အခ်စ္ေရး

ယောက်ျားတွေ တကယ်ချစ်မှသာ ပြုမူတတ်ကြတဲ့ လက္ခဏာများ

ယောက်ျားတွေဟာ သူတို့အမှန်တကယ် စိတ်ရင်းနှင့် နှစ်နှစ်ကာကာချစ်တဲ့ မိန်းကလေးကို ဘယ်တော့မှ မထားခဲ့သလို ကြင်နာနွေးထွေးမှု ၊ ဂရုစိုက်မှုဆိုတာ တောင်းစရာမလိုအောင်ကို အလိုလိုပေးပြီးသားပါ

နောက်ပြီး ဒီလိုယောက်ျားတွေဟာ သူတို့ရဲ့ relationship ကို ပိုပြီးရှည်ကြာခိုင်မြဲအောင် ကြိုးစားလုပ်ဆောင်တတ်ကြပါတယ်။

အကယ်၍များ အောက်ပါအချက်တွေကိုသာ သင်၏ချစ်သူအမျိုးသားက လုပ်ဆောင်တတ်တယ်ဆိုလျှင်တော့ ဂုဏ်ယူပါတယ်။ သင့်ကို အချစ်စစ်နဲ့ချစ်တဲ့ချစ်သူကို ပိုင်ဆိုင်ထားရပါပြီ

၁။မျှဝေတယ်

ယောက်ျားတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို အမှန်တကယ်ချစ်သွားပြီဆိုလျှင် ဘယ်အရာမဆိုကို ထိုမိန်းကလေးနှင့်အတူ မျှဝေခံစားပါတယ်။

အိမ်တွင်းရေး၊ လုပ်ငန်းခွင်၊ လူမှုရေး စတဲ့ကိစ္စရပ်များအပြင် တစ်ခါတစ်ရံ ဘာမဟုတ်တဲ့ကိစ္စလေးတွေကအစ မျှဝေသိစေပါတယ်။ အချို့ကိစ္စလေးတွေကလွဲလျှင် privacy ကို နေရာတိုင်းမှာ လက်ကိုင်မထားတတ်ကြသူတွေပေါ့

 

၂။ဘယ်နေရာသွားသွားလက်တွဲသွားတယ်

လက်တွဲခြင်းက ချစ်သူစုံတွဲတို့၏ သင်္ကေတစ်ခုဆိုသော်လည် ဘယ်နေရာကိုပဲသွားသွား မိန်းကလေး၏လက်ကို တွဲသွားတတ်တယ်ဆိုလျှင်လည်း ထိုယောက်ျား၏အချစ်ကို မြင်နိုင်ပါတယ်။

ကားမောင်းနေရင်းဖြင့်ပင် သင့်လက်ကို သတိတရ လာပြီးဆုပ်ကိုင်ထားတတ်တာကလည်း သူ့ရဲ့နှလုံးသားထဲမှာ သင်ရှိနေလို့ပါတဲ့။ တစ်ခါတစ်ရံမှာ ဘာမှမဟုတ်တဲ့အမူအရာဟု ထင်ရသော်လည်း ဒါဟာလည်း အချစ်ရဲ့ ပြယုဒ်တစ်ခုပါပဲ။

၃။အားလပ်ချိန်တွေကလည်းသင့်အတွက်ပဲ

အလုပ်တွေနှင့် စိတ်ဖိစီးမှုများနေတတ်တဲ့ ဒီနေ့ခေတ်ကြီးမှာ ကိုယ်ပိုင်အချိန်ဟာ လိုကိုလိုအပ်ပြီး ဒါဟာ ကောင်းမွန်တဲ့အချက်တစ်ခုပါပဲ။ ယောကျာ်းတစ်ဦးက မိန်းကလေးတစ်ဦးကို ချစ်သွားပြီးတဲ့နောက်မှာတော့ …

တစ်ယောက်တည်း အပန်းဖြေ၊အနားယူတဲ့အချိန်တွေဟာ မရှိတော့ပါဘူး။ သူ့ရဲ့ အားလပ်ချိန်မှာ အရင်ဆုံးသတိရမိတတ်ကြတာ သူ့ချစ်သူမိန်းကလေးဖြစ်သွားလို့ပါပဲ။

၄။အတူနေပြီးချိန်မှာတောင်ပူးကပ်ကပ်နေတတ်တယ်

ပွတ်သီးပွတ်သပ်နီးနီးကပ်ကပ်နေခြင်းဟာ အဓိပ္ပာယ်တွေများစွာ ရှိပါတယ်။ အကယ်၍ မိန်းကလေးတစ်ယောက်ကို တကယ်မချစ်ဘူးဆိုလျှင် ချစ်တင်းနှောပြီးချိန်မှာ ခပ်ခွာခွာနေဖို့ ကြိုးစားတတ်ကြပါတယ်။

