မိန်းကလေး တစ်ယောက်ကို ဖြတ်ချင်လာပြီဆိုရင် ယောကျာ်းတွေ သုံးတတ်တဲ့ အကွက်များ
သမီးရည်းစား Relationship တစ်ခုမှာ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကုန် လာပြီလားဆိုတဲ့ စိုးရိမ်စိတ်က မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။
စစ်တ မ်းတွေအရဆိုရင် Relationship တွေမှာ မိန်းကလေးတွေဘက်ကနေ အရင် စပြီး လမ်းခွဲတာများပါတယ်။
ယောကျ်ားအများစုက လမ်း ခွဲရအောင်ဆိုတဲ့ စကား ကို သူတို့ဘက်ကနေ အရင်စပြီး ပါးစပ်ကနေ ဖွင့်မပြောပေမယ့်
တစ်ဖက် မိန်း ကလေး သူ့အပေါ် စိတ်ပျက်ပြီး လမ်းခွဲချင်လာအောင် လုပ်ပြ၊နေပြတ တ်ကြ ပါ တယ်။
နှုတ်ကနေ၊ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူကိုယ့်ကို လမ်းခွဲ ချင်နေ ပြီဆိုတာကို ဘယ်လိုသိနိုင်လဲ..?
ချစ်သူကောင်လေးကို လမ်းခွဲချင်လာပြီဆိုရင် ယောကျ်ားတွေ (ပါးစပ်ကနေ လမ်းခွဲရအောင်လို့တော့ ဖွင့်မပြောပေမယ့်)
လု ပ်ပြတတ်တဲ့ အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။အဲ့ဒါတွေကတော့
(၁)အေးစက်လာတာ
ဒါကတော့ ပြတဲ့ လက္ခဏာတွေထဲမှာမှ အသိသာဆုံးတွေထဲက တစ်ခုပါ။
ဒီလူ ကိုယ့်အပေါ် နွေးထွေးလား(သို့)ဒါမှဟုတ် အေးစက်နေလားဆိုတာ တကယေ် တာ့ ကိုယ်ကိုင်တိုင်အသိဆုံးပါ။
ဥပမာ- ကိုယ်ကပဲ ပြောနေရပြီး သူ့ဘက်ကေ တာ့ စိတ်မပါလက်မပါနဲ့ဝတ်ကျေတန်းကျေပုံစံမျိုးဖြစ်နေတာ၊
ကိုယ့်အပေါ်မှာ အာ ရုံမရှိတာ၊အာရုံမစိုက်တာမျိုးပါ။အေးစက်စိမ်းကားလာတယ်ဆိုတာမျိုးကတော့ စိတ်နဲ့ပဲ ခံစားပြီး သိနိုင်တဲ့ အရာမျိုးပါ။
(၂)နေရာတကာအပြစ်လိုက်ပြောတာ
ဒါမျိုးကလည်း အရမ်းကို သိသာပါတယ်။စတွဲလာတည်းက ကိုယ့်ရဲ့ မကောင်း တဲ့ အကျင့်တွေကိုရော
ကောင်းတဲ့အကျင့်တွေကိုပါ အားလုံးကို သိထားလက်ခံ လာခဲ့ပြီး နောက်ပိုင်းကျမှ ထဖောက်လာတာမျိုးပါ။
ဟိုဟာလုပ်ရင် လုပ်ပြန်ပြီ။ဒီ ဟာ လုပ်ရင်လုပ်ပြန်ပြီနဲ့ အသေးအဖွဲလေးကအစ လိုက်ပြီး အပြစ်တင်ပြောဆို နေတာမျိုးပါ။
(၃)ဒီလူ့အနားမှာ နေနေကာမှ ပိုအထီးကျန်သလို ခံစားလာရတာ
ကိုယ်ချစ်တဲ့သူ ကိုယ့်ကို ချစ်တဲ့ သူရဲ့ အနားမှာ နေနေရင် တကယ်တော့ ပျော်ရွှင်နေရမှာပါ။
ဒါပေမယ့် ကိုယ့်အပေါ် လုံး၀ ဂရုမစိုက် တဲ့ မချစ်တဲ့ သူအနား မှာရှိနေရရင်တော့
ကိုယ့်ရဲ့ စိတ်ခံစားချက်တွေဟာ နာကျင်ရတတ်ပါတယ်။
တစ်ယောက် တည်းနေရထက် သူ့ရဲ့ အနားမှာ နေနေရတာ က သင့်အတွက် ပိုပြီးတော့အထီးကျန် ဝမ်းနည်းမှုတွေကို ခံစားနေရရင်တော့ သေချာပါတယ်။သူ သင့်ကို မချစ်တော့ပဲ လမ်းခွဲချင်နေလို့ပါ။
(၄)ေရွာင္ဖယ္လာတာ
ဒါကလည်း သိသာတဲ့ sign တစ်ခုပါ။
သင်နဲ့တွေ့ဖို့ အရေးကို အရင်လောက် မ တတ်ကြွတော့ပဲ အလုပ်များတယ်ဆိုပြီး အကြောင်းပြ ရှောင်နေတာမျိုးပါ။
