အလွပေရးရာ

မိတ်ကပ်လိမ်းစရာမလိုဘဲ သဘာဝအတိုင်းလေး လှနေစေဖို့ လိုက်နာရမယ့် အချက် (၁၀) ချက်

မိတ်ကပ်လိမ်းစရာမလိုဘဲ သဘာဝအတိုင်းလေး လှနေစေဖို့ လိုက်နာရမယ့် အချက် (၁၀) ချက်

မိန်းကလေးတွေအနေနဲ့ မိတ်ကပ်လိမ်းရတာက အချိန်ပေးရပြီး စိတ်ရှည်ရတဲ့ ကိစ္စတစ်ခုပါ။ မိတ်ကပ်လေးလိမ်းမှ ပိုထူးခြားသွားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာပါတယ်။ မိတ်ကပ်ဘယ်လိုလိမ်းရင် ပိုလှမလဲဆိုပြီး Tutorial Video တွေလိုက်ကြည့်ရတာလည်း မိန်းကလေးတွေပါပဲ … ။

မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း လှနိုင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ မိတ်ကပ်ကို နေ့တိုင်းလိမ်းတာက သင့်အသားအရေအတွက် ရေရှည်မှာမကောင်းပါဘူး။ ဒီတော့ မိတ်ကပ်မလိမ်းဘဲ လှမြဲတိုင်း လှနေစေမယ့် နည်းလမ်းတွေကို သိထားဖို့ လိုပါတယ်နော် … ။

(1) တစ်ကိုယ်ရေသန့်ရှင်းမှုရှိပါစေ

သန့်သန့်ရှင်းရှင်းနေတာက ကိုယ့်ရဲ့ စိတ်ကို လန်းဆန်းစေပါတယ်။ တစ်နေ့မှာတစ်ခါတော့ ပုံမှန်ရေချိုးပေးပါ။ သင်က မနက်စောစော တစ်ခါပဲ ရေချိုးတတ်တယ်ဆိုရင် ညဘက် အိပ်ခါနီး တစ်နာရီနှစ်နာရီအလိုမှာ ရေတစ်ခါထပ်ချိုးပေးသင့်ပါတယ် … ။

(2) အသားအရေကို အစိုဓာတ်ထိန်းပါ

စိုပြေပြီး တင်းရင်းတဲ့အသားအရေက မိတ်ကပ်မလိမ်းလည်း ပေါ်လွင်နေတတ်ပါတယ်။ ရေများများသောက်ပေးပါ။ အစိုဓာတ်ထိန်းခရင်ကိုလည်း ပုံမှန်လိမ်းပေးပါ … ။

(3) မျက်နှာပုံမှန်သစ်ပါ

မျက်နှာသစ်တာကို မနက်တစ်ခါ ညတစ်ခါ ပြုလုပ်ပေးပါ။ မျက်နှာသစ်တာက အသားအရေပေါ်က ဖုန်တွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ … ။

(4) ကိုယ်နဲ့လိုက်တဲ့ ဆံပင်ပုံစံညှပ်ပါ

ဆံပင်ထိန်းသိမ်းတဲ့အချိန် စိတ်ချရပြီး အရည်အသွေးမှီတဲ့ ဆိုင်တွေကိုပဲ ရွေးချယ်သင့်ပါတယ်။ မိတ်ကပ်မလိမ်းချင်သူတစ်ယောက်အတွက် ဆံပင်ပုံစံက အရေးပါပါတယ်။ နူးညံ့ပျော့ပြောင်းတဲ့ ဆံကေသာနဲ့ ပုံကျတဲ့ ဆံပင်ကေက မိတ်ကပ်မလိမ်းထားလည်း လှစေပါတယ် … ။

(5) ကိုယ်နဲ့လိုက်ဖက်တဲ့အဝတ်အစားကို ရွေးဝတ်ပါ

မျက်နှာက မိတ်ကပ်နည်းတာကြောင့် အဝတ်အစားကို ဂရုစိုက်သင့်ပါတယ်။ ဒါမှ တစ်နေရာမထူးခြားလည်း အဝတ်အစားက သင့်အလှကို ပံ့ပိုးနေမှာပါ။ ကိုယ့် ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်တဲ့ အဝတ်အစားတွေကို ရွေးချယ်ပါ … ။

(6) အရောင်နုနုလေးတွေကို ဝတ်ပါ

အရောင်လွင်တာလေးတွေဝတ်ပေးပါ။ အရောင်ရင့်တွေက သင့်မျက်နှာကို ပိုရင့်သလိုဖြစ်စေပါတယ်။ သဘာဝဆန်ဆန်လေးလှနေဖို့ အရောင်ဖျော့တဲ့အဝတ်အစားတွေကို ရွေးဝတ်ပါ … ။

(7) ကိုယ်နဲ့ လိုက်တဲ့အရောင်ကို ရွေးပါ

သင့်အသားအရေကို ပိုလင်းသွားစေမယ့် အဝတ်အစားအရောင်တွေကို ရွေးပေးပါ … ။

(8) အနည်းဆုံး လိုက်ဖက်တဲ့ ဖိနပ်တစ်စုံ ပိုင်ဆိုင်ထားပါစေ

သင်က မိတ်ကပ်မလိမ်းတာကြောင့် တခြားနေရာတွေကို ထင်ရှားအောင် လုပ်ရပါမယ်။ ဒါကြောင့် သင်နဲ့လိုက်ဖက်တဲ့ ဖိနပ်တစ်စုံရှိထားသင့်ပါတယ် …. ။

(9) များများပြုံးပါ

ဖြူစင်တဲ့ အပြုံးတစ်ပွင့်က ဘယ်အရာနဲ့မှ မယှဉ်နိုင်အောင် လှပပါတယ်။ မိတ်ကပ်မလိမ်းထားလည်း အလှပဆုံးပြုံးပေးပါ …. ။

(10) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါစေ

အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာပါ။ ကိုယ်လုပ်သင့်တာကို လုပ်ပါ။ တခြားသူတွေကို သိပ်ဂရုစိုက်မနေပါနဲ့နော် … ။

May Thu Soe