ဒီလိုမဟုတ်ဘဲ ချစ်တင်းနှောပြီးသည့်တိုင် သင့်အနားမှာ နီးနီးကပ်ကပ်နှင့် ထွေးပွေ့ပေးတတ်တဲ့ ယောက်ျားမျိုးကတော့ သင့်အပေါ်ကို အချစ်စစ်နှင့် ချစ်နေသူတွေပါတဲ့။

၅။ဦးစားပေးတတ်တယ်

လူတိုင်းမှာ အတ္တကိုယ်စီတော့ ရှိကြပါတယ်။ တကယ်ချစ်တဲ့မိန်းကလေးအပေါ်ကိုတော့ ဘယ်လောက်အတ္တကြီးတဲ့ အမျိုးသားဖြစ်ဖြစ် ဦးစားပေးအလျှော့ပေးတတ်ကြပါတယ်။

ကိုယ့်အပေါ်ကို ဦးစားပေးမှု ရှိ၊မရှိဆိုတာကို မိန်းကလေးတွေအနေဖြင့် နှစ်ယောက်ည်းရှိနေချိန် ဂရုတစိုက် သတိထားကြည့်ပါ။

ကိုယ်နဲ့ယှဉ်လျှင် အမြဲအနစ်နာခံပေးတတ်တဲ့ ချစ်သူမျိုးပိုင်ဆိုင်ထားပြီဆိုလျှင်တော့ တန်ဖိုးထားပြီး ရိုးမြေကျ လက်တွဲသင့်ပါတယ်။

၆။သင့်အတွက်ဆိုဘာမဆိုရင်ဆိုင်ရဲတယ်

ဒါဟာ ရုပ်ရှင်၊ ဝတ္ထုတွေက စကားလုံးတွေမဟုတ်ပါဘူး။ တကယ်ချစ်တဲ့အမျိုးသားတိုင်း ထိုအမျိုးသမီးအတွက် ဘာမဆိုရင်ဆိုင်ရဲတဲ့ သတ္တိရှိပါတယ်။

အရေးကြုံလာရင် အားကိုးထိုက်တဲ့ ချစ်သူမျိုးပါ။ ရှောင်ပြေးပြီး၊ ကိုယ်လွတ်ရုန်းတတ်တဲ့သူမျိုးဆိုလျှင်တော့ စိတ်ဆင်းရဲရဖို့ များပါလိမ့်မယ်

၇။အမှန်ကိုသာပြုမူပြောဆိုတယ်

တကယ်ချစ်ကြတဲ့အမျိုးသားတွေဟာ သူတို့မိန်းကလေးအတွက် ဆိုးတဲ့စကားဖြစ်နေမယ်ဆိုလျှင်တောင် အမှန်အတိုင်းသာ ပြောဆိုတတ်ပါတယ်။ ငြင်းဆိုတတ်ပါတယ်။

သူ၏အချစ်ကို ယုံကြည်မှုရှိစေတဲ့အတွက် သင်နှင့်စကားများရန်ဖြစ်ရမှာကို ကြောက်မနေပါဘူး။ သင်ကြားချင်တဲ့စကားထက် သင်ကြားသင့်တဲ့ အမှန်စကားကိုသာ ဆိုပါလိမ့်မယ်။

သင့်အလိုကိုအမြဲလိုက် စိတ်မပါဘဲ ခေါင်းငြိမ့်လုပ်ဆောင်နေမယ့်သူမျိုးထက် သူတို့မလုပ်ချင်တဲ့အရာ ၊ မဖြစ်သင့်တဲ့ကိစ္စတွေမှာ ပြတ်ပြတ်သားသား ငြင်းဆိုတတ်တဲ့ ယောက်ျားမျိုးကို ပိုပြီး ရွေးချယ်သင့်ပါတယ်။

၈။သူ့မိန်းကလေးကအမြဲတမ်းလှတယ်

လူတစ်ယောက်ရဲ့အလှဆိုတာ ကြည့်တဲ့သူပေါ်မူတည်တယ်ဆိုတဲ့စကားကို ကြားဖူးပါလိ့မ်မယ်။ ယောကျာ်းတစ်ယောက်၏ အမှန်တကယ်ချစ်ခင်မြတ်နိုးမှုကို ရရှိထားတဲ့ မိန်းကလေးဟာ ….

ထိုယောက်ျားအတွက် အထူးတလည် အလှတွေပြင်နေစရာမလိုပါဘူး။ ဘယ်လိုပဲ အချိုးမပြေတဲ့ပုံစံပဲဖြစ်စေ သူ့မျက်လုံးထဲမှာ သင်ဟာ အမြဲတမ်းလှနေပါတယ်တဲ့။

ချစ်သူတိုင်း ပေါင်းဖက်ရပါစေ။ ပေါင်းဖက်ခွင့်ရသူတိုင်း ပျော်ရွှင်ကြပါစေ….Credit : CHAN (ရွှေအင်းလေး)