သူငယ် ချင်းတွေနဲ့ အလုပ်ကပဲ သူ့အတွက် နံပါတ်တစ်ဖြစ်နေပြီး သင့်အတွက်ကတော့ အချိန်မပေးတော့ပဲ အမြဲတမ်းဖယ်ခွာ ရှောင်ကျဉ်စ ပြုလာတာမျိုးပါ။
(၅)သင်နဲ့တွေ့တိုင်းအမြဲစိတ်ရှုပ်ပြ၊ဒေါသထွက်ပြ
သင့်ကို ရှောင်ခွာချင်တဲ့သူဖြစ်နေတာကြောင့် သင်နဲ့တွေ့တိုင်း သူ့ရဲ့ မျက်နှာနဲ့ အမူအရာတွေက ဘယ်လိုမှ ရွှင်လန်းနေမှာ မဟုတ်ပါဘူး။
ဒါက သဘာဝပါ။လူ တစ် ယောက်က ကိုယ်မကြိုက်တဲ့ အရာ၊ကိုယ်သဘောမကျတဲ့ အရာကို မြင်နေ တွေ့နေရင်
မျက်နှာက ဘယ်လိုမှ ကြည်ကြည်လင်လင်ရှိနိုင်မှာ မဟုတ်ပါဘူး။ စိတ်ညစ်စရာပြဿနာရယ်လို့ သူ့မှာ ထွေထွေထူးထူးမရှိပဲ
သင်နဲ့ တွေ့တိုင်း အမြဲစိတ်ရှုပ်ပြ၊စိတ်တို၊ဒေါသထွက်ပြနေရင်လည်း ဒါသင့်ကို လမ်းခွဲချင်နေတယ် ဆိုတာကို အမူအယာနဲ့ ပြနေတာပါ။
(၆)သူ့မိသားစုအသိုင်းအဝိုင်းနဲ့သူငယ်ချင်းတွေကပါ သင့်အပေါ် ပြောင်းလဲ တာ
သူ့မိသားစုအသိုင်းအဝိုင်း၊သူနဲ့အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ရဲ့ ဆက်ဆံ ပုံကို ကြည့်ရင်လည်း
ဒီလူကိုယ့်အပေါ် လမ်းခွဲချင်နေပြီလား ဆိုတာကို သိနိုင်ပါတယ်။သင့်အပေါ်မှာထားတဲ့ သူ့ရဲ့ စိတ်နဲ့ပတ်သက်ပြီး
သူနဲ့ အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ရင်မဖွင့်ပဲ မနေပါဘူး။သေချာပေါက် ရင်ဖွင့်မှာပါ။
ချစ်သူကောင်လေးရဲ့ မိသားစု အသိုင်းအဝိုင်းနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေက
သင့်အပေါ် ဆက်ဆံတဲ့ အမူအရာပြောင်းလဲလာပြီဆိုရင်တော့ သင့်ချစ်သူက သင်နဲ့ လမ်းခွဲချင်နေပြီဆိုတာကို ပြနေတာပါ။
(၇)ခြေလှမ်းတွေ ပျက်လာတာ
ဒီရက်ပိုင်းမှာ သူ့ရဲ့ အမူအယာတွေက ပုံမှန် မဟုတ်ပဲ ခြေရှုပ်လာနေတာမျိုးပါ။
တခြား ကောင်မလေးတွေနဲ့ ဘာဘာညာညာ အသံတွေ ထွက်လာတာမျိုး၊
တခြားကောင်မလေးတွေနဲ့ တွဲနေပြီဆိုတဲ့ သတင်းတွေ သင့်နားကို ရောက်လာ တာ
ဒီလိုမျိုး ခြေလှမ်းပျက်တဲ့ အမူူအရာတွေ ပြနေပြီဆိုရင်လည်း ဒါဟာ တစ် ဖက်လှည့်နည်းနဲ့ သူသင့်ကို လမ်းခွဲချင်တယ်ဆိုတာကို ပြနေတာပါ။
Credit: nilarwai
Unicode
မိန်းကလေး တစ်ယောက်ကို ဖြတ်ချင်လာပြီဆိုရင် ယောက်ျားတွေ သုံးတတ်တဲ့ အကွက်များ
သမီးရည်းစား Relationship တစ်ခုမှာ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကုန် လာပြီလားဆိုတဲ့ စိုးရိမ်စိတ်က မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။
စစ်တ မ်းတွေအရဆိုရင် Relationship တွေမှာ မိန်းကလေးတွေဘက်ကနေ အရင် စပြီး လမ်းခွဲတာများပါတယ်။
ယောက်ျားအများစုက လမ်း ခွဲရအောင်ဆိုတဲ့ စကား ကို သူတို့ဘက်ကနေ အရင်စပြီး ပါးစပ်ကနေ ဖွင့်မပြောပေမယ့်
တစ်ဖက် မိန်း ကလေး သူ့အပေါ် စိတ်ပျက်ပြီး လမ်းခွဲချင်လာအောင် လုပ်ပြ၊နေပြတ တ်ကြ ပါ တယ်။
နှုတ်ကနေ၊ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူကိုယ့်ကို လမ်းခွဲ ချင်နေ ပြီဆိုတာကို ဘယ်လိုသိနိုင်လဲ..?
