေက … နှုတ်က မထွက်လာတတ်ပဲ မျက်ရည်နဲ့ ပြတတ်ကြတယ် ။
ရည်းစားနဲ့ကွဲလို့ မျက်ရည်ကျတဲ့အခါ … သူ ဝမ်းနည်းနေတာလို့ပဲ ပုံသေ မှတ်ယူလို့မရဘူး … အချိန်တွေဖြုန်းခဲ့မိပါလား ယုံကြည်ခဲ့မိပါလား … ဒါမှမဟုတ် တခြားအကြောင်းအရာတွေနဲ့ နာကျင်နေရတာလဲ ဖြစ်နိုင်တယ် ။ ကျွန်မ မျက်ရည်ကျခဲ့တုန်းက … သူငယ်ချင်းတွေက အားပေးနှစ်သိမ့်ကြတယ် … မတန်ပါဘူး မငိုပါနဲ့ တဲ့ ကျွန်မစိတ်ထဲမှာ အဲ့လို မျက်ရည်နဲ့မတန်တဲ့လူအနား ဘာကြောင့် ကပ်တွယ်ခဲ့မိလဲဆိုတဲ့ နောင်တတွေ ရနေတာပါ ပြန်ပြီး လွမ်းဆွေးတောင့်တနေတာ မဟုတ်ဘူး ။
မျက်ရည်ကျရင် ရှုံးတယ်ဆိုပြီးလဲ ပြောတတ်ကြသေးတယ် ။ တကယ်တော့ အနိုင်အရှုံးဆိုတာ မျက်ရည်နဲ့ မဆိုင်ဘူးလေ ။ ကိုယ် ဘာဖြစ်နေပါတယ် ကိုယ် ဘာတွေခံစားနေရတယ်ဆိုတာကို ထုတ်ပြောခွင့် မရှိတဲ့ဘဝမှာ မျက်ရည်ကျခွင့်လေးတော့ ရချင်မိတယ် ။ ဒါအရှုံးပေးတာ မဟုတ်ဘူး ပျော့ညံ့တာ မဟုတ်ဘူး … ကိုယ့်ဒဏ်ရာကို မျက်ရည်နဲ့ ခဏ မြောချပြီး မေ့ထားလိုက်တာမျိုးပါ ။
အဆင်ပြေပါတယ်ဆိုတဲ့စကားနောက်မှာ ဝဲတဲ့ မျက်ရည်တွေက ကိုယ့်ကြောင့် သူပူသွားမှာ စိုးတဲ့ စေတနာတွေပါတယ် … ဖုန်ဝင်သွားလို့ပါဆိုပြီး လိမ်ခဲ့တဲ့ မျက်ရည်တွေမှာ ကိုယ့်ကြောင့် သူအဆင်မပြေဖြစ်သွားမှာ စိုးတဲ့စိတ်တွေပါတယ် ။
အဓိပ္ပါယ်တွေ အများကြီးမဖွဲ့ပါနဲ့ ခေါင်းစဉ်တွေ အများကြီး မတပ်ပါနဲ့မိန်းကလေးတစ်ယောက်ရဲ့စိတ်ကို နားလည်ပေးရတာထက် သူကျတဲ့မျက်ရည်တွေကို အဓိပ္ပါယ်ဖော်ရတာ ပိုခက်တယ် ။ နားမလည်ရင် နားမလည်သလိုပဲထားလိုက်ပါ … ပြန်ပြီး မကြင်နာချင်ချင်နေ အပြစ်တွေတော့ မတင်နဲ့ …
မိန်းမသားတို့အတွက်
သျှင်ယွန်း