ချစ်သူကောင်လေးကို လမ်းခွဲချင်လာပြီဆိုရင် ယောက်ျားတွေ (ပါးစပ်ကနေ လမ်းခွဲရအောင်လို့တော့ ဖွင့်မပြောပေမယ့်)
လု ပ်ပြတတ်တဲ့ အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။အဲ့ဒါတွေကတော့
(၁)အေးစက်လာတာ
ဒါကတော့ ပြတဲ့ လက္ခဏာတွေထဲမှာမှ အသိသာဆုံးတွေထဲက တစ်ခုပါ။
ဒီလူ ကိုယ့်အပေါ် နွေးထွေးလား(သို့)ဒါမှဟုတ် အေးစက်နေလားဆိုတာ တကယေ် တာ့ ကိုယ်ကိုင်တိုင်အသိဆုံးပါ။
ဥပမာ- ကိုယ်ကပဲ ပြောနေရပြီး သူ့ဘက်ကေ တာ့ စိတ်မပါလက်မပါနဲ့ဝတ်ကျေတန်းကျေပုံစံမျိုးဖြစ်နေတာ၊
ကိုယ့်အပေါ်မှာ အာ ရုံမရှိတာ၊အာရုံမစိုက်တာမျိုးပါ။အေးစက်စိမ်းကားလာတယ်ဆိုတာမျိုးကတော့ စိတ်နဲ့ပဲ ခံစားပြီး သိနိုင်တဲ့ အရာမျိုးပါ။
(၂)နေရာတကာအပြစ်လိုက်ပြောတာ
ဒါမျိုးကလည်း အရမ်းကို သိသာပါတယ်။စတွဲလာတည်းက ကိုယ့်ရဲ့ မကောင်း တဲ့ အကျင့်တွေကိုရော
ကောင်းတဲ့အကျင့်တွေကိုပါ အားလုံးကို သိထားလက်ခံ လာခဲ့ပြီး နောက်ပိုင်းကျမှ ထဖောက်လာတာမျိုးပါ။
ဟိုဟာလုပ်ရင် လုပ်ပြန်ပြီ။ဒီ ဟာ လုပ်ရင်လုပ်ပြန်ပြီနဲ့ အသေးအဖွဲလေးကအစ လိုက်ပြီး အပြစ်တင်ပြောဆို နေတာမျိုးပါ။
(၃)ဒီလူ့အနားမှာ နေနေကာမှ ပိုအထီးကျန်သလို ခံစားလာရတာ
ကိုယ်ချစ်တဲ့သူ ကိုယ့်ကို ချစ်တဲ့ သူရဲ့ အနားမှာ နေနေရင် တကယ်တော့ ပျော်ရွှင်နေရမှာပါ။
ဒါပေမယ့် ကိုယ့်အပေါ် လုံး၀ ဂရုမစိုက် တဲ့ မချစ်တဲ့ သူအနား မှာရှိနေရရင်တော့
ကိုယ့်ရဲ့ စိတ်ခံစားချက်တွေဟာ နာကျင်ရတတ်ပါတယ်။
တစ်ယောက် တည်းနေရထက် သူ့ရဲ့ အနားမှာ နေနေရတာ က သင့်အတွက် ပိုပြီးတော့အထီးကျန် ဝမ်းနည်းမှုတွေကို ခံစားနေရရင်တော့ သေချာပါတယ်။သူ သင့်ကို မချစ်တော့ပဲ လမ်းခွဲချင်နေလို့ပါ။
(၄)ရှောင်ဖယ်လာတာ
ဒါကလည်း သိသာတဲ့ sign တစ်ခုပါ။
သင်နဲ့တွေ့ဖို့ အရေးကို အရင်လောက် မ တတ်ကြွတော့ပဲ အလုပ်များတယ်ဆိုပြီး အကြောင်းပြ ရှောင်နေတာမျိုးပါ။
သူငယ် ချင်းတွေနဲ့ အလုပ်ကပဲ သူ့အတွက် နံပါတ်တစ်ဖြစ်နေပြီး သင့်အတွက်ကတော့ အချိန်မပေးတော့ပဲ အမြဲတမ်းဖယ်ခွာ ရှောင်ကျဉ်စ ပြုလာတာမျိုးပါ။
(၅)သင်နဲ့တွေ့တိုင်းအမြဲစိတ်ရှုပ်ပြ၊ဒေါသထွက်ပြ
သင့်ကို ရှောင်ခွာချင်တဲ့သူဖြစ်နေတာကြောင့် သင်နဲ့တွေ့တိုင်း သူ့ရဲ့ မျက်နှာနဲ့ အမူအရာတွေက ဘယ်လိုမှ ရွှင်လန်းနေမှာ မဟုတ်ပါဘူး။
ဒါက သဘာဝပါ။လူ တစ် ယောက်က ကိုယ်မကြိုက်တဲ့ အရာ၊ကိုယ်သဘောမကျတဲ့ အရာကို မြင်နေ တွေ့နေရင်
မျက်နှာက ဘယ်လိုမှ ကြည်ကြည်လင်လင်ရှိနိုင်မှာ မဟုတ်ပါဘူး။ စိတ်ညစ်စရာပြဿနာရယ်လို့ သူ့မှာ ထွေထွေထူးထူးမရှိပဲ
သင်နဲ့ တွေ့တိုင်း အမြဲစိတ်ရှုပ်ပြ၊စိတ်တို၊ဒေါသထွက်ပြနေရင်လည်း ဒါသင့်ကို လမ်းခွဲချင်နေတယ် ဆိုတာကို အမူအယာနဲ့ ပြနေတာပါ။
(၆)သူ့မိသားစုအသိုင်းအဝိုင်းနဲ့သူငယ်ချင်းတွေကပါ သင့်အပေါ် ပြောင်းလဲ တာ
သူ့မိသားစုအသိုင်းအဝိုင်း၊သူနဲ့အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ ရဲ့ ဆက်ဆံ ပုံကို ကြည့်ရင်လည်း
ဒီလူကိုယ့်အပေါ် လမ်းခွဲချင်နေပြီလား ဆိုတာကို သိနိုင်ပါတယ်။သင့်အပေါ်မှာထားတဲ့ သူ့ရဲ့ စိတ်နဲ့ပတ်သက်ပြီး
သူနဲ့ အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ရင်မဖွင့်ပဲ မနေပါဘူး။သေချာပေါက် ရင်ဖွင့်မှာပါ။
ချစ်သူကောင်လေးရဲ့ မိသားစု အသိုင်းအဝိုင်းနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေက
သင့်အပေါ် ဆက်ဆံတဲ့ အမူအရာပြောင်းလဲလာပြီဆိုရင်တော့ သင့်ချစ်သူက သင်နဲ့ လမ်းခွဲချင်နေပြီဆိုတာကို ပြနေတာပါ။
(၇)ခြေလှမ်းတွေ ပျက်လာတာ
ဒီရက်ပိုင်းမှာ သူ့ရဲ့ အမူအယာတွေက ပုံမှန် မဟုတ်ပဲ ခြေရှုပ်လာနေတာမျိုးပါ။
တခြား ကောင်မလေးတွေနဲ့ ဘာဘာညာညာ အသံတွေ ထွက်လာတာမျိုး၊
တခြားကောင်မလေးတွေနဲ့ တွဲနေပြီဆိုတဲ့ သတင်းတွေ သင့်နားကို ရောက်လာ တာ
ဒီလိုမျိုး ခြေလှမ်းပျက်တဲ့ အမူအရာတွေ ပြနေပြီဆိုရင်လည်း ဒါဟာ တစ် ဖက်လှည့်နည်းနဲ့ သူသင့်ကို လမ်းခွဲချင်တယ်ဆိုတာကို ပြနေတာပါ။
Credit: nilarwai